သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ပါလက်စတိုင်းသမ္မတတွေ့

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ပါလက်စတိုင်းသမ္မတ Mahmoud Abbas တို့တွေ့ဆုံ (ဇန်နဝါရီ ၁၀၊ ၂၀၂၄)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ပါလက်စတိုင်းသမ္မတ Mahmoud Abbas တို့တွေ့ဆုံ (ဇန်နဝါရီ ၁၀၊ ၂၀၂၄)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ပါလက်စတိုင်းသမ္မတ Mahmoud Abbas နဲ့ ဒီနေ့ပဲ တွေ့ဆုံခဲ့ပြီး အစ္စရေး-ပါလက်စတိုင်းကြားမှာဖြစ်နေတဲ့ ကာလရှည်ကြာ ပဋိပက္ခကို ဖြေရှင်းနိုင်ဖို့အရေး ဆွေးနွေးခဲ့ကြပါတယ်။ ဒီနေ့ဆွေးနွေးကြမယ့် အစီအစဉ်ထဲမှာ ပါလက်စတိုင်းအာဏာပိုင်တွေရဲ့ အုပ်ချုပ်ရေး လုပ်ငန်းစဉ် မြှင့်တင်ရေးလည်း ပါဝင်ပါတယ်။ အမေရိကန်ဘက်ကတော့ စစ်ပြီးခေတ် ပါလက်စတိုင်း ဦးဆောင်တဲ့ အုပ်ချုပ်ရေးအောက်မှာ ဟာမတ်စ်တွေလွှမ်းမိုးမှုမရှိတဲ့ ဂါဇာကမ်းမြှောင်ဒေသပါဝင်လာဖို့ မျှော်လင့်နေပါတယ်။

ဒီအခြေအနေကို တချို့သုံးသပ်သူတွေက သံသယရှိနေကြပြီး ပါလက်စတိုင်းအာဏာပိုင်တွေက ဂါဇာကို ပြန်လည်ထိန်းချုပ်ဖို့ ဆိုတာဟာ မဖြစ်နိုင်ကြောင်းနဲ့ အနောက်ဘက်ကမ်းခြေမှာတောင် ထိန်းချုပ်ဖို့ ခက်ခက်ခဲခဲ ရင်ဆိုင်နေရတယ်လို့ အရှေ့အလယ်ပိုင်း အင်စတီကျု အကြီးတန်းအရာရှိတဦးဖြစ်တဲ့ Khaled Elgindy (ခါလတ် အန်လ်ဂျိုင်နီ) က VOA ကို ပြောပါတယ်။ ဝန်ကြီး Blinken ကတော့ ကာလရှည်ကြာ ဖြစ်ပွားနေတဲ့ ဒီ ပဋိပက္ခကို ဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းတခုအနေနဲ့ ပါလက်စတိုင်းနိုင်ငံထူထောင်ရေး လမ်းကြောင်းကို ရှာဖွေခြင်းဖြင့် အာရပ်အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး အဆင်ပြေလာစေဖို့အတွက် အလေးပေးပြောခဲ့ပါတယ်။

အိုးမဲ့အိမ်မဲ့ ပါလက်စတိုင်းတွေကို အခြေအနေတွေ တတ်နိုင်သမျှ အမြန်ဆုံး အိမ်ပြန်နိုင်ရမယ်လို့ Blinken က အင်္ဂါနေ့မှာ ပြောကြားခဲ့ပြီး၊ စစ်ပွဲဒဏ်ခံခဲ့ရတဲ့ ဂါဇာမြောက်ပိုင်းက အခြေအနေတွေကို အကဲဖြတ်နိုင်ဖို့အတွက် ကုလသမဂ္ဂရဲ့ မစ်ရှင်ကို အစ္စရေးဘက်က ခွင့်ပြုဖို့ သဘောတူခဲ့ပါတယ်။

This item is part of
XS
SM
MD
LG