သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စူးအက်တူးမြောင်း ပြန်ပွင့်သွားပြီ


(Zawgyi/Unicode)

(၆)ရက် အကြာ စူးအက်တူးမြောင်းထဲ ပိတ်မိနေခဲ့တဲ့ ကြီးမားတဲ့ ကုန်သင်္ဘောကြီး Ever Given ကို ၈၀ ရာခိုင်နှုန်း လမ်းကြောင်းပြန်တည့်ပေးလိုက်ပြီလို့တူးမြောင်း အရာရှိတွေက တနင်္လာနေ့မှာ ပြောပါတယ်။

တနင်္လာနေ့နှောင်းပိုင်း ဒီရေတက်လာတာနဲ့ လမ်းကြောင်းမှန်အတိုင်း ဆွဲသင်္ဘောတွေနဲ့ဆွဲမယ့် လုပ်ငန်းစဉ်တွေကိုလည်း ပြည့်ပြည့်၀၀ ပြန်လည်စတင်သွားမှာဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

မတ်လ ၂၃ ရက်နေ့က လေပြင်းမိပြီး မီတာ ၄၀၀ ရှည်လျားတဲ့ သင်္ဘောကြီးဟာ တူးမြောင်းရဲ့ တောင်ဘက်အပိုင်းမှာ ကန့်လန့်ပိတ်မိနေခဲ့တာမို့ဥရောပနဲ့အာရှအကြား အတိုဆုံး ရေကြောင်းလမ်းကို ပိတ်ဆို့စေခဲ့တာပါ။

ပုံမှန်အတိုင်း ကိစ္စရပ်တွေကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ပြီလို့အီဂျစ်သမ္မတ Abdel Fattah al-Sisi က ပြောဆိုပြီး အီဂျစ်ဘက်အခြမ်းကတော့ သူ့ဘက်က ကုန်သွယ်ရေးလမ်းကြောင်းတွေကောင်းသွားပြီဖြစ်ကြောင်း ကမ္ဘာကြီးကို အသေအချာပြောပြချင်တယ်လို့ဆိုပါတယ်။

ပင်လယ်နီနဲ့မြေထဲပင်လယ်ကို ဆက်သွယ်ထားတဲ့ အဓိက ရေလမ်းကြောင်းကို တပတ်နီးပါး ပိတ်ဆို့ သွားခဲ့ရပြီးနောက် အခုလို ပုံမှန်ပြန်ဖြစ်သွားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့အထိ သင်္ဘောအစီးရေ ၃၆၀ ကျော်ဟာလည်း တူးမြောင်းထဲ ဝင်ရောက်ဖို့ စောင့်ဆိုင်းနေခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)







XS
SM
MD
LG