သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးကို ဘီလီယံ ၂၀ ဖိုး စစ်လက်နက်ရောင်းဖို့ အမေရိကန်အတည်ပြု

အစ္စရေးပိုင် F-15 တိုက်လေယာဉ်တစီးကိုတွေ့ရစဉ် (ဧပြီ ၁၄၊ ၂၀၂၄)
အစ္စရေးပိုင် F-15 တိုက်လေယာဉ်တစီးကိုတွေ့ရစဉ် (ဧပြီ ၁၄၊ ၂၀၂၄)

ဂျက်တိုက်လေယာဉ်တွေနဲ့ အဆင့်မြင့် ဝေဟင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေအပါအဝင် ဒေါ်လာ ဘီလီယံ ၂၀ တန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ အစ္စရေးကို ရောင်းချဖို့ အတည်ပြုလိုက်ပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက မနေ့ ဩဂုတ်လ ၁၃ ရက်နေ့မှာ ပြောပါတယ်။

F-15 တိုက်လေယာဉ် ၅၀ ကျော်၊ AMRAAM လို့ခေါ်တဲ့ အဆင့်မြင့်နည်းပညာသုံး ဝေဟင်ကနေ ဝေဟင်ကိုပစ်နိုင်တဲ့ တာလတ်ပစ် ဒုံးကျည်တွေ ၊ ၁၂၀ မီလီမီတာ တင့်ကားကျည်တွေ၊ ပေါက်ကွဲမှုအားကောင်းတဲ့ မော်တာတွေနဲ့ ရှေ့တန်း စစ်မျက်နှာပြင်မှာ အသုံးပြုတဲ့ ကျည်ကာကားတွေ ပါဝင်တဲ့ စစ်လက်နက်ပစ္စည်းတွေ အစ္စရေးကို ရောင်းချမယ့် အစီအစဉ်ကို လွှတ်တော်ကို အသိပေးထားပြီး၊ ဒါဟာ အစ္စရေးအနေနဲ့ ပိုမိုကျယ်ပြန့်တဲ့ အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲ ဆင်ရမယ့်အခြေအနေ ရောက်ရှိနေချိန်မှာ ရောင်းချတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အခုရောင်းချမယ့် စစ်လက်နက်ပစ္စည်းတွေဟာ အစ္စရေးကို ချက်ခြင်းရောက်လာမှာမဟုတ်ဘဲ ကန်ထရိုက်သဘောတူညီချက်ကို နှစ်နဲ့ချီ ဖြည့်ဆည်းပေးရမှာပါ။ အခုရောင်းချမယ့် လက်နက်ပစ္စည်းတွေဟာ အနာဂတ်မှာ အစ္စရေးစစ်တပ်ရဲ့ စွမ်းအားကို ရေရှည် မြှင့်တင်ပေးမယ့် လက်နက်တွေဖြစ်ပြီး အစောဆုံးအနေနဲ့ ၂၀၂၆ ခုနှစ်လောက်မှ အစ္စရေးကို စတင် တင်ပို့နိုင်မယ်လို့လည်း ခန့်မှန်းထားပါတယ်။

ဂါဇာစစ်ပွဲအတွင်း အရပ်သားသေဆုံးမှု များနေတဲ့ကိစ္စနဲ့ပတ်သက်လို့ အစ္စရေးကို စစ်ရေးအရ ကူညီပေးနေမှုတွေ လျော့ချဖို့ အမေရိကန်လွှတ်တော်အမတ်တွေရော၊ ပြည်သူအတော်များများကပါ တောင်းဆိုမှုတွေ ရှိနေတာကြောင့် သမ္မတ Joe Biden အစိုးရအနေနဲ့ အစ္စရေးကို လက်နက် တင်ပို့ ရောင်းချဖို့ ချိန်ဆ လုပ်ဆောင်နေရပါတယ်။

အစ္စရေးကို ဘီလီယံ ၂၀ ဖိုး စစ်လက်နက်ရောင်းဖို့ အမေရိကန်အတည်ပြု
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG