သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးဓါးစာခံတဦး သတ်ဖြတ်ခံရဟု ဟာမတ်စ်ထုတ်ပြန်


ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က တိုက်ခိုက်ခံရပြီးနောက် ပါလက်စတိုင်းစစ်သွေးကြွတွေဖမ်းဆီးခံထားရတဲ့ အစ္စရေးဓားစာခံတွေရဲ့ ဓာတ်ပုံများ။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က တိုက်ခိုက်ခံရပြီးနောက် ပါလက်စတိုင်းစစ်သွေးကြွတွေဖမ်းဆီးခံထားရတဲ့ အစ္စရေးဓားစာခံတွေရဲ့ ဓာတ်ပုံများ။

ဓားစာခံအစ္စရေးတယောက်ကို ဟာမတ်စ်အစောင့်တယောက်ကသတ်ပစ်လိုက်ပြီး ဓားစာခံနှစ်ယောက်လည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဟာမတ်စ်က ပြောပါတယ်။ ပါလက်စတိုင်းတွေကို အစ္စရေးက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် ဓားစာခံကို အစောင့်ကသတ်လိုက်တာဖြစ်တယ်လို့ ဟာမတ်စ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Abu Obaida က ပြစ်တင်ပြောဆိုလိုက်ပါတယ်။

ဓားစာခံအစ္စရေးအမျိုးသမီး ၂ ယောက်လည်း သီးခြားဖြစ်ရပ်မှာ ဒဏ်ရာရရှိသွားခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒီအပတ်ထဲ မကြာခင်မှာပဲ အီရန်ကတိုက်ခိုက်လာမှာကို အစ္စရေးနဲ့ သူ့မဟာမိတ်တွေပြင်ဆင်ထားကြဖို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ John Kirby က တနင်္လာနေ့က သတိပေးလိုက် ပြီးတဲ့နောက် ခုဖြစ်ရပ်က ဖြစ်လာခဲ့တာပါ။

အဝေးထိန်းဒုံးကျည်ပစ်နိုင်တဲ့ ရေငုပ်သင်္ဘော USS Georgia ကို လေယာဥ်တင်သင်္ဘော USS Abraham Lincoln နဲ့အုပ်စုကစောင့်ရှောက်ပေးပြီး အရှေ့အလယ်ပိုင်းမှာချထားဖို့ အမေရိကန်ကာကွယ်‌ရေးဝန်ကြီး Lloyd Austin က တနင်္ဂနွေနေ့မှာ အမိန့်ပေးလိုက်ပါတယ်။ ဒါက အီရန်ကို သတင်းစကား ပါးလိုက်တာ ဖြစ်တယ်လို့ ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် Pat Ryder က ပြောပါတယ်။ အီရန်စစ်တပ်နဲ့ လက်နက်တွေကို တိုက်ခိုက်ရေး အနေအထားယူဖို့ ရွှေ့ပြောင်းချထားခဲ့ကြတယ်လို့ ကာကွယ်ရေးတာဝန်ရှိသူတွေက အမည်အဖော်မခံဘဲ ဗွီအိုအေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG