သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမြောက်ပိုင်းမှာ အစ္စရေး စစ်ဆင်ရေးတွေ တိုးချဲ့

ဂါဇာဒေသမြောက်ပိုင်းမှာ အစ္စရေးတပ်ဖွဲ့တွေ စစ်ဆင်ရေး တိုးချဲ့လာနေပြီး ဂါဇာမြို့မြောက်ဖက်အစပ်ကို ရောက်လာတဲ့ တင့်ကားတွေနဲ့ Sheikh Radwan အရပ်က နေရာတချို့ကို ပစ်ခတ်နေတာကြောင့် မိသားစုတွေ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မြို့နောက်ဖျားက Beit Hanoun, Jabalia, နဲ့ Beit Lahiya အရပ်တွေကို အစ္စရေးတပ်ဖွဲ့တွေ ပိတ်ဆို့ထားပြီး ဘေးလွတ်ရာ တိမ်းရှောင်လိုတဲ့ မိသားစုတွေကိုလည်း ခွင့်ပြုချက်နဲ့သာ ထွက်ခွင့်ပေးတယ်လို့လည်း ပြောပါတယ်။ ဂါဇာမြောက်ပိုင်းကို အစ္စရေးက အကြီးအကျယ် ထိုးစစ်ဆင်ခဲ့တာ ၉ ရက် ရှိလာချိန်မှာပဲ ဟားမတ်စ်တွေ ထိန်းချုပ်ထားတဲ့ ဂါဇာအစိုးရရဲ့ ပြန်ကြားရေးဌာနကတော့ စစ်ဆင်ရေးကြောင့် ပါလက်စတိုင်း ၃၀၀ လောက် သေဆုံးကြောင်း သတင်းထုတ်ပြန်ထားတာပါ။

လူနေအိမ်တွေနဲ့ ဒုက္ခသည်တွေ ခိုလှုံရာ နေရာတွေကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်နေတာဟာ ဂါဇာဒေသကနေ ဒေသခံတွေ အပြီးတိုင်ထွက်ခွာသွားအောင် လုပ်နေတာလို့လည်း ပြောဆိုထားပေမဲ့ အစ္စရေးကတော့ စွပ်စွဲချက်ကို ငြင်းဆန်ထားပါတယ်။ ဂါဇာမြောက်ပိုင်းမှာ တိုက်ခိုက်ခံရမှုတွေကြောင့် လူပေါင်းဒါဇင်နဲ့ချီ သေဆုံးကြောင်း ဂါဇာဒေသ ကျန်းမာရေးဌာနကလည်း အတည်ပြုထားတာပါ။

ဆေးဖက်ဆိုင်ရာ ဝန်ထမ်းတွေ လက်လှမ်းမမှီတဲ့ နေရာတွေက လမ်းတွေ၊ နေအိမ်အပျက်အစီးတွေကြား သေဆုံးသူ နောက်ထပ် ဒါဇင်နဲ့ချီ ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

This item is part of

Forum

XS
SM
MD
LG