သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးတိုက်ခိုက်မှု ကုလစာသင်ကျောင်းထိမှန် ၃၄ ဦးသေဆုံး


အစ္စရေးလေကြောင်းတိုက်ခိုက်မှုခံရတဲ့ Nuseirat ဒုက္ခသည်စခန်းထဲက အိုးအိမ်မဲ့ပါလက်စတိုင်းတွေခိုလှုံနေထိုင်ရာ ကျောင်းရဲ့ပျက်စီးမှုကို လာကြည့်နေကြတဲ့ ပါလက်စတိုင်းများ။ (စက်တင်ဘာ ၁၁၊ ၂၀၂၄)
အစ္စရေးလေကြောင်းတိုက်ခိုက်မှုခံရတဲ့ Nuseirat ဒုက္ခသည်စခန်းထဲက အိုးအိမ်မဲ့ပါလက်စတိုင်းတွေခိုလှုံနေထိုင်ရာ ကျောင်းရဲ့ပျက်စီးမှုကို လာကြည့်နေကြတဲ့ ပါလက်စတိုင်းများ။ (စက်တင်ဘာ ၁၁၊ ၂၀၂၄)

အစ္စရေးလ်က အင်္ဂါနေ့ညပိုင်းနဲ့ ဗုဒ္ဓဟူးနေ့အထိ ဂါဇာကို လေကြောင်းကတိုက်ခိုက်တာမှာ အိုးအိမ်စွန့်ခွာ ပါလက်စတိုင်းမိသားစုတွေ ခိုလှုံရာ ကုလသမဂ္ဂစာသင်ကျောင်းတခုနဲ့ အိမ်နှစ်လုံးကို ထိမှန်ခဲ့ပြီး အနည်းဆုံး ၃၄ ဦး သေဆုံးခဲ့ရတဲ့အထဲ အမျိုးသမီးနဲ့ကလေးငယ် ၁၉ ဦး ပါဝင်ကြောင်း အာဏာပိုင်တို့က ပြောထားပါတယ်။

ဂါဇာ အလယ်ပိုင်း Nuseirat ဒုက္ခသည်စခန်းတွင်းမှာ ကုလသမဂ္ဂဖွင့်လှစ်ထားတဲ့ Al-Jaouni ယောက်ကျေားလေး အထက်တန်းကျောင်းကို ဗုဒ္ဓဟူးနေ့ကတိုက်ခိုက်ခံရတာမှာ ၁၄ ဦး သေဆုံးပြီး အနည်းဆုံး ၁၈ ဦး ဒဏ်ရာရခဲ့ပါတယ်။ ကျောင်းအတွင်းကနေ တိုက်ခိုက်ဖို့ပြင်ဆင်နေတဲ့ ဟာမတ်စ် စစ်သွေးကြွတွေကို ရည်ရွယ်ပစ်ခတ်တာလို့ အစ္စရေးလ်စစ်တပ်က ပြောပါတယ်။ ဗုဒ္ဓဟူးနေ့အစောပိုင်း တိုက်ခိုက်မှုတခု အတွင်းမှာတော့ ဂါဇာစီးတီးတောင်ပိုင်း Khan Younis အနီးက အိမ်တလုံးကိုထိမှန်ခဲ့ပြီး လူ ၁၁ ဦး သေဆုံးခဲ့တဲ့ထဲမှာ မောင်နှမ ၆ ဦးလည်း ပါဝင်ပါတယ်။

အင်္ဂါနေ့ နှောင်းပိုင်းတိုက်ခိုက်မှုမှာတော့ ဂါဇာမြောက်ပိုင်း Jabaliya ဒုက္ခသည်စခန်းက အိမ်တလုံးကိုထိမှန်ခဲ့ပြီး လူ ၉ ဦး သေဆုံးခဲ့ရတဲ့ အထဲမှာ အမျိုးသမီးနဲ့ကလေးငယ် ၆ ဦး ပါဝင်ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနနဲ့ ပြည်သူ့ကာကွယ်ရေးဌာနက ပြောပါတယ်။

တချိန်တည်းမှာပဲ ဂါဇာကမ်းမြာင်တောင်ပိုင်းမှာ အစ္စရေးလ်ရဟတ်ယာဉ်တစင်းပျက်ကျတာကြောင့် အစ္စရေးလ်စစ်သား ၂ ဦးသေပြီး ၇ ဦး ဒဏ်ရာရရှိကြောင်း ဗုဒ္ဓဟူးနေ့မှာ အစ္စရေးလ်စစ်တပ်က ပြောပါတယ်။ ကနဦးစစ်ဆေးမှုအရတော့ ရန်သူ့လက်ချက်ကြောင့် ပျက်ကျတာ မဟုတ်ကြောင်း ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG