သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာက လူသားချင်းစာနာရေးဇုံကို အစ္စရေးလေကြောင်းတိုက်ခိုက်မှု ကုလဝေဖန်ရှုတ်ချ


အစ္စရေးလေကြောင်းတိုက်ခိုက်မှုအပြီး Khan Younis ဒုက္ခသည်စခန်းတွင်းမြင်ကွင်း။ (စက်တင်ဘာ ၁၀၊ ၂၀၂၄)
အစ္စရေးလေကြောင်းတိုက်ခိုက်မှုအပြီး Khan Younis ဒုက္ခသည်စခန်းတွင်းမြင်ကွင်း။ (စက်တင်ဘာ ၁၀၊ ၂၀၂၄)

Khan Younis မြို့အနောက်ဘက် အစ္စရေးကပဲ လူသားချင်း စာနာထောက်ထားရေးဇုံအဖြစ် သတ်မှတ်တဲ့ Mawasi အရပ်ကိုအစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

ဒီလိုတိုက်တာကြောင့် လူ အနည်းဆုံး ၁၉ ယောက်သေပြီး ၆၀ ဒဏ်ရာ ရခဲ့တယ်လို့ ဂါဇာ ကျန်းမာရေးဌာနက ပြောပါတယ်။ လူနေထူထပ်လှတဲ့ နေရာတွေကို လက်နက်ကြီးတွေ အသုံးပြု တိုက်ခိုက်တာဟာ အသိစိတ်ကင်းမဲ့တာဖြစ်တယ်လို့အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က သတင်းထောက်တွေ ကို ပြောပါတယ်။

“အစ္စရေးအာဏာပိုင်တွေက ထပ်ခါတလဲ ညွှန်ကြားတဲ့အတိုင်း ပါလက်စတိုင်းတွေဟာ လုံခြုံစိတ်ချ ခိုလှုံနိုင်ကြဖို့ ခန်ယူနိစ်ကို ရွှေ့ခဲ့ကြတာပါ။ အတွင်းရေးမှူးချုပ် ထပ်ခါတလဲ ပြောသလိုပါပဲ၊ ဂါဇာမှာ လုံခြုစိတ်ချရတဲ့နေရာ မရှိပါဘူး။” လို့Dujarric က ပြောပါတယ်။ ဂါဇာတလွှားမှာ ပိုလီယို ကာကွယ်ဆေးထိုးပေးရာမှာ ထောက်ကူနေကြတဲ့ ကုလသမဂ္ဂ ဝန်ထမ်းတဒါဇင်လောက်ကို စစ်ဆေးရေးဂိတ်တခုမှာ အစ္စရေး စစ်တပ်က ၇ နာရီကျော်ကြာ ထိန်းသိမ်းထားခဲ့ပြီး ပါလက်စတိုင်းဝန်ထမ်း ၂ ယောက်ကို စစ်ဆေးမေးမြန်းခဲ့တယ်လို့လည်း သူက ပြောပါတယ်။

“အစ္စရေးစစ်တပ်ရဲ့ လုပ်ကိုင်ပုံတွေကြောင့် ကုလဝန်ထမ်းတွေ အသက်အန္တရာယ် ကြုံနေရပါတယ်လို့လည်း သူက ဆိုပါတယ်။ ကုလဝန်ထမ်းတချို့ဟာ ဟာမတ်စ်နဲ့ အလုပ်လုပ်နေတယ်လို့ အစ္စရေးကတော့ အရင်က စွပ်စွဲဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG