သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟတ်ဇ်ဘူလာ ထိပ်တန်းခေါင်းဆောင် တဦးကို သုတ်သင်လိုက်ကြောင်း အစ္စရေးကြေညာ


လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့မှာအစ္စရေးကတိုက်ခိုက်ခဲ့တဲ့ အဆောက်အဦကိုတွေ့ရစဉ် (ဇူလိုင် ၃၀၊ ၂၀၂၄)
လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့မှာအစ္စရေးကတိုက်ခိုက်ခဲ့တဲ့ အဆောက်အဦကိုတွေ့ရစဉ် (ဇူလိုင် ၃၀၊ ၂၀၂၄)

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့မှာ အစ္စရေးတို့က တိုက်ခိုက် သတ်ဖြတ်လိုက်တယ်ဆိုတဲ့ သူတို့ရဲ့ ထိပ်တန်း ခေါင်းဆောင်တဦးရဲ့ ရုပ်အလောင်းကို ရှာဖွေနေကြောင်း Hezbollah အဖွဲ့က ဒီကနေ့ ဇူလိုင် ၃၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

အစ္စရေးတပ်ဖွဲ့က မနေ့ အင်္ဂါနေ့မှာ ပစ်ခတ်တိုက်ခိုက်လိုက်တယ်ဆိုတဲ့ အဆောက်အဦထဲမှာ အဲဒီခေါင်းဆောင် Fouad Shukur ရှိနေခဲ့တယ်လို့ Hezbollah အဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ Golan ကုန်းမြင့်ဒေသက ဘောလုံးကွင်းအတွင်း ကစားနေကြတဲ့ ကလေးငယ် ၁၂ ဦး သေဆုံးခဲ့ရတဲ့ ပြီးခဲ့တဲ့ စနေနေ့က တိုက်ခိုက်မှုအတွက် Shukur မှာ တာဝန်ရှိတယ်လို့ အစ္စရေးက ပြောပါတယ်။ လက်ဘနွန်မှာ Shukur ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့အကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant က တိုက်ခိုက်မှုပြုလုပ်အပြီးမှာ တရားဝင် ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Shukur ဟာ Hezbollah အဖွဲ့ခေါင်းဆောင် Hassan Nasrallah ရဲ့ စစ်ဘက်ဆိုင်ရာ အကြံပေးဖြစ်ပြီး အမေရိကန်က အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေမှာ ပါဝင် လှုပ်ရှားနေသူဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုက သူ့ကို ၂၀၁၅ ခုနှစ်မှာ ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ခဲ့ပြီး ဘေရွတ်မြို့က အမေရိကန် မရိန်းတပ်ဖွဲ့ဘားတိုက်ကို ၁၉၈၈ ခုနှစ်က ဗုံးခွဲ တိုက်ခိုက်မှုမှာ ပါဝင် ပတ်သက်မှုနဲ့ အမေရိကန်အစိုးရက အလိုရှိနေသူတဦးလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG