သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟက်ဇ်ဘိုလာတပ်မှူးကိုပစ်မှတ်ထား အစ္စရေးတိုက်ခိုက်


လက်ဘနွန်တောင်ပိုင်းမှာရှိတဲ့ Galilee ဒေသရဲ့မြောက်ပိုင်းကို အစ္စရေးတို့က ဂိုလန်ကုန်းမြင့်တိုက်ခိုက်ခံရမှုမှာ တာဝန်ရှိသူ ဟက်ဇ်ဘိုလာတပ်မှူးရှိရာကို ပစ်မှတ်ထားတယ်ဆိုတဲ့ တိုက်ခိုက်မှုကနေ ထွက်ပေါ်လာတဲ့ မီးခိုးများ။ (ဇူလိုင် ၃၀၊ ၂၀၂၄)
လက်ဘနွန်တောင်ပိုင်းမှာရှိတဲ့ Galilee ဒေသရဲ့မြောက်ပိုင်းကို အစ္စရေးတို့က ဂိုလန်ကုန်းမြင့်တိုက်ခိုက်ခံရမှုမှာ တာဝန်ရှိသူ ဟက်ဇ်ဘိုလာတပ်မှူးရှိရာကို ပစ်မှတ်ထားတယ်ဆိုတဲ့ တိုက်ခိုက်မှုကနေ ထွက်ပေါ်လာတဲ့ မီးခိုးများ။ (ဇူလိုင် ၃၀၊ ၂၀၂၄)

ဘောလုံးကွင်းမှာကစားနေကြတဲ့ ဆယ်ကျော်သက်နဲ့ကလေး ၁၂ ယောက် ဂိုလန်ကုန်းမြင့်မှာ သေဆုံးအောင် တိုက်ခိုက်မှုအတွက် တာဝန်ရှိတဲ့ ဟက်ဇ်ဘိုလာတပ်မှူးကိုပစ်မှတ်ထားပြီး ဘေရွတ်ကိုတိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က အင်္ဂါနေ့ ညနေပိုင်းမှာ ပြောပါတယ်။

အီရန်က ထောက်ပံ့ထားပြီး ဟက်ဇ်ဘိုလာစစ်သွေးကြွတွေအားကောင်းတဲ့ ဘေရွတ်မြို့တောင်ပိုင်းမှာ ပေါက်ကွဲသံကြားရပြီး မီးခိုးလုံးတွေတက်လာတာကို တွေ့ကြရပါတယ်။ အဆောက်အဦ အတော်များများ ပျက်စီးသွားတယ်လို့ ဟက်ဇ်ဘိုလာအရာရှိတွေကပြောကြပြီး လူ ၂ ဦးသေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဟက်ဇ်ဘိုလာတပ်မှူးဟာ Fuad Shukr ဖြစ်တယ်လို့ အရှေ့အလယ်ပိုင်း မီဒီယာတွေကပြောကြပြီး သူ့ကံကြမ္မာကိုတော့ မသိရသေးပါဘူး။ ဆော်ဒီသတင်း Al-Hadath ကတော့ Shukr အသက်ရှင်ကျန်ခဲ့တယ်လို့ ဆိုပေမဲ့ အဲဒီအဆောက်အဦထဲမှာ ဟက်ဇ်ဘိုလာတပ်မှူးရှိနေခဲ့ရင် သူ မရှိနိုင်တော့ဘူးလို့ အစ္စရေးသတင်း ynet က ဆိုပါတယ်။

Shukr ဟာ ဟက်ဇ်ဘိုလာခေါင်းဆောင် Hassan Nasrallah ရဲ့ စစ်ရေးအကြံပေးလည်း ဖြစ်ပါတယ်။ သူဟာ ဟက်ဇ်ဘိုလာ စစ်ဆင်ရေးဌာန ခေါင်းဆောင်လည်းဖြစ်ပါတယ်။ ဂိုလန်ကုန်းမြင့်ဒေသက Druze ကျေးရွာကို စနေနေ့က တိုက်ခိုက်မှုအတွက် ဟာ့ဇ်ဘိုလာအဖွဲ့ကို အမေရိကန်နဲ့အစ္စရေးတို့က အပြစ်ဖို့ကြပေမဲ့ ဟာ့ဇ်ဘိုလာကတော့ ငြင်းပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG