သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး တိုက်ခိုက်မှုကြောင့် ဟားမတ်စ် နိုင်ငံရေးခေါင်းဆောင်သေဆုံး


ဟာမတ်စ်အဖွဲ့ရဲ့ နိုင်ငံရေးခေါင်းဆောင် Haniyeh
ဟာမတ်စ်အဖွဲ့ရဲ့ နိုင်ငံရေးခေါင်းဆောင် Haniyeh

အီရန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ တီဟီရန်မြို့တော်ကို ရောက်နေတဲ့ ဟားမတ်စ်အဖွဲ့ ခေါင်းဆောင် Ismail Haniyeh ဟာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း ဟားမတ်စ်အဖွဲ့က ဒီနေ့ပဲ ပြောလိုက်ပါတယ်။ Haniyeh က အီရန်နိုင်ငံက အိမ်တအိမ်မှာ သေဆုံးခဲ့တာလို့လည်း ဟားမတ်စ်အဖွဲ့ရဲ့ Telegram မှာ ဖော်ပြထားပါတယ်။

မနက်အစောပိုင်း တိုက်ခိုက်ခံရမှုအတွင်း Haniyeh နဲ့အတူ သူ့ရဲ့ကိုယ်ရံတော် အီရန်တော်လှန်ရေးပြည်စောင့်တပ်ဖွဲ့ဝင် တဦးလည်း သေဆုံးသွားခဲ့ကြောင်းနဲ့ ဒီဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးနေကြောင်း အီရန်တော်လှန်ရေး ပြည်စောင့်တပ်ဖွဲ့က ပြောပါတယ်။

အစ္စရေးကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး လတ်တလော မှတ်ချက်တစုံတရာမပေးသေးပါဘူး။ အီရန်နိုင်ငံက အားပေးထောက်ခံထားတဲ့ ဟားမတ်စ်အဖွဲ့က အစ္စရေးနိုင်ငံ တောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာက လူပေါင်း ၁,၂၀၀ သေဆုံးပြီး ဓားစာခံ ၂၅၀ ခန့်ကိုဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ ဖြစ်ရပ်အပြီး ၁၀ လနီးပါးအကြာမှာပဲ ဟားမတ်စ် ခေါင်းဆောင် သတ်ဖြတ်ခံခဲ့ရတာပါ။

၂၀၁၇ ခုနှစ်ကစ ဟာမတ်စ်အဖွဲ့ရဲ့ နိုင်ငံရေးခေါင်းဆောင် ဖြစ်လာခဲ့တဲ့ Haniyeh ဟာ ၂၀၁၉ ခုနှစ်မှာ ဂါဇာကနေထွက်ခွာခဲ့ပြီး ကာတာနိုင်ငံမှာ တိမ်းရှောင်နေထိုင်နေတာ ဖြစ်ပါတယ်။

အီဂျစ်၊ အမေရိကန်တို့နဲ့အတူ အစ္စရေး-ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့ ကြိုးပမ်းနေတဲ့ ကာတာနိုင်ငံကတော့ ဒီတိုက်ခိုက်မှုကြောင့် တင်းမာမှုတွေ ကြီးထွားမယ့် အန္တရာယ်ရှိတယ်လို့ ပြောပါတယ်။

Forum

XS
SM
MD
LG