သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာနဲ့ လက်ဘနွန်တောင်ပိုင်းကို အစ္စရေး လေကြောင်းကတိုက်ခိုက်


အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူနဲ့ဆွေးမျိုးများကို ဂါဇာဒေသ ဆေးရုံတခုရှေ့တွေ့ရစဉ် (ဩဂုတ် ၂၂၊ ၂၀၂၄)
အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူနဲ့ဆွေးမျိုးများကို ဂါဇာဒေသ ဆေးရုံတခုရှေ့တွေ့ရစဉ် (ဩဂုတ် ၂၂၊ ၂၀၂၄)

အစ္စရေးနဲ့ Hamas စစ်သွေးကြွအဖွဲ့ကြား အပစ်အခတ်ရပ်ရေး တိုက်တွန်းမှုတွေရှိနေချိန်မှာပဲ အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသနဲ့ လက်ဘနွန်တောင်ပိုင်းအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ဒီနေ့ ကြာသပတေးနေ့မှာ လုပ်ခဲ့ပါတယ်။

ဂါဇာမြောက်ပိုင်းက Beit Lahiya မြို့အပေါ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၁ ယောက်ထက်မနည်း သေဆုံးတယ်လို့ ပါလက်စတိုင်း သတင်းအေဂျင်စီ WAFA ကပြောပါတယ်။ အစ္စရေးစစ်တပ်ဘက်ကတော့ သူတို့လေကြောင်းတိုက်ခိုက်မှုအတွင်း ဂါဇာမြို့က Hamas စစ်စခန်းနားမှာရှိတဲ့ လက်နက်တိုက်တခု ထိမှန်ခဲ့သလို ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်းမှာ စစ်သွေးကြွတွေ ထိမှန်သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

လက်ဘနွန်နိုင်ငံ တောင်ပိုင်းက နေရာ ၁၀ ခုကျော်အပေါ်လည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဒီနေ့ ကြာသပတေးနေ့မှာ ပြောပါတယ်။ Hezbollah စစ်သွေးကြွအဖွဲ့တွေရဲ့ နေရာတွေအပေါ် တိုက်ခိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

အရှေ့အလယ်ပိုင်းအရေး အမေရိကန်သမ္မတ Joe Biden နဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu တို့ ဗုဒ္ဓဟူးနေ့က ဆက်သွယ်စကားပြောခဲ့ကြပါတယ်။ အပစ်အခတ်ရပ်ပြီး ဓားစာခံတွေပြန်လွတ်လာရေး သဘောတူညီမှု အမြန်ဆုံးရအောင်လုပ်ဖို့နဲ့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ ဆွေးနွေးကြတဲ့အခါ အတားအဆီးဖြစ်နိုင်တာတွေကို ဖယ်ရှားနိုင်ရေးကို သမ္မတ Biden ဘက်ကအလေးထားပြောခဲ့တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

အီရန်ထောက်ပံ့ထားတဲ့ Hamas၊ Hezbollah၊ နဲ့ Houthis အဖွဲ့တွေအပါအဝင် အီရန်ရဲ့ ခြိမ်းခြောက်ရန်အားလုံးကနေ အစ္စရေးကာကွယ်တဲ့နေရာမှာ အမေရိကန်က ပံ့ပိုးရေးနဲ့ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်တပ်တွေ ဆက်လက်ဖြန့်ချရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG