သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလေကြောင်းတိုက်ခိုက်မှု ရာဖာဒေသခံ ၆ ဦး သေဆုံး


အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း ရာဖာမြို့က Yousef al-Najjar ဆေးရုံမှာ သေဆုံးခဲ့သူတွေရဲ့အလောင်းတွေနဲ့ ကျန်ရစ်သူမိသားစု။ (မေ ၅၊ ၂၀၂၄)
အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း ရာဖာမြို့က Yousef al-Najjar ဆေးရုံမှာ သေဆုံးခဲ့သူတွေရဲ့အလောင်းတွေနဲ့ ကျန်ရစ်သူမိသားစု။ (မေ ၅၊ ၂၀၂၄)

အစ္စရေးလ်စစ်ဘက်က တနင်္ဂနွေနေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရာဖာမြို့ထဲက အိမ်တလုံးထိမှန်ခဲ့တာမှာ လူ ၆ ဦးသေဆုံးပြီး အတော်များများ ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ ဂါဇာဒေသထဲက ပါလက်စတိုင်းကျန်းမာရေးဌာနက ပြောပါတယ်။

အစ္စရေးလ်နဲ့ဂါဇာဒေသကြားက Kerem Shalom အရပ်ထဲကို တိုက်ခိုက်ခဲ့တာ သူတို့လက်ချက်ဖြစ်ကြောင်း ဟာမတ်စ်လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့တခုက ကြေညာလိုက်ပြီးနာရီပိုင်းအတွင်းမှာပဲ အစ္စရေးလ်က ခုလိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရိုက်တာသတင်းတရပ်မှာ ဖော်ပြထားပါတယ်။

Kerem Shalom အရပ်ဟာ ဂါဇာဒေသထဲကို လူသားချင်းစာနာမှုအကူအညီတွေ ပေးပို့ရာ အဓိကလမ်းကြောင်းဖြစ်ပါတယ်။ ဟာမတ်စ်လက်အောက်ခံအဖွဲ့ကလည်း အစ္စရေးလ်စစ်စခန်းပစ်မှတ်ထားပြီး ရော့ကက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြောဆိုခဲ့ပေမဲ့ ဘယ်ကနေပစ်ခတ်ခဲ့တာလဲဆိုတာကိုတော့ မပြောပါဘူး။

အစ္စရေလ်းစစ်ဘက်ကလည်း တန်ပြန်တိုက်ခိုက်မှုလုပ်ခဲ့ကြောင်း အတည်ပြုပါတယ်။ ဟာမတ်စ်တို့ရဲ့ ဒုံးတွေတက်လာတဲ့လမ်းကြောင်း၊ ဒုံးပစ်စင်တွေနဲ့ ဘေးနားက စစ်ဘက်အဆောက်အအုံတွေကိုပါ ဖျက်ဆီးခဲ့တယ်လို့လည်း အစ္စရေးလ်တို့က ပြောပါတယ်။

အစ္စရေးလေကြောင်းတိုက်ခိုက်မှု ရာဖာဒေသခံ ၆ဦး သေဆုံး
please wait

No media source currently available

0:00 0:00:54 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG