သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအရေးဆွေးနွေးဖို့ ကန်နိုင်ငံခြားရေးဝန်ကြီး ဆော်ဒီရောက်ရှိမည်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (Reuters)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (Reuters)

ဂါဇာဒေသအတွက် လူသားချင်းစာနာမှုအကူအညီ၊ ပါလက်စတိုင်းနယ်မြေရဲ့ စစ်လွန်ကာလ လမ်းပြမြေပုံကိစ္စအပြင် အရှေ့အလယ်အပိုင်းတည်ငြိမ်ရေးနဲ့ လုံခြုံရေး. စတဲ့အကြောင်းအရာတွေကို ဆွေးနွေးဖို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဆော်ဒီအာရေဗျကို တနင်္လာနေ့မှာရောက်ရှိမှာဖြစ်ပါတယ်။
ဓားစာခံတွေပြန်လွတ်လာနိုင်စေမယ့် ဂါဇာဒေသအပစ်အခတ်ရပ်စဲရေးဆွေးနွေးမှု အောင်မြင်နိုင်မှုရှိအောင် ဝန်ကြီး Blinken က တနင်္လာနဲ့အင်္ဂါ နှစ်ရက်တာ ဆွေးနွေးပွဲမှာ တိုက်တွန်းသွားမယ်လို့ နိုင်ငံခြားရေးဌာနကပြောပါတယ်။ အပစ်အခတ်ရပ်စဲရေးနဲ့ ပါလက်စတိုင်းပြည်သူတွေကြား ဟာမတ်စ်တို့ရဲ့ ရပ်တည်မှုအနေအထားကိုလည်း ထည့်သွင်းဆွေးနွေးသွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံမြို့တော် Riyadh မှာကျင်းပမယ့် ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ GCC ရဲ့ ဝန်ကြီးများအဆင့်အစည်းအဝေးကိုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken တက်ရောက်မှာဖြစ်ပါတယ်။ ပြီးရင်တော့ အစ္စရေးလ်နဲ့ ဂျော်ဒန်နိုင်ငံကို ခရီးတထောက်ဝင်ရောက်မယ်လို့ နိုင်ငံခြားရေးရုံးကပြောဆိုကြောင်း AFP သတင်းမှာဖော်ပြပါတယ်။

အစ္စရေလ်းနဲ့ဟာမတ်တို့ကြား ၇ လနီးပါးကြာလာပြီဖြစ်တဲ့ ဂါဇာစစ်ပွဲတွေမှာ သီတင်း ၆ ပတ်ကြာ အပစ်အခတ်ရပ်စဲနိုင်အောင် အမေရိကန်က ဆက်လက် တိုက်တွန်းနေပါတယ်လို့ သမ္မတအိမ်ဖြူတော်က နိုင်ငံတော်လုံခြုံရေးအကြံပေး John Kirby က ABC ရုပ်သံရဲ့ This Week အစီအစဥ်မှာ တနင်္ဂနွေနေ့ကပြောပါတယ်။ လနဲ့ချီရှိလာြပီဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲမှာ သဘောတူညီမှုရဖို့နီးလာတဲ့ တိုးတက်တဲ့လက္ခဏာတွေ တွေ့မြင်ရတယ်ဆိုပေမယ့် မစ္စတာ Kirby က အသေးစိတ်အချက်တွကိုတော့ ပြောမသွားပါဘူး။

ဂါဇာဒေသထဲက ဒုက္ခသည်တသန်းကျော်တို့ရဲ့ အသက်အန္တရာယ်နဲ့ပတ်သက်ပြီး အမေရိကန်ရဲ့စိုးရိမ်မှုတွေကို အပြည့်အဝမကြားသိရခင် Rafah မြို့ကို မြေပြင်တပ်ဖွဲ့တွေ စေလွှတ်မှာမဟုတ်ဘူးလို့ အစ္စရေးလ်က အာမခံထားတယ်လို့လည်း Kirby ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG