သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာကို ထပ်တိုးတိုက်ခိုက်မယ်လို့ အစ္စရေးဝန်ကြီးချုပ် ခြိမ်းခြောက်


အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu
အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu

ဂါဇာဒေသအတွင်း ဟာမတ်စ်တို့ဆက်ပြီးဖမ်းထားတဲ့ ဓားစားခံတွေပြန်လွတ်လာအောင် နောက်ထပ်တိုက်ခိုက်သွားမယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu က တနင်္ဂနွေနေ့မှာ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။ လာမယ့်ရက်တွေအတွင်း ဟာမတ်စ်တို့ကို စစ်ရေး၊ နိုင်ငံရေးအရ ဖိအားတွေထပ်ပေးမယ်လို့ ဂျူးတို့ရဲ့ အားလပ်ရပ် Passover ပွဲတခုမှာ မစ္စတာ နေသန်ယာဟု က အဲဒီလို ပြောဆိုသွားတာပါ။

ဓားစားခံတွေ ပြန်လွတ်လာရေးအတွက် ဒါဟာ တခုတည်းသောနည်းလမ်းဖြစ်တယ်လို့လည်း အစ္စရေးလ်ဝန်ကြီးချုပ်ကပြောခဲ့ပေမယ့် အသေးစိတ်ကိုတော့ ပြောမသွားပါဘူး။ အစ္စရေးတောင်ပိုင်းကို အောက်တိုဘာ ၇ ရက်နေ့က ဟာမတ်စ်တို့ဝင်ရောက်တိုက်ခိုက်မှုအတွင်း ဖမ်းဆီးသွားတဲ့ဓားစာခံတချို့ကို ဂါဇာတောင်ပိုင်း Rafah မြို့မှာထိန်းသိမ်းထားတာပါ။

"စစ်ပွဲအတွက်နောက်ထပ်လုပ်ရမယ့်ခြေလှမ်းတွေကို စစ်ဦးစီးချုပ်ကအတည်ပြုလိုက်ပြီလို့ စစ်တပ်ပြောရေးဆိုခွင့် ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး Daniel Hagari က တနင်္ဂနွေနေ့နှောင်းပိုင်းမှာပြောဆိုခဲ့ပေမယ် အသေးစိတ်ကိုတော့ ပြောမသွားပါဘူး။ Passover နေ့ဆိုရင် ဓားစားခံတွေဖမ်းသွားခဲ့ ရက် ၂၀၀ ပြည့်တဲ့နေ့ဖြစ်ပါတယ်။ သူတို့အားလုံးအိမ်ပြန်ရောက်လာတဲ့အထိ တိုက်ပွဲဝင်သွားမှာပါလို့လည်း ဆက်ပြောသွားပါတယ်။

ဟာမတ်စ်တို့ ခိုအောင်းနေတယ်ဆိုပြီး Rafah ကိုထိုးစစ်ဆင်တိုက်ခိုက်မယ်လို့ ဝန်ကြီးချုပ် နေသန်ယာဟုက အကြိမ်ကြိမ်ခြိမ်းခြောက်ပြောဆိုထားတာပါ။ အစ္စရေးလ်ရဲ့ အဓိက မဟာမိတ် အမေရိကန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့ တိုက်တွန်းတောင်းဆိုနေချိန်မှာပဲ ဝန်ကြီးချုပ် နေသန်ယာဟုရဲ့ ပြောဆိုချက်ထွက်လာတာဖြစ်ပါတယ်။

ဂါဇာကိုထပ်တိုးတိုက်ခိုက်မယ်လို့ အစ္စရေးဝန်ကြီးချုပ်ခြိမ်းခြောက်
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG