သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာက စစ်သွေးကြွ ပစ်မှတ်တွေကို အစ္စရေး လေကြောင်းကတိုက်ခိုက်

အစ္စရေးစစ်တပ်ရဲ့ သီတင်း ၂ပတ်ကြာ စစ်ဆင်ရေးပြီးနောက် ဂါဇာမြို့ အရှေ့ပိုင်း Shujaiya ရပ်ကွက်မှ အဆောက်အဦအပျက်အစီးများကိုတွေ့ရစဉ် (ဇူလိုင် ၁၁၊ ၂၀၂၄)
အစ္စရေးစစ်တပ်ရဲ့ သီတင်း ၂ပတ်ကြာ စစ်ဆင်ရေးပြီးနောက် ဂါဇာမြို့ အရှေ့ပိုင်း Shujaiya ရပ်ကွက်မှ အဆောက်အဦအပျက်အစီးများကိုတွေ့ရစဉ် (ဇူလိုင် ၁၁၊ ၂၀၂၄)

ဂါဇာတောင်ပိုင်းက စစ်သွေးကြွတွေ ဒုံးနဲ့ပစ်တဲ့နေရာလို့ ယူဆထားတဲ့ပစ်မှတ်တွေကို အစ္စရေးက ဒီကနေ့ ဇူလိုင် ၁၁ ရက်နေ့မှာ လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။ Rafah မြို့ကနေ စစ်သွေးကြွတွေ ပစ်လိုက်တဲ့ ဒုံးကျည် ၅ ခုကိုလည်း အောင်မြင်စွာ ကြားဖြတ်ဖျက်ချနိုင်ခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးစစ်တပ်က ဒီနေ့ ပြောလိုက်ပါတယ်။ ဒါ့အပြင် တောင်ပိုင်း လက်ဘနွန်ကနေ နယ်စပ်ဖြတ်ပြီး အစ္စရေးမြောက်ပိုင်းကို ပစ်မှတ်ထားသံသယရှိတဲ့ လေကြောင်း လက်နက်တွေကိုလည်း ကြားဖြတ်ဖျက်ဆီးခဲ့တယ်၊ ဒါပေမဲ့ ဒရုန်း ၂ လုံးကတော့ အစ္စရေးရဲ့ Galilee ဒေသမှာ ကျခဲ့တယ်လို့ ဆက်ပြောပါတယ်။

အစ္စရေး-ဟာမတ်စစ်ပွဲနောက်ပိုင်း အီရန်ထောက်ပံ့ထားတဲ့ လက်ဘနွန်အခြေစိုက် Hezbollah စစ်သွေးကြွတွေနဲ့လည်း ဆက်တိုက်ပွဲဖြစ်တာမှာ၊ အခုဒရုန်းကြောင့် တဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသမြူနီစပယ်တာဝန်ခံက ပြောပါတယ်။ တချိန်ထဲမှာ ဂါဇာမြောက်ပိုင်း ဂါဇာမြို့ကြီးမှာလည်း အစ္စရေးဘက်က အရပ်သားတွေကို ရွှေ့ပြောင်းထွက်ပေးဖို့ သတိပေးအပြီးမှာ တိုက်ပွဲတွေဆက်ပြင်းထန်နေပါတယ်။

အစ္စရေးဝန်ကြီးချုပ်က ဂါဇာမှာ ပြင်းထန်တဲ့တိုက်ပွဲကာလ အဆုံးသတ်ခါနီးပြီလို့ ပြောအပြီးနဲ့ ကာတာနိုင်ငံမှာ အပစ်ရပ်ရေးနဲ့ ဓားစာခံလွှတ်ပေးရေး ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေချိန်မှာ အခုလို အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ ပြန်တိုးမြှင့်လာတာပါ။ ဟာမတ်စ်ဘက်ကလည်း ဂါဇာမြို့ကြီးနဲ့ ဂါဇာတောင်ပိုင်း Rafah မြို့ကြီးမှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှု ၄၅ ကြိမ်ခံခဲ့ရပြီး၊ တပ်တွေက ဆုတ်သွားချိန်မှာ၊ အရပ်သားနေအိမ် ၃၀၀ ကျော်နဲ့ စီးပွားလုပ်ငန်း ၁၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

ဂါဇာက စစ်သွေးကြွ ပစ်မှတ်တွေကို အစ္စရေး လေကြောင်းကတိုက်ခိုက်
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်
This item is part of

Forum

XS
SM
MD
LG