သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအပစ်ရပ်ရေးအဆိုပြုချက် အစ္စရေး တုန့်ပြန်မှု ဟာမတ်စ် စောင့်နေ


တောင်ပိုင်ဂါဇာဒေသတွင်း လှုပ်ရှားနေသော အစ္စရေးတပ်ဖွဲ့
တောင်ပိုင်ဂါဇာဒေသတွင်း လှုပ်ရှားနေသော အစ္စရေးတပ်ဖွဲ့

အမေရိကန်က အဆိုပြုထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် အစ္စရေးရဲ့ တုန့်ပြန်ချက်ကို စောင့်ဆိုင်းနေကြောင်း ဟာမတ်စ်အဖွဲ့က ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့မှာ ပြောပါတယ်။ ၉ လ ကြာလာပြီဖြစ်တဲ့ ဂါဇာ စစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန်တင်သွင်းတဲ့ အဆိုပြုချက်ကို လက်ခံအပြီး ၅ ရက်အကြာမှာ အခုလို ပြောကြားလိုက်တာပါ။

သူတို့ဘက်က တုန့်ပြန်ချက်ကို ကြားဝင် စေ့စပ်ပေးသူတွေထံကတဆင့် အသိပေး အကြောင်းထားပြီးဖြစ်တဲ့အတွက် အစ္စရေးရဲ့ တုန့်ပြန်ချက်ကို စောင့်နေကြောင်း အမည်မဖော်လိုတဲ့ ဟာမတ်စ်အဖွဲ့အရာရှိ တဦးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

အဆင့် ၃ ဆင့်ပါတဲ့ ပါလက်စတိုင်းဒေသဆိုင်ရာ အဆိုပြုချက်ကို မေလကုန်ပိုင်းမှာ အမေရိကန်သမ္မတ Joe Biden က တင်ပြခဲ့တာဖြစ်ပြီး ဒီကိစ္စ သဘောတူညီချက် ရရှိရေးအတွက် ကာတာနဲ့ အီဂျစ်နိုင်ငံတို့က ကြားဝင် စေ့စပ် ညှိနှိုင်းပေးနေပါတယ်။ အဆိုပြုချက်အရ ဂါဇာမှာဖြစ်နေတဲ့ စစ်ပွဲတွေ အဆုံးသတ်ပြီး ဟာမတ်စ်အဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ဓားစာခံ ၁၂၀ ပြန်လွှတ်ပေးတို့အတွက် ရည်ရွယ်တဲ့ အဆိုပြုချက် ဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေနဲ့ နီးစပ်တဲ့ တခြား ပါလက်စတိုင်း အရာရှိတဦးရဲ့ ပြောဆိုချက်အရကတော့ အခုတင်သွင်းထားတဲ့ အဆိုပြုချက်ကို အစ္စရေးတို့က ကာတာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu ကတော့ ဆွေးနွေးမှုတွေကို အခုသီတင်းပတ်အတွင်း ဆက်လက် ပြုလုပ်သွားမယ်လို့ ပြောဆိုထားပေမယ့် အချိန်ဇယား အသေးစိတ်ကိုတော့ ထည့်သွင်း ပြောဆိုခြင်း မရှိပါဘူး။

Forum

XS
SM
MD
LG