သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာ စစ် ဒေသတွင်းကျယ်ပြန့်မှာ ကုလစိုးရိမ် 


ကုလသမဂ္ဂအကူအညီပေးရေးအကြီးအကဲ Martin Griffiths
ကုလသမဂ္ဂအကူအညီပေးရေးအကြီးအကဲ Martin Griffiths

ဂါဇာစစ်ပွဲဟာ ဂျော်ဒန်မြစ်အနောက်ဘက်ခြမ်း West Bank အပါအဝင် ဒေသတွင်းနေရာအနှံ့ ကြီးထွားပျံ့နှံ့သွားမှာကို စိုးရိမ်မိကြောင်း ကုလသမဂ္ဂအကူအညီပေးရေးအကြီးအကဲ Martin Griffiths က ဇွန် ၂၆ ရက် (ဗုဒ္ဓဟူးနေ့ ) မှာ ပြောပါတယ်။ ဒီအခြေအနေအတွက် အကူအညီပေးရေးအေဂျင်စီတွေအနေနဲ့ အလုံအလောက် ပြင်ဆင်ထားပေမယ့် စိုးရိမ်ဖွယ်အနေအထားလို့ ဆိုပါတယ်။

ဂါဇာစစ်ပွဲစတင်ခဲ့တဲ့ မနှစ် အောက်တိုဘာလလယ်ကနေ အခုနှစ် ဇွန်လလယ်အထိ အနောက်ဘက်ကမ်းဒေသမှာ အစ္စရေးတပ်ဖွဲ့ဝင်တွေနဲ့ အစ္စရေး အခြေချနေထိုင်သူတွေရဲ့လက်ချက်ကြောင့် သေဆုံးရတဲ့ ပါလက်စတိုင်း ၅၂၈ ဦး ရှိနေပြီး အဲထဲမှာ ၁၃၃ ဦးက ကလေးသူငယ်တွေဖြစ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက ပြောပြီး သတ်ဖြတ်မှုတွေထဲက တချို့ဟာ “ဥပဒေမဲ့ သတ်ဖြတ်မှုတွေအတွက် စိုးရိမ်ဖွယ်” အခြေအနေ ဖြစ်ကြောင်း ပြောပါတယ်။ အစ္စရေးသိမ်းပိုက်မှုအောက်က အနောက်ဘက်ကမ်းဒေသ West Bank မှာ နိုင်ငံတကာ အသိအမှတ်ပြုထားတဲ့ ပါလက်စတိုင်း အာဏာပိုင်တွေက အကန့်အသတ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေတာဖြစ်ပြီး အဲဒီမှာ ဂါဇာစစ်ပွဲကြောင့် ဆယ်စုနှစ်တွေအတွင်းမှာ အဆိုးရွားဆုံး မငြိမ်မသက်ဖြစ်မှုတွေ ကြုံတွေ့နေရတာပါ။

“အနောက်ဘက်ကမ်းဒေသနဲ့ လက်ဘနွန်က ခြိမ်းခြောက်နေတဲ့အခြေအနေတွေက နောက်ထပ်၊ နောက်ထပ် အဖြစ်ဆိုးနဲ့ သေဆုံးမှုတွေ၊ ဖြစ်လာနိုင်တာကြောင့် စိုးရိမ်ဖွယ်ရာ အခြေအနေ ဖြစ်တယ်” လို့ လူသားချင်းစာနာထောက်ထားမှုရေးရာနဲ့ အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး လက်ထောက်အတွင်းရေးမှူးချုပ် Martin Griffiths က ဂျနီဗာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အကူအညီပေးရေးပိုင်း ပြဆင်ထားလို့ ပြဿနာ မဟုတ်ပေမယ့် “ဒီစစ်ပွဲ ပိုဆိုးလာနေတာကို ရပ်တန့်နိုင်ဖို့က ပြဿနာဖြစ်နေပြီး ပါလက်စတိုင်းပြည်သူတွေရဲ့ အနာဂတ်နဲ့ သူတို့ရဲ့အခွင့်အရေးတွေ ရပ်တန့်နေတာက စိုးရိမ်စရာ အခြေအနေ” လို့ သူထင်ကြောင်းလည်း ကုလသမဂ္ဂအကူအညီပေးရေးအကြီးအကဲက ပြောပါတယ်။

ဂါဇာ စစ် ဒေသတွင်းကျယ်ပြန့်မှာ ကုလစိုးရိမ်
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG