သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာစစ်ပွဲ ကျယ်ပြန့်လာမယ့် အန္တရာယ် အမေရိကန်နဲ့ EU သတိပေး


ဂါဇာဒေသ Khan Yunis မြို့မှာ အစ္စရေး လေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးသွားတဲ့အဆောက်အဦများ (ဇွန် ၂၃၊ ၂၀၂၄)
ဂါဇာဒေသ Khan Yunis မြို့မှာ အစ္စရေး လေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးသွားတဲ့အဆောက်အဦများ (ဇွန် ၂၃၊ ၂၀၂၄)

လက်ဘနွန်မှာရှိတဲ့ အီရန် ကျောထောက်နောက်ခံပေးထားတဲ့ ဟက်ဇ်ဘိုလာအဖွဲ့ကို အစ္စရေးက ထိုးစစ်ဆင်မယ့်အလားအလာ ရှိနေတာကြောင့် ဂါဇာစစ်ပွဲ ကျယ်ပြန့်လာမယ့် အန္တရာယ်ကို အမေရိကန်နဲ့ ဥရောပသမဂ္ဂက အရာရှိတွေက သတိပေးနေပါတယ်။ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ဟာမတ်စစ်သွေးကြွတွေကို အပြင်းအထန် တိုက်ခိုက်ခြေမှုန်းတဲ့ အဆင့် မကြာခင်မှာ ပြီးဆုံးတော့မယ်လို့ ပြောဆိုပြီး လက်ဘနွန်က ဟက်ဇ်ဘိုလာအဖွဲ့ရဲ့ ရန်ကို ကာကွယ်ဖို့ အစ္စရေးတပ်တွေကို မြောက်ပိုင်းကို ပို့မယ့်အကြောင်း အစ္စရေးနိုင်ငံ Channel 14 ရုပ်သံနဲ့ ဆက်သွယ်မေးမြန်းမှာ မနေ့က ပြောဆိုသွားတာပါ။ ဒါဟာ ဟာမတ်စ်တွေကို တိုက်ခိုက်တဲ့ စစ်ပွဲ ပြီးဆုံးသွားတာတော့ မဟုတ်ဘူးလို့လည်း ပြောဆိုပါတယ်။

ဟက်ဇ်ဘိုလာအဖွဲ့နဲ့ ပဋိပက္ခမှာ သံတမန်ရေးအရ အဖြေရှာနိုင်တဲ့ နည်းလမ်းကို တွေ့မယ်လို့ မျှော်လင့်တဲ့အကြောင်း Benjamin Netanyahu က ပြောဆိုပေမဲ့ အစ္စရေးဟာ စစ်မျက်နှာပေါင်းများစွာမှာ တိုက်ခိုက်နိုင်တဲ့ အနေအထားရှိပြီး ဒီအတွက်လည်း ပြင်ဆင်ထားတယ်လို့ ပြောဆိုပါတယ်။ ဟက်ဇ်ဘိုလာအဖွဲ့ကို ထိုးစစ်ဆင်မယ်ဆိုရင် အီရန်က မဖြစ်မနေ ဝင်ပြီးထောက်ခံမယ့်အတွက် စစ်ပွဲ ပိုပြီးကြီးထွားလာနိုင်တဲ့အကြောင်း အမေရိကန် ပူးတွဲစစ်ဦးစီးအရာရှိချုပ်များအဖွဲ့ ဥက္ကဋ္ဌ လေတပ်ဗိုလ်ချုပ် Charles Q. Brown က လည်း သတိပေးပြောဆိုထားပါတယ်။

အီးယူ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေး မူဝါဒအကြီးအကဲ Josep Borrell ကတော့ စစ်ပွဲ ကြီးထွားလာနိုင်ခြေ အန္တရာယ်ကို နေ့စဉ် ရင်ဆိုင်နေရတဲ့အတွက် စိတ်မချမ်းသာ ဖြစ်ရတဲ့အကြောင်း လို့ Luxembourg မှာ သတင်းထောက်တွေကို ဒီနေ့ ‌ပြောဆိုပါတယ်။ ဂါဇာဒေသမှာ လက်ရှိအခြေအနေအရ လူသားချင်း စာနာမှုအကူအညီ ပေးနိုင်ဖို့ အခြေအနေ မဖြစ်နိုင်တဲ့အတွက် အပစ်အခတ်ရပ်စဲရေးဟာ အသည်းအသန်လိုအပ်နေတယ်လို့လည်း Josep Borrell က ပြောဆိုပါတယ်။

ဂါဇာစစ်ပွဲ ကျယ်ပြန့်လာမယ့် အန္တရာယ် အမေရိကန်နဲ့ EU သတိပေး
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG