သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ ကုလဝန်ထမ်း ၆ ဦး သေဆုံးခဲ့မှုအတွက် အစ္စရေးကို အီးယူ ဝေဖန်


အစ္စရေးဒုံးကျည်ပစ်ခတ်မှုကြောင့် ဂါဇာဒေသ Nuseirat ကျောင်းမှာ ကုလဝန်ထမ်း ၆ ဦးသေဆုံးခဲ့ (စက်တင်ဘာ ၁၂။ ၂၀၂၄)
အစ္စရေးဒုံးကျည်ပစ်ခတ်မှုကြောင့် ဂါဇာဒေသ Nuseirat ကျောင်းမှာ ကုလဝန်ထမ်း ၆ ဦးသေဆုံးခဲ့ (စက်တင်ဘာ ၁၂။ ၂၀၂၄)

အစ္စရေးက ဒုံးကျည်နဲ့ ပစ်ခတ်တာကြောင့် ဂါဇာမှာရှိတဲ့ ကုလသမဂ္ဂဝန်ထမ်း ၆ ဦး မနေ့က သေဆုံးခဲ့တဲ့ ဖြစ်ရပ်အတွက် အကြီးအကျယ် ဒေါသထွက်မိတယ်လို့ EU ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Joseph Borell ဒီနေ့ ပြောကြားလိုက်ပါတယ်။ နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေရဲ့ အခြေခံမူတွေကို လေးစားလိုက်နာမှုမရှိတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဘယ်လိုမှ လက်မခံနိုင်သလို လက်မခံသင့်ဘူးလို့လည်း X လူမှုကွန်ရက်ကနေ ပြောထားပါတယ်။

အလားတူဘဲ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အဲဒီလို ကုလသမဂ္ဂဝန်ထမ်တွေ သေဆုံးခဲ့တာဟာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဂျာမနီနိုင်ငံက ဒီနေ့ ပြောလိုက်ပါတယ်။ ဂါဇာက ပါလက်စတိုင်း ဒုက္ခသည်တွေ ခိုလှုံနေတဲ့ ကျောင်းတခုကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အဲဒီမှာအကူအညီပေးနေတဲ့ ကုလသမဂ္ဂဝန်ထမ်း ၆ ဦးသေဆုံးခဲ့တာဖြစ်ပြီး ကုလသမဂ္ဂဝန်ထမ်းတွေနဲ့ အကူအညီပေးနေသူတွေကို အကာအကွယ်ပေးဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။

လူသားချင်းစာနာမှုအကူအညီပေးနေသူတွေဟာ ဒုံးကျည်ကြောင့်သေဆုံးတဲ့သူတွေ ဘယ်တော့မှမဖြစ်သင့်ကြောင်းနဲ့ Nuseirat က ကျောင်းမှာ UNRWA ရဲ့ ဝန်ထမ်း ၆ ဦး သေဆုံးသွားတာဟာ လုံးဝကို လက်ခံနိုင်စရာမရှိဘူးလို့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက X လူမှုကွန်ရက်စာမျက်နှာကနေ ပြောထားပါတယ်။

ဒီတိုက်ခိုက်မှုဟာ ကုလသမဂ္ဂဝန်ထမ်းတွေ အများဆုံးသေဆုံးတဲ့ တိုက်ခိုက်မှုတခုဖြစ်တယ်လို့ UNRWA ကလည်း ပြောထားပါတယ်။ UNRWA ဟာ ဂါဇာမှာရှိနေတဲ့ ပါလက်စတိုင်းဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

အစ္စရေးက ဂါဇာမှာရှိတဲ့ ပါလက်စတိုင်း ဒုက္ခသည်တွေခိုလှုံနေတဲ့ ကျောင်းကို မနေ့ စက်တင်ဘာ ၁၁ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုအတွင်း အမျိုးသမီး နဲ့ကလေးငယ် ၁၉ ဦး နဲ့ ကုလသမဂ္ဂဝန်ထမ်း ၆ ဦး အပါအဝင် စုစုပေါင်း ၃၄ ယောက် သေဆုံးခဲ့တာဖြစ်ပါတယ်။

ဂါဇာမှာ ကုလဝန်ထမ်း ၆ ဦး သေဆုံးခဲ့မှုအတွက် အစ္စရေးကို အီးယူ ဝေဖန်
please wait

No media source currently available

0:00 0:00:59 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG