သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု Aysenur မိသားစုတောင်းဆို


အစ္စရေးတပ်တွေရဲ့ ပစ်ခတ်မှုကြောင့်သေဆုံးသူ တူရကီနွယ်ဖွား အမေရိကန်အမျိုးသမီး Aysenur Ezgi Eygi
အစ္စရေးတပ်တွေရဲ့ ပစ်ခတ်မှုကြောင့်သေဆုံးသူ တူရကီနွယ်ဖွား အမေရိကန်အမျိုးသမီး Aysenur Ezgi Eygi

West Bank ခေါ်ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသက ပါလက်စတိုင်းထောက်ခံတဲ့ ဆန္ဒပြပွဲတခု အတွင်း အစ္စရေးစစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် သောကြာနေ့က သေဆုံးခဲ့ရတဲ့ တူရကီနွယ်ဖွား အမေရိကန်အမျိုးသမီးရဲ့ မိသားစုက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်ပေးဖို့ စနေနေ့က တောင်းဆိုပါတယ်။

West Bank လို့ခေါ်ကြတဲ့ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသက ပါလက်စတိုင်းထောက်ခံတဲ့ ဆန္ဒပြပွဲတခု အတွင်း အစ္စရေးစစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် သောကြာနေ့က သေဆုံးခဲ့ရတဲ့ တူရကီနွယ်ဖွား အမေရိကန်အမျိုးသမီးရဲ့ မိသားစုက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်ပေးဖို့ စနေနေ့က တောင်းဆိုပါတယ်။

အသက် ၂၆ နှစ်အရွယ် Aysenur Ezgi Eygi ဟာ အစ္စရေးစစ်တပ်ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတာလို့ စွပ်စွဲခံနေရတာပါ။ မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက် အရ ဆန္ဒပြပွဲ အစောပိုင်းမှာ နှစ်ဘက် ထိပ်တိုက်တွေ့မှုတွေရှိပေမယ့် Aysenur သေနတ်နဲ့ ပစ်ခံရချိန်မှာတော့ အခြေအနေက အေးအေးဆေးဆေး ရှိနေပြီး သူဟာ အစ္စရေးတပ်ဖွဲ့တွေကို အန္တရာယ် ပြု ခြိမ်းခြောက်တဲ့ အနေအထားမျိုး မဟုတ်ဘဲနဲ့ ပစ်သတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

အမေရိကန် သမ္မတ အိမ်ဖြူတော်ကတော့ ဒီဖြစ်ရပ်အတွက် “စိတ်အနှောင့်အယှက်ဖြစ်ရ” တယ်ဆိုကာ စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ တောင်းဆိုထားပါတယ်။ မိသားစုရဲ့ ထုတ်ပြန်ချက်ထဲမှာ " အစ္စရေးစစ်တပ်က မလိုအပ်ဘဲ၊ ဥပဒေမဲ့၊ ကြမ်းတမ်းစွာ ပြုမူခဲ့တယ်" လို့ ဖော်ပြထားပါတယ်။

“ရုပ်သံ မှတ်တမ်း အရ အမေရိကန်နိုင်ငံသူ Aysenur ဟာ တရားမျှတမှုအတွက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြ နေချိန်မှာ အစ္စရေးစစ်တပ် သေနတ်သမားရဲ့ ကျည်ဆန်ကြောင့် သေဆုံးခဲ့ရတယ်” လို့ မိသားစုက ပြောပါတယ်။ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ ဒုတိယသမ္မတ ကာမလာဟဲရစ်နဲ့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်န်တို့ကို မိသားစုက တောင်းဆိုခဲ့ပါတယ်။

ဆန္ဒပြပွဲအတွင်း တပ်ဖွဲ့ဝင်တွေကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ကာ ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တဲ့ အဓိက သွေးထိုးလှုံ့ဆော်သူ တဦးကို တုံ့ပြန်ပစ်ခတ်ချိန်မှာ ဒီ သေဆုံးမှု ဖြစ်ခဲ့တာလို့ အစ္စရေးစစ်တပ်က စနေနေ့မှာ ဖြေရှင်းထားပါတယ်။ တချိန်တည်းမှာပဲ စနေနေ့က ဂါဇာကမ်းမြောင်မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ စာသင်ကျောင်းနဲ့ လူနေရပ်ကွက်တွေ အတွင်း အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း ၈ ဦးထက်မနည်း သေဆုံးပြီး ၂ ဒါဇင်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဂါဇာအခြေစိုက် ပါလက်စတိုင်းအာဏာပိုင်တွေရဲ့ တရားဝင်သတင်းအေဂျင်စီ WAFA က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG