သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနောက်ဖက်ကမ်း အစ္စရေးစစ်ဆင် ပါလက်စတိုင်းစစ်သွေးကြွ  ၆ ဦးသေဆုံး


အစ္စရေးစစ်တပ်ရဲ့ အနောက်ဘက်ဒေသက Jenin မြို့မှာစစ်ဆင်ရေးအတွင်း ပေါက်ကွဲမှုတခု။ (စက်တင်ဘာ ၅၊
အစ္စရေးစစ်တပ်ရဲ့ အနောက်ဘက်ဒေသက Jenin မြို့မှာစစ်ဆင်ရေးအတွင်း ပေါက်ကွဲမှုတခု။ (စက်တင်ဘာ ၅၊

အနောက်ဖက်ကမ်းဒေသမှာ ကြာသပတေးနေ့ကတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း စစ်သွေးကြွ ၆ ဦး သေဆုံးခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။

အစ္စရေးက ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး အနောက်ဖက်ကမ်းဒေသမှာ ကြီးမားတဲ့ ဝင်ရောက်စီးနင်းနေပြီး ဒီလိုလုပ်ဆောင်မှုတွေကနေ အစ္စရေး- ဟာမတ်စ် စစ်ပွဲပိုကျယ်ပြန့်လာမှာကို ပါလက်စတိုင်းတွေ စိုးရိမ်နေတာပါ။ အနောက်ဖက်ကမ်း ဒေသ မြောက်ပိုင်းက တူဘတ်စ် မြို့မှာ အစ္စရေးရဲ့ ညတွင်းချင်း စီးနင်းမှုကနေ နာမည်ကြီး ပါလက်စတိုင်းတပ်မှူး Zakaria Zubeidi ရဲ့ သားဖြစ်သူ Mohammed Zubeidi အပါအဝင် ၅ ဦး သေဆုံးခဲ့ရတယ်လို့ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ သူ့ဖခင်ဖြစ်သူဟာ ၂၀၂၁ မှာ ထောင်ဖေါက်ပြေးခဲ့တဲ့အတွက် ဖမ်းပြီး ထောင်ထဲမှာ ပြန်ထိန်းသိမ်းတာ ခံနေရသူ ဖြစ်ပါတယ်။

မိုဟာမက် ဇူဘေဒီဟာ အနောက်ဖက်ကမ်းမှာရှိတဲ့ အစ္စရေးတပ်တွေကို တိုက်ခိုက်ရာမှာပါဝင်နေသူ ဖြစ်ပြီး သူဟာစစ်သွေးကြွတဦးနဲ့အတူ ရှိနေတုန်း အတိုက်ခိုက်ခံရတာဖြစ်ကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။ သေဆုံးသူနောက်တဦးကတော့ အစ္စရေးတပ်တွေကို မီးလောင်ဗုံးနဲ့ ပစ်ခတ်ခဲ့တဲ့နောက် Al-Faraa ဒုက္ခသည် စခန်းကို အစ္စရေးကလေကြောင်းကနေ တိုက်ခိုက်ရာကနေ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ အဲဒီစခန်းမှာ လမ်းဘေးထောင်ဗုံးတွေကို သိမ်းဆည်းရမိတယ်လို့လည်း ပြောပါတယ်။

တချိန်တည်းမှာပဲ အစ္စရေးက Tel Aviv မြို့လမ်းမတွေ ပေါ်မှာ ပါလက်စတိုင်းတွေ လွန်ခဲ့တဲ့ ၁၁ လလောက်က ဖမ်းသွားပြီး အသက်သေဆုံး ခဲ့ရတဲ့ အစ္စရေး ၂၇ ယောက် ရဲ့ အလောင်းတွေကို ထမ်းလာတဲ့ ပုံစံမျိုး လုပ်ပြီး ကြာသပတေးနေ့ညက ရာနဲ့ချီတဲ့ လူတွေ ငြိမ်သက်စွာ လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG