သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနောက်ဖက်ကမ်းရှိ ပါလက်စတိုင်းတပ်မှူးအပါ ၅ ဦးကို အစ္စရေးသုတ်သင်


အစ္စရေးသိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းခြေဒေသ Tulkarem မြို့နားက ပါလက်စတိုင်း ဒုက္ခသည်စခန်း Nur Shams မှာ စစ်ဆင်ရေးဝင်နေစဥ်။ (သြဂုတ် ၂၈၊ ၂၀၂၄)
အစ္စရေးသိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းခြေဒေသ Tulkarem မြို့နားက ပါလက်စတိုင်း ဒုက္ခသည်စခန်း Nur Shams မှာ စစ်ဆင်ရေးဝင်နေစဥ်။ (သြဂုတ် ၂၈၊ ၂၀၂၄)

ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ရဲ့ အနောက်ဖက်ကမ်းဒေသဆိုင်ရာ တပ်မှူးအပါအဝင် ၅ ဦးကို သုတ်သင်ခဲ့တယ်လို့အစ္စရေးစစ်တပ်က ကြာသပတေးနေ့မှာ ပြောပါတယ်။

အစ္စရေးက အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ဒုတိယမြောက်နေ့အဖြစ် စစ်ဆင်ရေးဆက်လုပ်နေတာဖြစ်ပြီးအနောက်ဖက်ကမ်းဒေသ မြောက်ပိုင်းတခွင်လုံးကို အင်္ဂါနေ့ညပိုင်းကစတင်ပြီး ဝင်ရောက်စီးနင်းခဲ့တယ်လို့ ပြောပါတယ်။ ဒီစီးနင်းမှုကနေ ၁၆ ဦးသေဆုံးခဲ့ပြီး အားလုံး လိုလိုဟာ စစ်သွေးကြွတွေဖြစ်ကြောင်း ပြောပါတယ်။ ပါလက်စတိုင်းတွေကတော့ အစ္စရေးဟာ ၁၀ လခွဲကြာလာပြီဖြစ်တဲ့ အစ္စရေး-ဟာမတ်စ် စစ်ပွဲကို ပိုကြီးထွားလာအောင် လုပ်နေသလို အနောက်ဖက်ကမ်းဒေသမှာ အစ္စရေးစစ်တပ်အုပ်ချုပ်ရေး ဆက်တည်မြဲဖို့ ရည်ရွယ်လုပ်ဆောင် နေတယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ အစ္စရေးက ဂါဇာမှာ တနင်္ဂနွေနေ့ကစပြီး အနည်းဆုံး ၃ ရက် လူသားစာနာမှုဆိုင်ရာအပစ်ရပ်ဖို့သဘောတူခဲ့ကြောင်း WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောပါတယ်။ ဒါဟာ ဒေသခံတွေအတွက် ပိုလီယိုကာကွယ်ဆေးထိုးပေးမယ့် ကုလကျန်းမာရေးတာဝန်ခံတွေ ဝင်ရောက်နိုင်ဖို့ ဖြစ်ပါတယ်။

Nur Sham ဒုက္ခသည်စခန်းတွင်းမှာ အခြေချနေတဲ့ ပါလက်စတိုင်းစစ်သွေးကြွအုပ်စုရဲ့တပ်မှူး Muhammad Jabber (ခ) Abu Shujaa
Nur Sham ဒုက္ခသည်စခန်းတွင်းမှာ အခြေချနေတဲ့ ပါလက်စတိုင်းစစ်သွေးကြွအုပ်စုရဲ့တပ်မှူး Muhammad Jabber (ခ) Abu Shujaa

အစ္စရေးရဲ့ Tulkarem မြို့ စီးနင်းမှုအတွင်း ပါလက်စတိုင်းတွေရဲ့ သူရဲကောင်းတဦးဖြစ်တဲ့ အဘူ ရှုဂျာ လို့ အများသိကြတဲ့ မိုဟာမက် ဂျေဘာ အသတ်ခံရကြောင်း အစ္စလာမ်မစ် ဂျီဟတ်အဖွဲ့ကလည်း အတည်ပြုပါတယ်။ သူဟာ တခြားစစ်သွေးကြွ ၄ ဦးနဲ့ အတူ ဗလီဝတ်ကျောင်းထဲ ပုန်းနေခဲ့တာဖြစ်ပြီး သူတို့ကို ကြာသပတေးနေ့မှာ ပစ်ခတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။ သူဟာ ဇွန်လ ပစ်ခတ်မှုအပါအဝင် အစ္စရေးတွေကို တိုက်ခိုက်မှု အကြိမ်ကြိမ်လုပ်ခဲ့သလို နောက်ထပ်တိုက်ခိုက်ဖို့လည်း စီစဉ်နေသူဖြစ်ကြောင်း ပြောပါတယ်။

ကြာသပတေးနေ့မှာ Jenin မြို့အပါအဝင် အနောက်ဖက်ကမ်းဒေသ မြောက်ပိုင်းက စစ်သွေးကြွတွေ အခိုင်အမာခြေကုပ်ယူထားတဲ့နေရာကို အစ္စရေးက စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီက ပါလက်စတိုင်း ဒုက္ခသည်စခန်းထဲမှာရှိတဲ့ဗလီဝတ်ကျောင်းကနေ လက်နက်တွေ၊ ဖေါက်ခွဲရေး ပစ္စည်းတွေနဲ့ တခြားစစ်သုံးပစ္စည်းအများအပြားကို သိမ်းဆည်းရမိကြောင်းလည်း ပြောပါတယ်။

အနောက်ဖက်ကမ်းရှိ ပါလက်စတိုင်းတပ်မှူးအပါ ၅ ဦးကို အစ္စရေးသုတ်သင်
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG