သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်ဆွေးနွေးမှုတွေကြားမှာပဲ အစ္စရေးက ဆက်လက်တိုက်ခိုက်


အစ္စရေးထိုးစစ်ကြောင့် ပျက်စီးခဲ့တဲ့ ခန်းယူနစ်မြို့ တနေရာက မြင်ကွင်း။
အစ္စရေးထိုးစစ်ကြောင့် ပျက်စီးခဲ့တဲ့ ခန်းယူနစ်မြို့ တနေရာက မြင်ကွင်း။

ဂါဇာ ကမ်းမြောင်မှာ အပစ်အခတ် ရပ်စဲနိုင်ရေးအတွက် အိမ်နီးချင်း အီဂျစ်နိုင်ငံမှာ ဟားမတ်စ် ကိုယ်စားလှယ် အပါအဝင် သက်ဆိုင်သူတွေ ပါဝင်တဲ့ အဆင့်မြင့် အစည်းအဝေး ကျင်းပနေချိန်မှာပဲ ဂါဇာ တောင်ပိုင်းမှာ အစ္စရေးဘက်က လေကြောင်း တိုက်ခိုက်မှု အများအပြား ပြုလုပ်ခဲ့လို့ ပါလက်စတိုင်း ၃၀ ဆယ်ကျော် သေဆုံးခဲ့ကြောင်း ကျန်းမာရေး ဝန်ထမ်းတွေက စနေနေ့မှာ ပြောပါတယ်။

ခန်းယူနစ် (Khan Younis) မြို့က နေအိမ် တလုံးတည်းမှာတင် လေကြောင်း တိုက်ခိုက်မှု ကြောင့် ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၁၁ ဦး သေဆုံးခဲ့ပါတယ်။ လေကြာင်း တိုက်ခိုက်မှု ၃ ခု အပြီးမှာ မြို့တွင်းနဲ့ အနီးတတဝိုက်က စုစုပေါင်း အလောင်း ၃၃ လောင်း လက်ခံရရှိခဲ့တယ်လို့ ခန်းယူနစ်က Nasser ဆေးရုံက ထုတ်ပြန်ပါတယ်။

အဲဒီ ဆေးရုံမှာ သတင်းယူနေတဲ့ အေပီ သတင်းဌာနရဲ့ သတင်းထောက်က လည်း အလောင်းတွေ ရောက်ရှိလာတာကို အတည်ပြုပါတယ်။ ဒါ့အပြင် ဂါဇာ အလယ်ပိုင်းမှာလည်း လေကြောင်း တိုက်ခိုက်မှုကြောင်း လူ ၃ ဦး သေဆုံးခဲ့တယ်လို့ အဲဒီက Al-Aqsa Martyrs ဆေးရုံက ပြောပါတယ်။


အစ္စရေးစစ်တပ်ဘက်ကတော့ လူ အမြောက်အမြားသေဆုံးရတဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ သတင်းတွေကို စောင့်ကြည့် စစ်ဆေးနေတယ်လို့ ထုတ်ပြပါတယ်။ အစ္စရေးတပ်ဖွဲ့တွေ တစိတ်တပိုင်း ဆုတ်ခွာပြီးနောက် Khan Younis က Hamad စီးတီး ကနေ ရုပ်အလောင်း ၁၆ လောင်း၊ Khan Younis အနောက်ဘက် လူနေရပ်ကွက် တခုက ရုပ်အလောင်း ၁၀ လောင်း နဲ့ ရာဖာ (Rafah) တောင်ဘက် က နေ ရုပ် အလောင်း ၂ လောင်း ကောက်ယူခဲ့ရတယ်လို့ ဒေသ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

သေဆုံးမှု အခြေအနေ အတိအကျကို အခုအချိန်မှာ ရှင်းရှင်းလင်းလင်း မသိရပေမယ့် ပြီးခဲ့တဲ့ ရက်သီတင်းပတ် အတွင်းမှာ အဲဒီ ဒေသတဝိုက်ဟာ အစ္စရေးစစ်တပ်ရဲ့ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်မှု ခံခဲ့ရတာ ဖြစ်ပါတယ်။ Hamad စီးတီး ဒေသခံ အမျိုးသမီး တဦးဖြစ်တဲ့ Randa Sammour ရဲ့ ရိုက်တာ သတင်းကို ပြောဆိုချက် တခုမှာတော့ သူ့နေအိမ် တဝက်လောက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ကွာဟချက်ကို ပေါင်းကူးပေးနိုင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး၊ ဓားစာခံ တွေ ပြန်လွှတ်ပေးရေးအတွက် စေ့စပ်ညှိနှိုင်းရေးမှူးတွေဟာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ စနေနေ့က အဆိုပြုချက်အသစ်တွေကို ဆွေးနွေးခဲ့ကြပေမယ့် တစုံတရာ ထုတ်ပြန်တာတော့ မရှိသေးပါဘူး။

အစ္စရေးတောင်ပိုင်းကို မနှစ် အောက်တိုဘာ ၇ ရက်က ဟားမတ်စ်ရဲ့ တိုက်ခိုက်မှုအတွင်း လူပေါင်း ၁,၂၀၀ သေဆုံးခဲ့ကြောင်း အစ္စရေး အာဏာပိုင်တွေက ထုတ်ပြန်ထားပြီး အစ္စရေးရဲ့ ဂါဇာကမ်းမြောင်ဒေသ စစ်ဆင်ရေးတွေ အတွင်းမှာ တော့ ပါလက်စတိုင်း ၄၀,၀၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်တယ်လို့ ပါလက်စတိုင်း ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG