သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနောက်ဘက်ကမ်းဒေသ ပစ်ခတ်မှုကြောင့် အစ္စရေးတချို့ သေကျေထိခိုက်


ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းဒေသ စစ်ဆေးရေးဂိတ်နား ပစ်ခတ်မှုအပြီးမြင်ကွင်း (ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄)
ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းဒေသ စစ်ဆေးရေးဂိတ်နား ပစ်ခတ်မှုအပြီးမြင်ကွင်း (ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄)

ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းဒေသထဲက အစ္စရေးတို့ထိန်းချုပ်တဲ့ စစ်ဆေးရေးဂိတ်နားက လမ်းပေါ်မှာ သေနတ်သမား ၃ ယောက် ပစ်ခတ်ခဲ့လို့ အစ္စရေး ၁ ယောက်သေဆုံးပြီး ၈ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ အစ္စရေးရဲတပ်ဖွဲ့က ပြောပါတယ်။ မနက် ၇ နာရီခွဲ ယာဉ်ကြောပိတ်ချိန် Jerusalem မြို့အရှေ့ဘက် အဝေးပြေးလမ်းလမ်ကြီး ပေါ်ကနေ စစ်ဆေးရေးဂိတ်မှာ ‌စောင့်နေတဲ့ ကားတွေကို မောင်းပြန်သေနတ်တွေနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းဒေသ စစ်ဆေးရေးဂိတ်နား ပစ်ခတ်မှုအပြီးမြင်ကွင်း (ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄)
ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းဒေသ စစ်ဆေးရေးဂိတ်နား ပစ်ခတ်မှုအပြီးမြင်ကွင်း (ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄)

သေနတ်သမား ၂ ယောက်ကို အစ္စရေးလုံခြုံရေးတွေက ရှင်းလင်း သုတ်သင်ခဲ့ပြီး ထွက်ပြေးသွားတဲ့ တတိယတယောက်ကို ရှာဖွေဖမ်းဆီးခဲ့ပါတယ်။ တချိန်ထဲမှာပဲ ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းက Rafah မြို့အပေါ် အစ္စရေးစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်လုပ်နေပါတယ်။ အစ္စရေးစစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းပြည်သူတွေရဲ့ လုံခြုံရေးအတွက် နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေလည်း ဆက်လက်ကြီးမားနေပါတယ်။

အစ္စရေးတို့ ပိတ်ဆို့ထားတဲ့ ဂါဇာဒေသထဲကို လူသားချင်းစာနာတဲ့အကူအညီတွေ ကုန်းကြောင်းကနေ ပို့နိုင်ဖို့ ခက်ခဲနေချိန်မှာ ဗြိတိန်နဲ့ ဂျော်ဒန်နိုင်ငံတို့က လေကြောင်းကနေ အကူအညီတွေကို ဒီနေ့ ချပေးခဲ့ပါတယ်။ ဂါဇာဒေသမြောက်ပိုင်းက Tal Al-Hawa ဆေးရုံအတွက် ဆေးဝါး၊ လောင်စာနဲ့ အစားအသောက်တွေပါဝင်တဲ့ တန်ချိန် ၄ တန်ရှိတဲ့ ဗြိတိန်ရဲ့ အကူအညီတွေကို ဂျော်ဒန်လေတပ်ကလေယာဉ်တွေနဲ့ ချပေးခဲ့တာပါ။

အခုလိုအကူအညီတွေ ပို့ဆောင်ပေးနိုင်တဲ့အတွက် လူ့အသက်တွေကယ်ဆယ်နေတဲ့ ဆေးရုံ ဆက်လက်လည်ပတ်နိုင်မှာဖြစ်သလို ထောင်နဲ့ချီတဲ့ လူနာတွေကို ကုသပေးနိုင်မှာဖြစ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Cameron က ကြေညာချက်ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဂါဇာဒေသက အခြေအနေတွေ ဆက်လက် ဆိုးဝါးနေပြီး နောက်ထပ် အကူအညီတွေ အများကြီး အမြန်လိုအပ်နေတယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။ လူသားချင်းစာနာနဲ့ အကူအညီတွေပို့ပေးနိုင်ဖို့နဲ့ Hamas တို့ဖမ်းဆီးထားတဲ့ ဓါးစာခံတွေ ပြန်လွတ်လာရေးအတွက် တိုက်ဆိုင်မှုတွေ ယာယီရပ်ဖို့လည်း ဗြိတိန်က တောင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG