သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးပစ်ခတ်မှု အနောက်ဘက်ကမ်းဆန္ဒပြပွဲမှာ ကန်တဦးသေဆုံး

တူရကီနွယ်ဖွား အမေရိကန် နိုင်ငံသူ သေဆုံးမှု အပေါ် ဝမ်းနည်းကြောင်း နိုင်ငံခြားရေးဝန်ကြီး Antony Blinken ပြော။ (AP Photo/Aref Tufaha)
တူရကီနွယ်ဖွား အမေရိကန် နိုင်ငံသူ သေဆုံးမှု အပေါ် ဝမ်းနည်းကြောင်း နိုင်ငံခြားရေးဝန်ကြီး Antony Blinken ပြော။ (AP Photo/Aref Tufaha)

ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း Beita (ဘိုက်တာ) မြို့မှာ အစ္စရေးတွေ ဝင်ရောက် အခြေချ နေထိုင်တာကို ကန့်ကွက်တဲ့ ပါလက်စတိုင်းဆန္ဒပြပွဲနဲ့ ဝတ်ပြုပွဲမှာ ပါဝင်ခဲ့တဲ့ တူရကီနွယ်ဖွား အမေရိကန်နိုင်ငံသူတဦးဟာ အစ္စရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှု ကြောင့် သေဆုံးသွားခဲ့ပါတယ်။

သေဆုံးသူဟာအသက် ၂၆ နှစ်အရွယ် Aysenur Ezgi Ezgi ဖြစ်တယ်လို့ Nablus မြို့ ဆေးရုံက ပါလက်စတိုင်းကျန်းမာ ရေးတာဝန်ရှိသူတွေကပြောပါတယ်။

သောကြာနေ့ဝတ်ပြုနေစဉ် အစ္စရေးစစ်တပ်ရောက်လာပြီး ပစ်ခတ်ခဲ့တာလို့ ဒီဝတ်ပြုပွဲမှာပါခဲ့တဲ့ Jabal Subaih ဆိုသူက ပြောပါတယ်။ သေဆုံးခဲ့သူ အမေရိကန်နိုင်ငံသူ Ezgi ဟာ ဦးခေါင်းကိုထိမှန်ခဲ့ပြီး သေဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။

ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကတော့ အလွန်ဝမ်းနည်းစရာကောင်းတဲ့ ဆုံးရှုံးမှုလို့ပြောဆိုခဲ့ပြီး သေဆုံးသူ Ezgi ရဲ့မိသားစုကိုလည်း အမေရိကန် အစိုးရ ကိုယ်စား ဝမ်းနည်းကြောင်းပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး အချက်အလက်တွေ စုဆောင်းနေတယ်လို့လည်း ဝန်ကြီး ဘလင်ကင်က ပြောပါတယ်။

အစ္စရေး စစ်ဘက်ကတော့ Beita ဒေသမှာ လုံခြုံရေးတပ်ဖွဲ့တွေကို ခဲတွေနဲ့ ပစ်ပေါက်ခဲ့တဲ့ အကြမ်းဖက် ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့ကြောင်းနဲ့ နိုင်ငံခြားသားတဦး သေဆုံးခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းနေတယ်လို့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြခဲ့ပါတယ်။

တချိန်ထဲမှာပဲ ဂါဇာကမ်းမြောင်ဒေသမှာလည်း အစ္စရေးက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ပါလက်စတိုင်းသေဆုံးသူ အရေအတွက် ဟာ ၄၀,၈၇၈ ကျော်သွားပြီလို့ ပါလက်စတိုင်း ကျန်းမာရေးဌာနက ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေးပစ်ခတ်မှု အနောက်ဘက်ကမ်းဆန္ဒပြပွဲမှာ ကန်တဦးသေဆုံး
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

Forum

XS
SM
MD
LG