သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနောက်ဘက်ကမ်းဒေသ အစ္စရေးတိုက်ခိုက်မှု ပါလက်စတိုင်း ၉ ဦးထက်မနည်း သေဆုံး


အနောက်ဘက်ကမ်းခြေဒေသက Jenin မြိုတွင်းမှာ စက်ဘီးစီးနေတဲ့ကလေးတယောက်ဘေးက အစ္စရေးသံချပ်ကာကားတစီးဖြတ်မောင်းသွားစဥ်။ (သြဂုတ် ၂၈၊ ၂၀၂၄)
အနောက်ဘက်ကမ်းခြေဒေသက Jenin မြိုတွင်းမှာ စက်ဘီးစီးနေတဲ့ကလေးတယောက်ဘေးက အစ္စရေးသံချပ်ကာကားတစီးဖြတ်မောင်းသွားစဥ်။ (သြဂုတ် ၂၈၊ ၂၀၂၄)

သိမ်းပိုက်ခံအနောက်ဘက်ကမ်းကို အစ္စရေးလ်တပ်ဖွဲ့တွေက ဗုဒ္ဓဟူးနေ့မှာ ဝင်ရောက် စီးနင်းတိုက်ခိုက်ပြီး လေကြောင်းကလည်း တိုက်ခိုက်တာကြောင့် အနည်းဆုံး ပါလက်စတိုင်း တိုက်ခိုက်ရေးသမား ၉ ဦး သေဆုံးပြီး မတည်မငြိမ်ဖြစ်နေတဲ့ Jenin မြို့ကိုလည်း ဝိုင်းရံထားပါတယ်။

အနောက်ဘက်ကမ်းရဲ့ မြောက်ပိုင်းမှာတည်ရှိပြီး စစ်သွေးကြွတွေအားကောင်းခဲ့ရာ Jenin မြို့၊ နောက် ၁၉၈၄ ခုနှစ် အရှေ့အလယ်ပိုင်း စစ်ပွဲ အတွင်းက ဒုက္ခသည်စခန်းတွေဖြစ်တဲ့ Tulkarem နဲ့ Al-Faraa ဒုက္ခသည် စခန်းတွေထဲကို တပ်ဖွဲ့အင်အား အများအပြား ဝင်ရောက်ထားပြီလို့ အစ္စရေးလ် စစ်တပ်က ပြောပါတယ်။ Tulkaem မှာ လေကြောင်းက တိုက်ခိုက်မှုတကြိမ်နဲ့ Al –Faraa မှာ လေကြောင်းက သုံးကြိမ် တိုက်ခိုက်မှု အပါအဝင် အစ္စရေးလ် စစ်တပ်က စစ်သွေးကြွ ၉ ဦးကို သုတ်သင်ခဲ့ကြောင်း စစ်တပ်ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး Nadav Shoshani က ပြောပါတယ်။ စစ်သွေးကြွ သံသယ ရှိသူ ၅ ဦးကို ဖမ်းဆီးခဲ့ပြီး ဒါဟာဆိုရင် စစ်ဆင်ရေးကြီးရဲ့ ပထမအဆင့် စီးနင်းမှုဖြစ်တယ်လို့ သူက ပြောပါတယ်။

အနောက်ဘက်ကမ်း တိုက်ခိုက်မှုအတွင်း ဟာမတ် တိုက်ခိုက်ရေးသမား ၁၀ ဦး သေဆုံးကြောင်း ဟာမတ်အဖွဲ့က ပြောပါတယ်။ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့တွေကတော့ အစ္စရေးလ်တပ်ဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။ အစ္စရေးလ်တပ်ဖွဲ့တွေက Jenin မြို့ကို ဝိုင်းရံထားပြီး ဝင်ပေါက် ထွက်ပေါက်တွေနဲ့ ဆေးရုံသွားခွင့်ကိုလည်း ပိတ်ထားကြောင်း၊ စခန်းတွင်းက အခြေခံ အဆောက်အအုံတွေကိုလည်း ဖျက်စီးခဲ့တယ်လို့ Jening အုပ်ချုပ်ရေးမှူး Kamal Abu al-Rub က ပါလက်စတေးနီးယန်း ရေဒီယိုကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG