သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အောက်တိုဘာ တိုက်ခိုက်မှုမှာ ပါဝင်သူ ဟားမတ်စ်အဖွဲ့ဝင် သေဆုံးမှု အစ္စရေးထုတ်ပြန်

ဂါဇာဒေသအပျက်အစီးတွေကြား ဒေသခံများကိုတွေ့ရစဉ် (စက်တင်ဘာ ၁၊ ၂၀၂၄)
ဂါဇာဒေသအပျက်အစီးတွေကြား ဒေသခံများကိုတွေ့ရစဉ် (စက်တင်ဘာ ၁၊ ၂၀၂၄)

ပြီးခဲ့တဲ့ အောက်တိုဘာလက အစ္စရေးကို ဝင်ရောက်တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ ဟာမတ်စ် စစ်သွေးကြွ တဦးကို သုတ်သင်လိုက်ကြောင်း အစ္စရေးစစ်တပ်က ဒီနေ့ပဲ ပြောလိုက်ပါတယ်။
အောက်တိုဘာတိုက်ခိုက်မှုမှာတုန်းက လက်ပစ်ဗုံးကြောင့် ဖခင်သေဆုံးပြီး၊ ဒဏ်ရာရခဲ့တဲ့ ကလေး ၂ ယောက်ရှေ့မှာ အချိုရည်သောက်နေတဲ့ ဗွီဒီယိုထဲက ဟာမတ်စ်အဖွဲ့ဝင် Ahmed Fozi Wadia ဆိုသူ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့တာပါ။

ဂါဇာမြို့တော်မှာ စနေနေ့က လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ စစ်သွေးကြွ ရှစ်ဦးထဲမှာ ပါဝင်ခဲ့တာလို့လည်း အစ္စရေးစစ်တပ်ကပြောပါတယ်။

တချိန်တည်းမှာပဲ ဂါဇာမှာ တိုက်ခိုက်မှုတွေကို စိုးရိမ်တဲ့အတွက် ဗြိတိန်က အစ္စရေးကို လက်နက်တင်ပို့မှုတွေကို ဆိုင်းငံ့မယ်လို့ ပြောပြီးမကြာခင်မှာပဲ၊ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu ရုံးကတော့ ဗြိတိန်ရဲ့ ပံ့ပိုးမှုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဟာမတ်စ်တွေကို အနိုင်တိုက်မှာဖြစ်တယ်လို့ ဒီနေ့ပဲ ပြောပါတယ်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီး John Healey က ဗြိတိန် အနေနဲ့ အစ္စရေးကို လက်နက် တင်ဖို့ခွင့်လိုင်စင် ၃၅၀ အနက် ၃၀ ကိုသာ ခွင့်ပြုတော့မှာဖြစ်ကြောင်းနဲ့ ဒါဟာ အစ္စရေးနိုင်ငံ လုံခြုံရေးကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ ပြောထားတာပါ။ အစ္စရေးဟာ ဗြိတိန်အပြင် နိုင်ငံတွင်းမှာပါ အပစ်ရပ်ရေး ဆန္ဒပြပွဲတွေနဲ့ ဖိအားပေးမှုတွေကိုလည်း ရင်ဆိုင်နေရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG