သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟက်ဇ်ဘိုလာတို့တိုက်ခိုက်မှုကို လက်ဦးမှုယူတိုက်ခိုက်တာလို့ အစ္စရေးပြော


အစ္စရေးလေတပ်ကနေ လက်ဘနွန်နိုင်ငံထဲက ဟက်ဇ်ဘိုလာပစ်မှတ်တွေကို တိုက်လေယာဥ် ၁၀၀ လောက်နဲ့တိုက်ခိုက်နေချိန် အစ္စရေးမြောက်ပိုင်းက ရိုက်ကူးထားပုံ။ (သြဂုတ် ၂၅၊ ၂၀၂၄)
အစ္စရေးလေတပ်ကနေ လက်ဘနွန်နိုင်ငံထဲက ဟက်ဇ်ဘိုလာပစ်မှတ်တွေကို တိုက်လေယာဥ် ၁၀၀ လောက်နဲ့တိုက်ခိုက်နေချိန် အစ္စရေးမြောက်ပိုင်းက ရိုက်ကူးထားပုံ။ (သြဂုတ် ၂၅၊ ၂၀၂၄)

အစ္စရေးပိုင်နက်ထဲကို ထောင်နဲ့ချီတဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မယ်ဆိုတာ အတိအကျသတင်းရတဲ့ အတွက် ဒါကိုဟန့်တားဖို့၊ တနင်္ဂနွေနေ့ မနက်ပိုင်း လက်ဘနွန်နိုင်ငံအတွင်းက ဟက်ဇ်ဘိုလာအုပ်စုပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာလို့ အစ္စရေးလုံခြုံရေးအရင်းအမြစ်တခုက ဗွီအိုအေကို ပြောပါတယ်။

လက်ဘနွန်တောင်ပိုင်းဒေသက ဟက်ဇ်ဘိုလာတို့ရဲ့ ထောင်နဲ့ချီတဲ့ဒုံးကျည်တွေနဲ့ ဒရုန်းယာဉ်တွေပြင်ဆင်ထားတဲ့ နေရာပေါင်း ၄၀ ကျော်ကို တိုက်လေယဉ် ၁၀၀ လောက်နဲ့ မနက်လင်းအားကြီး ၅ နာရီမတိုင်ခင် တိုက်ခိုက်ခဲ့တယ် လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဟက်ဇ်ဘိုလာအုပ်စုကို အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်ပြည်ထောင်စု က သတ်မှတ်ထားသလို ဒေသတွင်းမှာ အီရန်က အဓိက အထောက်အပံ့ပေးထားတဲ့အဖွဲ့လည်းဖြစ်ပါတယ်။ မနက် ၅ နာရီခွဲလောက်မှာတော့ ဟက်ဇ်ဘိုလာတို့ဘက်က မြောက်ပိုင်းအစ္စရေးဒေသကို ဒုံးကျည်နဲ့ ဒရုန်းယာဉ် ၁၅၀ ကျော်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်ဘက်က ပြောပါတယ်။ အစ္စရေးစစ်သည်တဦးသေဆုံးပြီး အတော်များများ ဒဏ်ရာရတယ်လို့ သိရပါတယ်။

လူမှုကွန်ယက်မီဒီယာတွေမှာတော့ ဒုံးကျည်နဲ့ ဒရုန်း ၃၀၀ ကျော်နဲ့ အစ္စရေးကို တိုက်ခိုက်ခဲ့တယ်လို့ ဟက်ဇ်ဘိုလာတို့ဘက်ကကြေညာပါတယ်။ ဇူလိုင် ၃၀ ရက်နေ့က ဟက်ဇ်ဘိုလာထိပ်တန်းတပ်မှူး Fouad Shukar ကို အစ္စရေးဘက်က လုပ်ကြံသတ်ဖြတ်တဲ့အပေါ် ကနဦး လက်တုံ့ပြန်မှုဖြစ်တယ်လို့ ဟက်ဇ်ဘိုလာက ကြေညာပါတယ်။

အစ္စရေးနိုင်ငံတွင်းက စစ်ဘက်နဲ့ အရပ်ဘက်တွေကို တိုက်ခိုက်ဖျက်ဆီးဖို့ ဟက်ဇ်ဘိုလာတို့ရဲ့ အစီအစဉ်ကို အစ္စရေးဘက်ကအတိအကျ ထောက်လှမ်းရရှိခဲ့တယ်လို့ အစ္စရေးဝန်ကြီးချုပ် Netanyahu ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးဟောင်း အစ္စရေး အရန်တပ်ဖွဲ့ ဗိုလ်မှူးချုပ် Jacob Nagel က ဗွီအိုအေကို စာနဲ့ ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG