သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ဘနွန်တောင်ပိုင်း ဟက်ဇ်ဘိုလာတွေကို အစ္စရေးပစ်မှတ်ထားတိုက်ခိုက်


အစ္စရေးဘက်ခြမ်း လက်ဘနွန်ဘက်ကတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတဦးကို အစ္စရေးစစ်သားများက နေရာရွှေ့ပြောင်းပေးနေစဥ်။ (စက်တင်ဘာ ၁၊ ၂၀၂၄)
အစ္စရေးဘက်ခြမ်း လက်ဘနွန်ဘက်ကတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတဦးကို အစ္စရေးစစ်သားများက နေရာရွှေ့ပြောင်းပေးနေစဥ်။ (စက်တင်ဘာ ၁၊ ၂၀၂၄)

အစ္စရေးကို ဒါဇင်နဲ့ချီတဲ့ ရော့ကတ်ဒုံးတွေ ပစ်ခတ်ခဲ့တဲ့ လက်ဘနွန်နိုင်ငံတောင်ပိုင်းက Hezbollah အဖွဲ့ကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ကြောင်း အစ္စရေး စစ်တပ်က စက်တင်ဘာ ၄ ရက်နေ့မှာ ပြောလိုက်ပါတယ်။

လက်ဘနွန်ဘက်ကပစ်ခတ်ခဲ့တဲ့ ရော့ကတ်ဒုံး ၆၅ ခုထဲက တချို့ကို အစ္စရေး လေကြောင်းရန်ကာကွယ်ရေးစနစ်ကကြားဖြတ် ပစ်ချနိုင်ခဲ့ပြီး တချို့ကတော့ ကွင်းပြင်တွေထဲ ကျရောက်ခဲ့တယ်လို့လည်း အစ္စရေးစစ်တပ်က ပြောပါတယ်။တချိန်တည်းမှာပဲ အစ္စရေးလ်နဲ့ ဟာမတ်ကြား အပစ်အခတ်ရပ်စဲရေးသဘောတူကြဖို့လည်း အမေရိကန်ပြည်ထောင်စုက အင်္ဂါနေ့မှာ ထပ်ပြီး ဖိအားပေးတိုက်တွန်းထားပါတယ်။

အစ္စရေးလ်နဲ့ ဟာမတ်ကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုမှာ အခြေအတင်ဖြစ်နေတဲ့ အဓိက ချက်တခုကတော့ ဂါဇာနဲ့အီဂျစ်ကြား နယ်စပ်မှာ အစ္စရေးလ်တပ်တွေ ဆက်လက်ချထားရေး အစ္စရေးလ်ဝန်ကြီးချုပ် Netanyahu ကအခိုင်အမာရပ်တည်ထားတာကြောင့် ဖြစ်ပါတယ်။

ဂါဇာမှာ အစ္စရေးလ်တပ်တွေ ရေရှည်ချထားရေးကို အမေရိကန်ကဆန့်ကျင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ Matthew Miller က ပြောဆိုထားပါတယ်။ တိုက်ခိုက်မှုရပ်စဲရေးအတွက် အစ္စရေးလ်တပ်ဖွဲ့တွေဂါဇာကရုပ်သိမ်းပေးရေးတောင်းဆိုထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးလ်ဝန်ကြီးချုပ်Netanyahu က ပယ်ချထားပါတယ်။ ဟာမတ်တို့ ဆက်လက်ရှိနေပြီး အစ္စရေးလ်ရဲ့ ရေရှည်လုံခြုံရေးအပေါ် ထိခိုက်မယ့်အရေး စိုးရိမ်ချက်ကြောင့် ဖြစ်ပါတယ်။ အစ္စရေးလ်ဘက်က တောင်းဆိုချက်သစ်တွေလုပ်ပြီး ဆွေးနွေးပွဲကိုအချိန်ဆွဲနေတယ်လို့ ဟာမတ်စ်ဘက်က စွပ်စွဲထားပါတယ်။ ဟာမတ်အဖွဲ့ကိုတော့ အမေရိကန်၊ ယူကေနဲ့ တခြားသောအနောက်နိုင်ငံတွေက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG