သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်၊ အီဂျစ်၊ကာတာ ဂါဇာအပစ်ရပ်ရေးအဆိုမူကြမ်းရေးဆွဲနေ


အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ John Kirby
အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ John Kirby

ဂါဇာက ၁၁ လကြာစစ်ပွဲအဆုံးသတ်ဖို့ အစ္စရေးနဲ့ဟာမတ်စ်ကြား သဘောတူညီချက်တရပ်ရရှိအောင် အီဂျစ်၊ ကာတာနိုင်ငံတို့နဲ့ အပစ်ရပ်ရေး အဆိုပြုချက်တရပ် ရေးဆွဲနေတယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။

အမေရိကန်တယောက်အပါအဝင် ဓားစာခံ ၆ ဦးကို ဟာမတ်စ်က သတ်ဖြတ်လိုက်တာဟာ ဆွေးနွေးပွဲမှာ သဘောတူညီချက် အလျင်စလိုရဖို့ အရေးကြီးတာကို ပြနေတယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ John Kirby က ဆိုပါတယ်။ တကယ်လို့ အဆိုပြုချက်အသစ်ကို လက်မခံဘူးဆိုရင် ဘာဖြစ်လာမလဲ ဆိုတာကိုတော့ ဂျွန်ကာဘီက မပြောပါဘူး။ အီဂျစ်နဲ့ ဂါဇာနယ်စပ်တလျှောက် အစ္စရေး စစ်တပ်ကို ဆက်လက် ထားရှိဖို့ ရည်မှန်းချက်ကို မပြောင်းနိုင်ဘူးလို့ အစ္စရေးဝန်ကြီးချုပ် ဘင်န်ဂျမင် နသန်ယာဟု က ရပ်တည်ထားပါတယ်။ ဒါပေမဲ့ အပစ်ရပ် သဘောတူညီချက် ပထမ အဆင့်မှာ Philadelphi corridor အပါအဝင် လူနေထူထပ်တဲ့ နေရာတွေကနေ အစ္စရေးတပ်တွေကို ရုပ်သိမ်းဖို့တော့ အစ္စရေးက သဘောတူပြီးဖြစ်တယ်လို့ ဂျွန်ကာဘီက ပြောပါတယ်။

သဘောတူညီချက်ရဖို့ နသန်ယာဟုကို တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ အစ္စရေး နိုင်ငံအနှံ့မှာ ဖြစ်ပွါးနေပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဂျွန်ကာဘီက မှတ်ချက်မပေးဘဲ အစ္စရေး ပြည်သူတွေက သူတို့ဘာသာ စကားပြောကြပါလိမ့်မယ်လို့ပြောပါတယ်။

 ကန်၊ အီဂျစ်၊ကာတာ ဂါဇာအပစ်ရပ်ရေးအဆိုမူကြမ်းရေးဆွဲနေ
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG