သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာစစ်ပွဲ အမြန်အဆုံးသတ်ဖို့ ကုလလူ့အခွင့်အရေး မဟာမင်းကြီးတိုက်တွန်း


ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး  Volker Turk
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး  Volker Turk

အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ဂါဇာဒေသမှာ စစ်ဖြစ်နေတာတွေကို အမြန်ဆုံးအဆုံးသတ်နိုင်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။

"စစ်ပွဲအဆုံးသတ်ရေးနဲ့ ဒေသတွင်း ပဋိပက္ခကြီးတခု ဖြစ်မလာအောင် ရှောင်ရှားနိုင်ရေးဟာ အကြွင်းမဲ့ ဦးစားပေးရမယ့် ကိစ္စဖြစ်ပါတယ်။" လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ဒီကနေ့ပဲ ပြောခဲ့တာပါ။

စစ်ပွဲတွေဖြစ်ပွားနေတဲ့ အကြောင်းအရင်းကို မဖြေရှင်းနိုင်ရင် အမုန်းပွားမှုတွေနဲ့ အနာဂတ် မျိုးဆက်တွေကိုပါ ကူးစက်ပျံ့နှံ့သွားနိုင်တယ်လို့လည်း သတိပေးခဲ့တာပါ။

ဂါဇာမှာ လူပေါင်း ၁.၉ သန်း ကို အတင်းအကျပ် ရွေ့ပြောင်းနေထိုင်နေရကြောင်းနဲ့ ဓားစာခံအဖြစ် အစ္စရေး ၁၀၁ဦးဖမ်းဆီးခံရမှု အခြေအနေတွေနဲ့ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းဒေသမှာ ဖြစ်နေတဲ့ ကြောက်မက်ဖွယ်စစ်ရေးအခြေအနေတို့ကိုလည်း လူ့အခွင့်အရေး မဟာမင်းကြီးက ထောက်ပြခဲ့ပါတယ်။

ဒေသတွင်း ပဋိပက္ခတွေ ကြီးထွားလာမှာကို စိုးရိမ်နေချိန်မှာပဲ အစ္စရေးစစ်တပ်ကတော့ လက်ဘနွန်တောင်ပိုင်းက ဟစ်ဇ်ဘိုလာ စစ်သွေးကြွတွေ အသုံးပြုနေတဲ့ အဆောက်အဦတွေနဲ့ ရော့ကတ်ဒုံး ပစ်ခတ်ရာ နေရာကို ညဖက်မှာ တိုက်ခိုက်ခဲ့ကြောင်း ဒီနေ့ပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကလည်း တနှစ်နီးပါးကြာလာပြီးဖြစ်တဲ့ ဂါဇာစစ်ပွဲမှာ ဟာမတ်စ်တွေကို အမြစ်ပြုတ် ချေမှုန်းဖို့ ကတိကဝတ်တွေ ပေးထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာတော့ ကျန်နေသေးတဲ့ ဓားစာခံတွေ လွတ်မြောက်ရေးအပါအဝင် ဟားမတ်စ်တွေနဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ကွက်မှုတွေအတွက် အစ္စအရေး အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါသေးတယ်။

ဂါဇာစစ်ပွဲ အမြန်အဆုံးသတ်ဖို့ ကုလလူ့အခွင့်အရေး မဟာမင်းကြီးတိုက်တွန်း
please wait

No media source currently available

0:00 0:01:30 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG