သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာတောင်ပိုင်း အစ္စရေးလေကြောင်းတိုက်ခိုက်မှု ၁၀ ဦးထက်မနည်းသေဆုံး

ဂါဇာဒေသ Khan Younis မြို့ ဒုက္ခသည်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရအပြီး မြင်ကွင်း (ဇန်နဝါရီ ၂၊ ၂၀၂၅)
ဂါဇာဒေသ Khan Younis မြို့ ဒုက္ခသည်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရအပြီး မြင်ကွင်း (ဇန်နဝါရီ ၂၊ ၂၀၂၅)

ဂါဇာ တောင်ပိုင်းမှာ ကြာသပတေးနေ့ အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ ဦးထက် မနည်း သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ထမ်း တွေက ပြောပါတယ်။ ဂါဇာ Khan Younis မြို့ အနောက်ဘက် အယ်လ် မာဝါစီ ရပ်ကွက်က ဒုက္ခသည်စခန်းကို ထိမှန်ခဲ့တာ ဖြစ်ပြီး သေဆုံးသွားသူ တွေထဲမှာ ဂါဇာရဲချုပ် မာမွတ် ဆာလာ နဲ့ သူ့လက်ထောက် အယ်လ် မာဝါစီ တို့လည်း သေဆုံးခဲ့ရတယ်လို့ တာဝန်ခံ အရာရှိတွေက ပြောပါတယ်။

အစ္စရေးကာကွယ်ရေး ဝန်ကြီး Israel Katz ကတော့ ဟားမတ်စ်တွေ ၂၀၂၃ အောက်တိုဘာ အစ္စရေးကိုဝင်တိုက်ချိန်က ဓါးစာခံအဖြစ် ဖမ်းထားသူတွေကို ပြန်မလွှတ်ပဲ ဆက်ဖမ်းထားပြီး အစ္စရေးဒေသခံ တွေကို ရော့ကက်တွေနဲ့ ဆက်လက်ပစ်ခတ်နေမယ် ဆိုရင် ပြင်းပြင်းထန်ထန် တိုက်ခိုက်တာ ခံရမှာဖြစ်ကြောင်း ဗုဒ္ဓဟူး နေ့က သတိပေးခဲ့တာပါ။ ဟားမတ်စ်တွေရဲ့ အဲဒီ တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၂၀၀ လောက်သေဆုံးခဲ့ရတဲ့ အပြင် အဲဒီအချိန်က ဖမ်းသွားတဲ့ ဓါးစာခံ ၂၅၀ လောက်ထဲက သုံးပုံ တပုံ ထက်မနည်း သေဆုံးသွားမယ်လို့ ယုံကြည်ရပြီး ၁၀၀ လောက်ကိုတော့ ဂါဇာမှာ ဆက်ပြီး အဖမ်းခံနေရဆဲ ဖြစ်ပါတယ်။

အစ္စရေးရဲ့ လက်တုံ့ပြန် တိုက်ခိုက်မှုကနေ ဂါဇာမှာ ပါလက်စတိုင်း ၄သောင်းခွဲကျော် သေဆုံးရပြီ ဖြစ်ပြီး ဒဏ်ရာကသူက ၁ သိန်းကျော်နေပြီလို့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။ လူဦးရေ ၂.၃ သန်းနေထိုင်တဲ့ ဂါဇာမှာ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးရသူက ရာခိုင်နှုန်း ၉၀ ရှိနေပါတယ်။ ဟားမတ်စ်တွေကို အမေရိကန်၊ ဗြိတိန်၊ အီးယူ ဥရောပသမဂ္ဂနဲ့ တခြားနိုင်ငံတွေက အကြမ်းဖက် အဖွဲ့အစည်း အဖြစ်သတ်မှတ်ထားတာပါ။

ဂါဇာတောင်ပိုင်း အစ္စရေးလေကြောင်းတိုက်ခိုက်မှု ၁၀ ဦးထက်မနည်းသေဆုံး
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG