သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအပစ်ရပ် ဆွေးနွေးပွဲ အီဂျစ်မှာ ပြန်စမည်


 Khan Younisမြို့အပြင်ဖက် စစ်ရှောင်စခန်းတခုကို အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့တဲ့ ၁၈ လအရွယ်ကလေးငယ်ကို ဦးလေးဖြစ်သူနဲ့အတူတွေ့ရစဉ် (ဒီဇင်ဘာ ၅၊ ၂၀၂၄)
Khan Younisမြို့အပြင်ဖက် စစ်ရှောင်စခန်းတခုကို အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့တဲ့ ၁၈ လအရွယ်ကလေးငယ်ကို ဦးလေးဖြစ်သူနဲ့အတူတွေ့ရစဉ် (ဒီဇင်ဘာ ၅၊ ၂၀၂၄)

ဂါဇာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲကို အီဂျစ်နိုင်ငံမှာ ပြန်စတော့မယ်လို့ အစ္စရေးနဲ့ ဟာမတ်စ် အရာရှိတွေက ပြောဆိုလိုက်ပါတယ်။ ဂါဇာမှာ စစ်ပွဲတွေရပ်ဖို့ အမေရိကန်နဲ့ ကာတာနိုင်ငံတွေက ကြားဝင် စေ့စပ်ပြီး ဆွေးနွေးပွဲတွေ ကျင်းပခဲ့ပေမဲ့ တိုးတက်မှုတစုံတရာ မရှိတဲ့အပေါ် ကြားဝင် ညှိနှိုင်းပေးနေတဲ့နိုင်ငံတွေက ဆွေးနွေးပွဲတွေကို ပြီးခဲ့တဲ့လက ရပ်ဆိုင်းခဲ့ပြီးတဲ့နောက် အခုတကြိမ် ပြန်စမယ့်အကြောင်း ပြောဆိုလာတာ ဖြစ်ပါတယ်။

ဂါဇာမှာ ပြန်ပေးဆွဲထားသူတွေကို ဟာမတ်စ်က ပြန်လွှတ်ပေးပြီး အစ္စရေးကလည်း သူတို့ထိန်းသိမ်းထားတဲ့ ပါလက်စတိုင်း အကျဥ်းသားတွေကို ပြန်လွှတ်ပေးဖို့ နဲ့ တိုက်ပွဲတွေ ရပ်တန့်ရေး ကြိုးပမ်းမှုတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ပြန်လည် စတင် လုပ်ဆောင်နေတယ်လို့ ဟာမတ်စ်အဖွဲ့ နိုင်ငံရေးရာတာဝန်ခံ Bassem Naim က အေပီ သတင်းဌာနကို ကြာသတေးနေ့က ပြောဆိုခဲ့ပါတယ်။ အပစ်ရပ် ဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့အတွက် ကာတာနိုင်ငံက စေ့စပ် ညှိနှိုင်းရေးမှူးတွေ အီဂျစ်နိုင်ငံကို ပြန်လည် ရောက်ရှိနေပြီလို့လည်း နောက်ထပ် သတင်းရင်းမြစ်တခုကို ကိုးကားပြီး အေပီသတင်းက ဖော်ပြပါတယ်။

ဂါဇာမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရယူနိုင်ဖို့ ကြားဝင်ညှိနှိုင်းသူတွေ အပြင်းအထန် ပြန်လည် ကြိုးပမ်း အားထုတ် နေကြတဲ့အကြောင်း ဝါရှင်တန်ပို့စ် သတင်းစာကလည်း သောကြာနေ့က ဖော်ပြခဲ့ပါတယ်။ ဂါဇာမှာ ကျန်နေတဲ့ ဓါးစားခံတွေ ပြန်လည် လွတ်မြောက်ရေးအတွက် အခု ဆွေးနွေးပွဲက အခွင့်အလမ်းတရပ် ဖြစ်တယ်ဆိုတာကို အစ္စရေးက ယူဆသလို၊ သဘောတူညီချက် ရတဲ့အထိ အခိုင်အမာ ကြိုးပမ်းသွားမယ့်အကြောင်း အစ္စရေးနိုင်ငံခြားရေး ဝန်ကြီး Gideon Saar က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ Malta ကျွန်းမှာ တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့လည်း ဝါရှင်တန်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။ အပစ်ရပ် ဆွေးနွေးပွဲမှာ အဆိုပြုချက် အသစ်တွေ ဆွေးနွေးဖို့အတွက် အစ္စရေး အကြီးတန်း ကိုယ်စားလှယ်အဖွဲ့ လာမယ့် သီတင်းပတ် အစောပိုင်း အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို ထွက်ခွာမယ့်အကြောင်းလည်း သတင်းတွေမှာ ဖော်ပြကြပါတယ်။

ဂါဇာအပစ်ရပ် ဆွေးနွေးပွဲ အီဂျစ်မှာ ပြန်စမည်
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG