သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး လေကြောင်းတိုက်ခိုက်မှု WCK ပရဟိတ ဝန်ထမ်းတချို့ သေဆုံး


ပရဟိတအဖွဲ့ World Central Kitchen (WCK) က ဝန်ထမ်းတွေလိုက်ပါလာတဲ့ ကားတစီး လေကြောင်းတိုက်ခိုက်ခံရအပြီး မြင်တွေ့ရစဉ် (နိုဝင်ဘာ ၃၀၊ ၂၀၂၄)
ပရဟိတအဖွဲ့ World Central Kitchen (WCK) က ဝန်ထမ်းတွေလိုက်ပါလာတဲ့ ကားတစီး လေကြောင်းတိုက်ခိုက်ခံရအပြီး မြင်တွေ့ရစဉ် (နိုဝင်ဘာ ၃၀၊ ၂၀၂၄)

ဂါဇာကမ်းမြောင်ဒေသမှာ စနေနေ့က ကားတစီးကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာမှာ ပရဟိတအဖွဲ့ World Central Kitchen (WCK) က ဝန်ထမ်းတွေ အပါအဝင် လူ ၅ ဦး သေဆုံးခဲ့ပါတယ်။ ဂါဇာစစ်ပွဲ ဖြစ်အောင် စခဲ့တဲ့ ဟာမတ်စ်တွေရဲ့ တိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ WCK ဝန်ထမ်းတဦးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ အစ္စရေး စစ်တပ်က ပြောဆိုခဲ့ပြီးတဲ့နောက် ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေ ချက်ချင်း သိရဖို့ လုပ်နေတယ်လို့ WCK ပရဟိတ အဖွဲ့က ပြောပါတယ်။

ဒီအဖွဲ့ဟာ စစ်ပွဲတွေနဲ့ လူသားဘေးဒုက္ခ အကျပ်အတည်းတွေ ဆိုးဆိုးရွားရွား ကြုံနေရတဲ့ ဂါဇာဒေသအတွက် စားနပ်ရိက္ခာ အကူအညီတွေ ပေးနေတဲ့ ပရဟိတအဖွဲ့ ဖြစ်ပါတယ်။ စနေနေ့ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသူတွေ အတွက် ဝမ်းနည်းကြေကွဲရကြောင်းနဲ့ အစ္စရေးက ပြောသလို တိုက်ခိုက်ခံရတဲ့ ကားထဲမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် ဟာမတ်စ် တိုက်ခိုက်မှုနဲ့ ပတ်သက် ဆက်နွယ်နေသူ တယောက်မှ ရှိမနေဘူးလို့လည်း WCK အဖွဲ့က ပြောပါတယ်။ အချက်အလက် ပြည့်ပြည့်စုံစုံရဖို့ ကြိုးစားနေပြီး ဂါဇာမှာ အကူအညီပေးရေး လုပ်ငန်းတွေ လတ်တလော ရပ်ထားလိုက်တယ်လို့လည်း ပြောပါတယ်။

ဒီနှစ် အစောပိုင်း တုန်းကလည်း အလားတူ လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့တာမျိုး ရှိခဲ့ပါသေးတယ်။ အဲ့ဒီတုန်းကလည်း အစ္စရေးလေကြောင်း တိုက်ခိုက်မှုကြောင့် နိုင်ငံခြားသား ဝန်ထမ်း အများစု အပါအဝင် WCK ဝန်ထမ်း ၇ ဦး သေဆုံးခဲ့ရတာပါ။ အစ္စရေးစစ်တပ် ကတော့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်သူတွေဟာ WCK ဝန်ထမ်းတွေနဲ့အတူ လက်တွဲ လုပ်ခဲ့တာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့လည်း WCK တာဝန်ရှိသူတွေရော၊ နိုင်ငံတကာ အသိုင်းအဝိုင်းက အကြီးတန်း တာဝန်ရှိသူတွေကိုပါ ရှင်းလင်းချက်ပေးဖို့ တောင်းဆိုခဲ့တဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အစ္စရေး လေကြောင်းတိုက်ခိုက်မှု WCK ပရဟိတ ဝန်ထမ်းတချို့ သေဆုံး
please wait

No media source currently available

0:00 0:01:31 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG