သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးတိုက်ခိုက်မှုကြောင့် ဂါဇာမှာ အကူအညီပေးရေးဝန်ထမ်း ၇ ဦးသေဆုံး

အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ ယာဉ်တစီး (ဧပြီ ၂၊ ၂၀၂၄)
အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ ယာဉ်တစီး (ဧပြီ ၂၊ ၂၀၂၄)

ဂါဇာဒေသမှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဝန်ထမ်း ၇ ဦးသေဆုံးခဲ့ကြောင်း World Central Kitchen (WCK) အကူအညီပေးရေးအဖွဲ့က ပြောဆိုလိုက်ပြီး လုပ်ငန်းတွေကိုလည်း ချက်ချင်း ရပ်ဆိုင်းလိုက်ပါတယ်။ Deir al-Balah ရှိ ဂိုဒေါင်တခုကိုပို့ပေးရမယ့် စားနပ်ရိက္ခာ ထောက်ပံ့ရေး တန်ချိန် ၁၀၀ ကိုတော့ အပြီးသတ်ပို့ဆောင်ပေးနိုင်ခဲ့ကြောင်းနဲ့ အဖွဲ့ရဲ့ တံဆိပ်ကပ်ထားတဲ့ ကျည်ကာကား ၂ စီးပါတဲ့ ယဉ်တန်း ပြန်လည်ထွက်ခွာချိန်မှာ တိုက်ခိုက်ခံရတာလို့လည်း ပြောပါတယ်။ အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို အစ္စရေးစစ်တပ်နဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ပေမဲ့လည်း ခုလို တိုက်ခိုက်မှု ခံခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေထဲမှာ ပါလက်စတိုင်းနိုင်ငံသား၊ သြစတြေးလျနိုင်ငံသား၊ ပိုလန်၊ ဗြိတိန်နဲ့ အမေရိကန်-ကနေဒါနိုင်ငံသား တဦးတို့ ပါဝင်တယ်လို့လည်း WCK အဖွဲ့က ပြောပါတယ်။ WCK အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် Erin Gore ကလည်း ဒီတိုက်ခိုက်မှုဟာ ခွင့်လွှတ်စရာမရှိတဲ့ တိုက်ခိုက်မှုဖြစ်သလို စားနပ်ရိက္ခာကို လက်နက်သဖွယ် အသုံးချပြီး၊ လူသားချင်း စာနာထောက်ထားတဲ့ အဖွဲ့အစည်းတွေကို တိုက်ခိုက်တာဖြစ်တယ်လို့လည်း ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ Martin Griffiths ကလည်း အပစ်အခတ်ရပ်စဲရေးအကြောင်း ပြောနေကြတုန်းမှာ ခုလို လုပ်တာဟာ လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်လို့ ဝေဖန်ခဲ့ပါတယ်။

အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ Adrienne Watson ကလည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီဖြစ်ရပ်အတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်သားတွေ အကာအကွယ်ပေးရမှာဖြစ်ပြီး၊ ဖြစ်ပျက်ခဲ့သမျှတွေကို အမြန်ဆုူးစုံစမ်းစစ်ဆေးပေဖို့ အစ္စရေးဘက်ကိုတိုက်တွန်းပါတယ်လို့ X လူမှုကွန်ယက်မှာ ပြောထားပါတယ်။

အစ္စရေးတိုက်ခိုက်မှုကြောင့် ဂါဇာမှာ အကူအညီပေးရေးဝန်ထမ်း ၇ ဦးသေဆုံး
please wait

No media source currently available

0:00 0:00:51 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG