သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ဘနွန်က ဟဇ်ဘိုလာပစ်မှတ်တွေ အစ္စရေးတိုက်ခိုက်


ဟဇ်ဘိုလာအဖွဲ့ကို ပစ်မှတ်ထားပြီး လက်ဘနွန်နိုင်ငံတောင်ပိုင်းက Kfar Kila ရွာကို အစ္စရေးက လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ် (ဩဂုတ် ၇၊ ၂၀၂၄)
ဟဇ်ဘိုလာအဖွဲ့ကို ပစ်မှတ်ထားပြီး လက်ဘနွန်နိုင်ငံတောင်ပိုင်းက Kfar Kila ရွာကို အစ္စရေးက လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ် (ဩဂုတ် ၇၊ ၂၀၂၄)

လက်ဘနွန်နိုင်ငံတောင်ပိုင်းက နေရာအတော်များများမှာရှိတဲ့ ဟဇ်ဘိုလာအဖွဲ့ရဲ့ ပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဒီနေ့ ပြောလိုက်ပါတယ်။ အစ္စရေးရဲ့ တိုက်ခိုက်မှုတခုကြောင့် Doueir မြို့က နေအိမ်တခု ထိခိုက်ပျက်စီးသွားခဲ့ပေမယ့်၊ ဒဏ်ရာရ သေဆုံးတာရှိတယ်လို့ မသိရသေးကြောင့် လက်ဘနွန်အစိုးရသတင်းဌာနက ပြောပါတယ်။

ဒါ့အပြင် ဂါဇာဒေသတောင်ပိုင်းက Rafah မြို့ကိုလည်း ဒီနေ့မှာ ထပ်မံဝင်ရောက်စီးနင်းခဲ့ပြီး၊ ဂါဇာမြောက်ပိုင်းက စစ်သွေးကြွတွေ တိုက်ခိုက်နေတဲ့နေရာကိုလည်း တိုက်လေယာဉ်တွေနဲ့ ဗုံံးကြဲတိုက်ခိုက်ခဲ့တယိလု့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ဂါဇာဒေသမှာ အကူအညီပေးနေတဲ့ World Central Kitchen အဖွဲ့ကတော့ ဂါဇာအလယ်ပိုင်းက သူတို့ရဲ့ အဖွဲ့ရဲ့ ဂိုဒေါင်မှာ အလုပ်လုပ်နေတဲ့ ပါလက်စတိုင်းတယောက် သေဆုံးသွားခဲ့ပြီး၊ သေဆုံးတဲ့သူနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုစုံစမ်းနေပြီး အလုပ်ချိန်ပြင်ပမှာ သေဆုံးသွားပုံ ရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အစ္စရေးနဲ့တိုက်ခိုက်မှုကြောင့် ဟားမတ်စ်နဲ့ ဟဇ်ဘိုလာခေါင်းဆောင် ၂ ယောက် အီရန်နိုင်ငံတဟီရန်မြို့နဲ့ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွေမှာ သေဆုံးခဲ့တဲ့အတွက် ဒေသတွင်းမှာ စစ်ပွဲတွေပိုပြီးတော့ ကြီးထွာလာမှာကို စိုးရိမ်နေတဲ့ကြားမှာပဲ တိုက်ပွဲတွေ ဆက်ဖြစ်နေတာဖြစ်ပါတယ်။ ဟဇ်ဘိုလာဘက် အစ္စရေးကို တုံ့ပြန်မယ်လို့ ကြုံးဝါးထားပြီး၊ အစ္စရေးကလည်း အသစ်ခန့်လိုက်တဲ့ ဟဇ်ဘိုလာခေါင်းဆောင်ကို သုတ်သင်ရှင်းလင်းသွားမယ်လို့ ကတိပြုထားပါတယ်။

ဒီလို တိုက်ပွဲတွေဆက်ဖြစ်နေပြီး အရှေ့အလယ်ပိုင်းဒေသတွင်းမှာ စစ်ပွဲတွေပိုကြီးထွားလာမှာကို စိုးရိမ်နေတဲ့ကြားမှာပဲ ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရဖို့အတွက် နောက်ဆုံးအဆင့်ကိုရောက်နေပြီလို့ အမေရိကန် အစိုးရတာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ အမေရိကန်ဘက်က အခုလို အကောင်းမြင်ပြောနေပေမယ့်လည်း ဒေသတွင်းမှာတင်းမာမှုတွေ တိုးလာနေတဲ့ အခြေအနေနဲ့တော့ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ အကဲခတ်တွေက ပြောလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG