သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်းခေါင်းဆောင်ဈာပန ကာတာနိုင်ငံမှာ ကျင်းပ


ကာတာနိုင်ငံ Imam Muhammad bin Abdul Wahhab ဗလီမှာ ဈာပနအခမ်းအနားကျင်းပနေစဉ် (ဩဂုတ် ၂၊ ၂၀၂၄)
ကာတာနိုင်ငံ Imam Muhammad bin Abdul Wahhab ဗလီမှာ ဈာပနအခမ်းအနားကျင်းပနေစဉ် (ဩဂုတ် ၂၊ ၂၀၂၄)

အီရန်နိုင်ငံမြို့တော် တီဟီရန်မှာ သတ်ဖြတ်ခံလိုက်ရတဲ့ ဟာမတ်စ်အဖွဲ့နိုင်ငံရေးခေါင်းဆောင် Ismail Haniyeh ရဲ့ ဈာပနကို ကာတာနိုင်ငံမှာ ဒီကနေ့ ဩဂုတ်လ ၂ ရက်နေ့မှာ ကျင်းပပါတယ်။ အစ္စရေးရဲ့ လက်ချက်နဲ့ သေဆုံးသွားတယ်လို့ ယူဆရဲ့ ဒီ သတ်ဖြတ်မှုကြောင့် ဂါဇာမှာဖြစ်နေတဲ့ အစ္စရေး-ဟာတ်စ် စစ်ပွဲဟာ ဒေသတွင်းပဋိပက္ခအဖြစ် ကျယ်ပြန့်လာမယ့်အပေါ် စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။

Haniyeh ဟာ ဟာမတ်စ်အဖွဲ့ နိုင်ငံရေးရုံးအဖွဲ့က တခြား တာဝန်ရှိသူတွေနဲ့အတူ ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ အခြေစိုက်နေထိုင်နေသူလည်း ဖြစ်ပါတယ်။

ရေနံပေါကြွယ်ဝတဲ့ ကာတာနိုင်ငံရဲ့ အကြီးဆုံး ဗလီကြီးဖြစ်တဲ့ Imam Muhammad bin Abdul Wahhab မှာ ဈာပနအတွက် ဝတ်ပြု ဆုတောင်းပွဲကျင်းပပြီး ဒိုဟာမြို့တော်ရဲ့မြောက်ဘက် Lusail သုဿန်မှာ သူ့ကို ဒီကနေ့ မြေမြုပ်သင်္ဂြိုလ်မှာ ဖြစ်ပါတယ်။

သူ့ကို သတ်ဖြတ်လိုက်တဲ့အတွက် အစ္စရေးကို လက်စားချေဖို့ ပြောဆိုမှုတွေ ထွက်ပေါ်နေသလို အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဆီးရီးယား၊ ဘက်ဘနွန်၊ အီရတ်နဲ့ ယီမင်နိုင်ငံတို့မှာ ရှိနေတဲ့ စစ်သွေးကြွအုပ်စုတွေနဲ့ အစ္စရေးအကြား ထိတွေ့မှုတွေ တိုးလာနေပြီး သေတွင်းတခုလုံးကို စစ်မီး ကူးစက်လာမှာ စိုးရိမ်နေကြပါတယ်။

Haniyeh ရဲ့ ဈာပနကို အာရပ်နဲ့ အစ္စလာမ်မစ်ခေါင်းဆောင်တွေ အပါအဝင် တခြား ပါလက်စတိုင်းအဖွဲ့တွေက ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြမယ်လို့ ဟာမတ်စ်အဖွဲ့က ပြောပါတယ်။

Haniyeh နဲ့ သူ့ရဲ့ သက်တော်စောင့်တို့ဟာ တီဟီရန်မြို့က သူတို့ တည်းခို နေထိုင်နေတဲ့ နေအိမ်မှာ မနက်အစောပိုင်း မိုးမလင်းခင် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တိုက်ခိုက် သတ်ဖြတ်ခံခဲ့ကြရတာပါ။

ပါလက်စတိုင်းခေါင်းဆောင်ဈာပန ကာတာနိုင်ငံမှာ ကျင်းပ
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG