သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာမတ်စ်နိုင်ငံရေးခေါင်းဆောင် ဈာပနအခမ်းအနား အီရန်မှာကျင်းပ


အီရန်နိုင်ငံ တီဟီရန်မြို့မှာကျင်းပတဲ့ ဟာမတ်စ်အဖွဲ့ခေါင်းဆောင် Ismail Haniyeh ရဲ့ ဈာပနအခမ်းအနားကိုတက်ရောက်လာတဲ့ အီရန်ဘာသာရေးဥသျှောင် Ayatollah Ali Khamenei နဲ့ သမ္မတသစ် Masoud Pezeshkian (ဩဂုတ် ၁၊ ၂၀၂၄)
အီရန်နိုင်ငံ တီဟီရန်မြို့မှာကျင်းပတဲ့ ဟာမတ်စ်အဖွဲ့ခေါင်းဆောင် Ismail Haniyeh ရဲ့ ဈာပနအခမ်းအနားကိုတက်ရောက်လာတဲ့ အီရန်ဘာသာရေးဥသျှောင် Ayatollah Ali Khamenei နဲ့ သမ္မတသစ် Masoud Pezeshkian (ဩဂုတ် ၁၊ ၂၀၂၄)

တီဟီရန်မြို့တော်မှာ သတ်ဖြတ်ခံလိုက်ရတဲ့ ဟာမတ်စ်အဖွဲ့ရဲ့ နိုင်ငံရေးခေါင်းဆောင် Ismail Haniyeh ရဲ့ ဈာပန အခမ်းအနားကို အီရန်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ သူအသတ်ခံလိုက်ရတဲ့အတွက် ဒေသတွင်းမှာ ပဋိပက္ခတွေ ပိုမိုကျယ်ပြန့်လာမယ့်အပေါ် စိုးရိမ်မှုတွေ ကြီးထွားလာနေပါတယ်။ ဈာပနအခမ်းအနားကို အီရန်ရဲ့ ဘာသာရေးဥသျှောင် Ayatollah Ali Khamenei နဲ့ သမ္မတသစ် Masoud Pezeshkian တို့လည်း တက်ရောက်ခဲ့ကြပါတယ်။ Haniyeh ရဲ့ ရုပ်အလောင်းကိုတော့ သူရုံးထိုင်တဲ့ ကာတာနိုင်ငံမှာဘဲ မနက်ဖြန် သောကြာနေ့မှာ မြေမြုပ်သင်္ဂြိုလ်သွားမယ်လို့ အီရန်အစိုးရက ပြောပါတယ်။

မွန်ဂိုလီးယားနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကတော့ Haniyeh သတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့ မှတ်ချက် တစုံတရာမပေးပေမယ့် အရှေ့အလယ်ပိုင်းဒေသမှာ တည်ငြိမ်မှုရှိရေး လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ လက်ရှိအချိန်မှာ အကြမ်းဖက်မှုတွေ၊ ထိခိုက်သေကြေမှုတွေ၊ မလုံခြုံမှုတွေ ဒေသတွင်းမှာ တိုးမြင့်ဖြစ်ပေါ်နေပြီး ဒီ သံသယာထဲက ထွက်နိုင်ဖို့အတွက် အမေရိကန်က ဦးဆောင်ကြိုးပမ်းနေတဲ့ အပစ်အခတ်ရပ်စဲရေးရရှိအောင် လုပ်ဆောင်ကြဖို့ လိုအပ်ကြောင်း၊ အဲဒီ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ဟာလည်း ရနိုင်ခြေရှိယုံတင်မကဘဲ ရကို ရရမှာဖြစ်တယ်လို့ ဝန်ကြီး Blinken က ပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကတော့ Haniyeh လုပ်ကြံ သတ်ဖြတ်ခံရမှုနဲ့ Hezbollah ခေါင်းဆောင်တဦးကို လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့တော်မှာ အစ္စရေးက သတ်ဖြတ်လိုက်တဲ့ ဖြစ်ရပ်တွေဟာ ဒေသတွင်း တင်းမာမှုတွေ ကြီးထွားလာမယ် အန္တရာယ်ရှိတယ်လို့ သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG