သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်းအရေး ကန်သမ္မတလုံခြုံရေးအစည်းအဝေးခေါ်ယူ

လက်ဘနွန်တောင်ပိုင်းကပစ်လိုက်တဲ့ဒုံးကျည်တွေကို အစ္စရေးနိုင်ငံမြောက်ပိုင်း အထက်ဂါလီလဲဒေသမှာတပ်ဆင်ထားတဲ့ သံမဏိဒုံးလေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ဖျက်ဆီးချနေပုံ။ (သြဂုတ်လ ၄၊ ၂၀၂၄)
လက်ဘနွန်တောင်ပိုင်းကပစ်လိုက်တဲ့ဒုံးကျည်တွေကို အစ္စရေးနိုင်ငံမြောက်ပိုင်း အထက်ဂါလီလဲဒေသမှာတပ်ဆင်ထားတဲ့ သံမဏိဒုံးလေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ဖျက်ဆီးချနေပုံ။ (သြဂုတ်လ ၄၊ ၂၀၂၄)

အမေရိကန် သမ္မတဂျိုးဘိုင်ဒန်ဟာ အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုတွေနဲ့ပတ်သက်ပြီး အမျိုးသား လုံခြုံရေးအကြံပေးအဖွဲ့နဲ့ရော ဂျော်ဒန်ဘုရင် Abdullah နဲ့ပါ တနင်္လာနေ့က ဆွေးနွေးခဲ့ပါတယ်။ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကလည်း အီရန်နဲ့ သူ့ရဲ့လက်ဝေခံအဖွဲ့တွေကအစ္စရေးကို တန်ပြန်တိုက်ခိုက်လာခဲ့ရင် ဆတူလက်တုံ့ပြန်သွားမယ်လို့ သတိပေးပြောဆိုနေတာပါ။

အီရန်နိုင်ငံခြားရေးဌာန ပြောခွင့်ရက ဒေသတွင်းတင်းမာမှုတွေတိုးလာအောင် လုပ်မှာမဟုတ်ဘူးလို့ တနင်္လာနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။​ ဒါပေမယ့်လည်း ဟာမတ်စ်နိုင်ငံရေး ခေါင်းဆောင် Ismail Haniyeh ကို တီဟီရန်မြို့မှာ ပြီးခဲ့တဲ့တပတ်က သတ်ဖြတ်ခဲ့တဲ့လုပ်ရပ်အတွက် အစ္စရေးလ်ကို အပြစ်ပေးနိုင်ခွင့်တော့ သူတို့မှာရှိတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ဟာမတ်စ်ခေါင်းဆောင် Haniyeh ကိုသတ်ဖြတ်မှုအတွက် အစ္စရေးလ်ကို အီရန်တို့က ပြစ်တင် ပြောနေတာဖြစ်ပါတယ်။ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ထဲကို အစ္စရေးလ်တို့ လေကြောင်း တိုက်ခိုက်မှု ကြောင့် အီရန်တို့ကျောထောက်နောက်ခံပြုထားတဲ့ ဟက်ဇ်ဘိုလာတပ်မှူးတဦးသေဆုံးခဲ့ရပြီး နာရီပိုင်းအကြာမှာပဲ ဟာမတ်စ်ခေါင်းဆောင် Haniyeh ကို အစ္စရေးလ်တို့ လုပ်ကြံသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

အစ္စရေလ်းဝန်ကြီးချုပ် Benjamin Netanyahu ကလည်း အီရန်နဲ့ သူ့ရဲ့ လက်ဝေခံအဖွဲ့တွေက အစ္စရေးလ်ကိုအကြမ်းဖက်ဖို့ ဝိုင်းဝန်းကြိုးပမ်းနေကြတယ်လို့ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။ ဂျော်ဒန်ဘုရင်ကလည်း ဒေသတွင်းတင်းမာမှုတွေလျော့ပါးသွားဖို့ ဒေသတွင်း စစ်ပွဲတရပ် ဖြစ်မလာအောင် တည်ငြိမ်စွာ ပါဝင်ဆောင်ရွက်သွားဖို့ ပြောကြားခဲ့တယ်လို့ သမ္မတဘိုင်ဒန်နဲ့ စကားပြောအပြီး ဝါရှင်တန်-ဂျော်ဒန်သံရုံးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အရှေ့အလယ်ပိုင်းအရေး ကန်သမ္မတလုံခြုံရေးအစည်းအဝေးခေါ်ယူ
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG