သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး၊ ဂါဇာနယ်စပ်ကတဆင့် အကူအညီပေးပို့တဲ့ အစီအစဉ် လုယက်ခံရမှုတွေကြောင့် ကုလရပ်နား


အစ္စရေးနဲ့ ဂါဇာဒေသကြား ကုန်ပစ္စည်းတင်ပို့ဖို့ ခွင့်ပြုထားတဲ့ တခုတည်းသောလမ်းကြောင်း (REUTERS/Janis Laizans)
အစ္စရေးနဲ့ ဂါဇာဒေသကြား ကုန်ပစ္စည်းတင်ပို့ဖို့ ခွင့်ပြုထားတဲ့ တခုတည်းသောလမ်းကြောင်း (REUTERS/Janis Laizans)

အကူအညီပေးရေး ယာဉ်တန်းတွေကို မကြာသေးခင်က လုယက်ခဲ့ကြတဲ့ လက်နက်ကိုင်အုပ်စုတွေရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဂါဇာဒေသကို နယ်စပ်ကဖြတ်ပြီး အကူအညီတွေ ပေးပို့နေတာကို ရပ်ထားမှာဖြစ်ကြောင်း ပါလက်စတိုင်း ဒုက္ခသည်ရေးရာ ကုလသမဂ္ဂ အေဂျင်စီ (UNRWA) က ဒီနေ့ပဲ ပြောလိုက်ပါတယ်။

အစ္စရေးနိုင်ငံနဲ့နယ်စပ် ဂါဇာဘက်ခြမ်းက Kerem Shalom လမ်းကြောင်းဟာ အန္တရာယ်များလာနေကြောင်း UNRWA အကြီးအကဲ Philippe Lazzarini ကလည်း ဒီကနေ့ပဲ ပြောခဲ့တာပါ။ အစ္စရေးနဲ့ ဂါဇာဒေသကြား ကုန်ပစ္စည်းတင်ပို့ဖို့ ခွင့်ပြုထားတဲ့ တခုတည်းသော လမ်းကြောင်းမှာ နိုဝင်ဘာလလယ်က ထရပ်ကား ၁၀၀ နီးပါး လက်နက်ကိုင်အုပ်စုတွေ လုယက်တာ ခံခဲ့ရပြီး မနေ့တုန်းကလည်း လုယက်မှုတခု ဖြစ်ခဲ့တယ်လို့ UNRWA အကြီးအကဲက ပြောပါတယ်။

ရာသီဥတု အေးလာနေပြီး မိုးရွာတဲ့ဒဏ်ပါခံနေရတဲ့ ဂါဇာဒေသမှာ ထောင်သောင်းချီတဲ့လူတွေ ယာယီတဲတွေနဲ့ နေထိုင်နေရပြီး နိုင်ငံတကာ အကူအညီတွေကို အားထားနေရချိန် အကူအညီပေးပို့တဲ့ အစီအစဉ် ရပ်ဆိုင်းလိုက်တာကြောင့် စာနာမှုဆိုင်ရာ အကျပ်အတည်း ပိုဆိုးလာနိုင်ပါတယ်။ အောက်တိုဘာလဆန်း ကတည်းက အစ္စရေးတပ်ဖွဲ့တွေ ပိတ်ဆို့ထားတဲ့ ဂါဇာဒေသမြောက်ပိုင်းမှာ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ကြုံရနိုင်ကြောင်း ကျွမ်းကျင်သူတွေကလည်း သတိပေးထားပါတယ်။

Forum

XS
SM
MD
LG