သောကြာနေ့ ညနေမှာ အစ္စရေးစစ်တပ်က ဆေးရုံဝန်ထမ်း တချို့ကို ပြန်လွှတ်ပေးခဲ့ပေမယ့် ပြန်လွတ်မလာသေးတဲ့ ဆေးရုံအကြီးအကဲ Hussam Abu Safiya အတွက် စိုးရိမ်ရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
အစ္စရေးစစ်တပ်ကတော့ ဒီဆေးရုံဟာ ဟားမတ်စ်တွေရဲ့ စစ်ဆင်ရေးဌာနချုပ် အဖြစ် အသုံးချတဲ့ နေရာ ဖြစ်ပြီး အခုဖမ်းထားသူတွေဟာ စစ်သွေးကြွလို့ သံသယရှိသူတွေ ဖြစ်ကြောင်း ပြောပါတယ်။ ဒါ့အပြင် Abu Safiya ဟာ ဟားမတ်စ်တိုက်ခိုက်ရေး တာဝန်ရှိသူလို့ သံသယ ရှိတဲ့အတွက် မေးမြန်းဖို့ ခေါ်ဆောင် သွားတာ ဖြစ်ကြောင်းပြောပါတယ်။
ဟားမတ်စ်တွေကတော့ ၁၅ လကြာပြီဖြစ်တဲ့ ဂါဇာစစ်ပွဲအတွင်း ဆေးရုံကနေ တိုက်ခိုက်ရေးလုပ်နေတယ် ဆိုတဲ့ အစ္စရေးတွေရဲ့ ပြောကြားချက်ဟာ မမှန်ကန်ကြောင်းနဲ့ ဆေးရုံမှာ တိုက်ခိုက်ရေးသမားတွေ မရှိကြောင်း သောကြာနေ့က ပြောပါတယ်။ ဒါပေမယ့် အစ္စရေးတွေ ဖမ်းဆီးခဲ့တဲ့ ၂၄၀ နဲ့ ပတ်သက်လို့တော့ တစုံတရာ ပြောဆိုတာ မရှိသေးပါဘူး။
ဂါဇာ မြောက်ပိုင်းမှာ ရှိတဲ့ ဆေးရုံ ၃ ရုံထဲက ဆေးရုံ တခုကို အစ္စရေးတပ်တွေ ဝင်ရောက် စီးနင်းတာ အတွက် WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ရှုတ်ချခဲ့ပြီး ဒါဟာ ဒီဒေသမှာ ရှိနေသေးတဲ့ ပါလက်စတိုင်း ၇၅,၀၀၀ ရဲ့ ကျန်းမာရေးအတွက် စိုးရိမ်ရတယ်လို့ ပြောပါတယ်။ အစ္စရေးစစ်တပ်ကတော့ ဒီဆေးရုံကို ဝင်ရောက်ပြီး မစီးနင်းခင်မှာ လူနာတွေနဲ့ ဆေးဝန်ထမ်းတွေ စုစုပေါင်း ၃၅၀ ကို ဘေးလွတ်ရာ ပို့ပေးခဲ့တာ ဖြစ်ကြောင်းနဲ့ ဝင်ရောက် စီးနင်းနေချိန်မှာလည်း ဒေသတွင်း ကျန်းမာရေးအာဏာပိုင်တွေနဲ့ ပူးတွဲပြီး နောက်ထပ် ၉၅ ယောက်ကို အင်ဒိုနီးရှားဆေးရုံကို ပို့ပေးခဲ့ကြောင်း ပြောပါတယ်။
Forum