သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တိရိစာၦန္ဥယ်ာဥ္ ကို သြားလည္တဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ရဲ႕ကဗ်ာ


႐ိုဟင္ဂ်ာဒုကၡသည္ တဦး တိရိစာၦန္႐ုံသြားလည္ျခင္း ဆိုတဲ့ Azad Mohammed ဆိုသူ ႐ိုဟင္ဂ်ာ လူငယ္တဦး ေရးတဲ့ ကဗ်ာတပုဒ္ကို ဒီလ ၂၉ ရက္ေန႔က အေမရိကန္ ျပည္ေထာင္စု နယူးေယာက္မွာလုပ္တဲ့ စုေဝးပြဲတခုမွာ ကဗ်ာေရးသူကိုယ္စား အမ်ိဳးသမီးတဦးက ႐ြတ္ဆိုခဲ့ပါတယ္။

ကဗ်ာမွာ ေရးထားတာကေတာ့ တိရိစာၦန္႐ုံကို သြားလည္တဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္တဦး ေတြ႕ျမင္ရတာေတြျဖစ္ပါတယ္။

အဲဒီမွာမွ ေလွာင္အိမ္ထဲ ထည့္ထားတဲ့ က်ားတေကာင္ကို ေတြ႕ရတာ၊ လူေတြေပ်ာ္႐ႊင္ဖို႔ အတြက္ က်ားရဲ႕ဘဝကို ေန႔စဥ္ ေရာင္းစားခံ ေနရတာ၊ တျခားလူေတြလိုပဲ သူလည္း က်ားကို သြားၾကည့္ခဲ့ေပမယ့္ စိတ္ထိခိုက္ ေၾကကြဲ ခဲ့ရၿပီးေတာ့ တိရိစာၦန္ေတြကို လႊတ္ေပး လိုက္ပါဆိုၿပီး ကမာၻႀကီးကို ေတာင္းပန္ထားပါတယ္။

တခါ သူတို႔ေနရတဲ့ ဒုကၡသည္စခန္း ထဲမွာေတာ့ စစ္ေဆးေရးဂိတ္ေတြ၊ အေစာင့္ေတြ၊ စစ္သားေတြက ေသနတ္ေတြနဲ႔ သူတို႔ကို အထဲမွာ ပိတ္ထားၿပီး တခ်ိန္လုံး ေစာင့္ၾကည့္ခံေနရတာ၊ စခန္းတခုကေန တခုကို သူတို႔လွည့္သြားရင္း ျပင္ပကမာၻႀကီးကို စိတ္ကူး အေတြးနဲ႔ပုံေဖာ္ၾကည့္တာ၊ သတင္းေထာက္ေတြ ေရာက္လာၿပီး သူတို႔ ေတြ႕ႀကဳံခံစားခဲ့ရတဲ့ နာက်င္ ေၾကကြဲ စရာေတြကို ျပန္ေျပာျပ ရ၊ သတင္းေထာက္ေတြက သူတို႔ကို တီဗြီ႐ိုက္ယူ ထုတ္လႊင့္ၿပီး ဆုေတြရသြား၊ ပရဟိတအဖြဲ႕ေတြက ငိုေနတဲ့ ကေလးေတြကို ဓာတ္ပုံ႐ိုက္၊ လက္ကမ္း စာေစာင္ေတြေပၚမွာ ပုံႏွိပ္ၿပီး အလႉေငြ ေတာင္းခံၾက၊ သံတမန္ေတြ ေရာက္လာၿပီး သူတို႔ တဲအိမ္ေတြေရွ႕မွာ စကားလာေျပာၾက၊ သူတို႔ေျပာတာေတြကို ၾကားပါတယ္လို႔ ဆိုသြားၿပီး ဘယ္ေတာ့မွ ျပန္မလာၾက စသျဖင့္ေရးထားပါတယ္။

အဆုံးမွာေတာ့ ေလွာင္အိမ္ ပ်က္သြားမလားလို႔ သူတို႔ ေတြးေကာင္းေတြးႏိုင္ပါတယ္၊ အနိမ့္ဆုံးေတာ့ က်ေနာ္တို႔ ေခါင္းေပၚမွာ အမိုးအကာနဲ႔ အစာ စားေနၾကရပါေသးတယ္လို႔ ေရးထားပါတယ္။
ဘဂၤလားေဒရွ္႕မွာ ခုိလံႈေနရတဲ႔ သိန္းနဲ႔ခ်ီတဲ႔ ရိုဟင္ဂ်ာ ဒုကၡသည္ေတြကို စိစစ္ၿပီး ျပန္လက္ခံမယ္လို႔ ျမန္မာ အစိုးရက ေျပာထားေပမယ့္ ရိုဟင္ဂ်ာဆိုတဲ႔ အသံုးအႏႈန္းကို လက္မခံသလို ႏုိင္ငံသား ျဖစ္ခြင့္ကလည္း မေသခ်ာတာေၾကာင့္ ႏုိင္ငံမဲ႔ေတြ အျဖစ္ ဒုကၡသည္ စခန္းမွာ ေနထိုင္ေနၾကရဆဲ ျဖစ္ပါတယ္။

(Unicode)

တိရိစ္ဆာန်ဥယျာဉ် ကို သွားလည်တဲ့ ရိုဟင်ဂျာဒုက္ခသည်ရဲ့ကဗျာ

ရိုဟင်ဂျာဒုက္ခသည် တဦး တိရိစ္ဆာန်ရုံသွားလည်ခြင်း ဆိုတဲ့ Azad Mohammed ဆိုသူ ရိုဟင်ဂျာ လူငယ်တဦး ရေးတဲ့ ကဗျာတပုဒ်ကို ဒီလ ၂၉ ရက်နေ့က နယူးယောက်မှာလုပ်တဲ့ စုဝေးပွဲတခုမှာ ကဗျာရေးသူကိုယ်စား အမျိုးသမီးတဦးက ရွတ်ဆိုခဲ့ပါတယ်။

ကဗျာမှာ ရေးထားတာကတော့ တိရိစ္ဆာန်ရုံကို သွားလည်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တဦး တွေ့မြင်ရတာတွေဖြစ်ပါတယ်။

အဲဒီမှာမှ လှောင်အိမ်ထဲ ထည့်ထားတဲ့ ကျားတကောင်ကို တွေ့ရတာ၊ လူတွေပျော်ရွှင်ဖို့ အတွက် ကျားရဲ့ဘဝကို နေ့စဉ် ရောင်းစားခံ နေရတာ၊ တခြားလူတွေလိုပဲ သူလည်း ကျားကို သွားကြည့်ခဲ့ပေမယ့် စိတ်ထိခိုက် ကြေကွဲ ခဲ့ရပြီးတော့ တိရစ္ဆာန်တွေကို လွှတ်ပေး လိုက်ပါဆိုပြီး ကမ္ဘာကြီးကို တောင်းပန်ထားပါတယ်။

တခါ သူတို့နေရတဲ့ ဒုက္ခသည်စခန်း ထဲမှာတော့ စစ်ဆေးရေးဂိတ်တွေ၊ အစောင့်တွေ၊ စစ်သားတွေက သေနတ်တွေနဲ့ သူတို့ကို အထဲမှာ ပိတ်ထားပြီး တချိန်လုံး စောင့်ကြည့်ခံနေရတာ၊ စခန်းတခုကနေ တခုကို သူတို့လှည့်သွားရင်း ပြင်ပကမ္ဘာကြီးကို စိတ်ကူး အတွေးနဲ့ပုံဖော်ကြည့်တာ၊ သတင်းထောက်တွေ ရောက်လာပြီး သူတို့ တွေ့ကြုံခံစားခဲ့ရတဲ့ နာကျင် ကြေကွဲ စရာတွေကို ပြန်ပြောပြ ရ၊ သတင်းထောက်တွေက သူတို့ကို တီဗွီရိုက်ယူ ထုတ်လွှင့်ပြီး ဆုတွေရသွား၊ ပရဟိတအဖွဲ့တွေက ငိုနေတဲ့ ကလေးတွေကို ဓာတ်ပုံရိုက်၊ လက်ကမ်း စာစောင်တွေပေါ်မှာ ပုံနှိပ်ပြီး အလှူငွေ တောင်းခံကြ၊ သံတမန်တွေ ရောက်လာပြီး သူတို့ တဲအိမ်တွေရှေ့မှာ စကားလာပြောကြ၊ သူတို့ပြောတာတွေကို ကြားပါတယ်လို့ ဆိုသွားပြီး ဘယ်တော့မှ ပြန်မလာကြ စသဖြင့်ရေးထားပါတယ်။

အဆုံးမှာတော့ လှောင်အိမ် ပျက်သွားမလားလို့ သူတို့ တွေးကောင်းတွေးနိုင်ပါတယ်၊ အနိမ့်ဆုံးတော့ ကျနော်တို့ ခေါင်းပေါ်မှာ အမိုးအကာနဲ့ အစာ စားနေကြရပါသေးတယ်လို့ ရေးထားပါတယ်။
ဘင်္ဂလားဒေရှ့်မှာ ခိုလှုံနေရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လက်ခံမယ်လို့ မြန်မာ အစိုးရက ပြောထားပေမယ့် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံသလို နိုင်ငံသား ဖြစ်ခွင့်ကလည်း မသေချာတာကြောင့် နိုင်ငံမဲ့တွေ အဖြစ် ဒုက္ခသည် စခန်းမှာ နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG