သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂူတာျပင္ျဖစ္စဥ္ စစ္ခုံ႐ုံးနဲ႔စီရင္ဖို႔ စုံစမ္းေရးအဖြဲ႕တင္ျပ


ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ ဂူတာျပင္ေက်း႐ြာ ျဖစ္စဥ္နဲ႔ ပတ္သက္လို႔ စစ္တရား႐ုံးနဲ႔ စစ္ေဆး စီရင္ႏိုင္ေရး စတင္ေဆာင္႐ြက္လ်က္ ရွိတယ္ဆိုၿပီး တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္ကို ကိုးကားၿပီးေတာ့ ေအာက္တိုဘာလ ၂၉ ရက္ေန႔ သတင္းစဥ္ သတင္းတပုဒ္မွာ ေဖာ္ျပထားပါတယ္။ ၿပီးခဲ့တဲ့မတ္လက ဖြဲ႕စည္းခဲ့တဲ့ စုံစမ္းစစ္ေဆးေရးခုံ႐ုံးက သူတို႔ရဲ႕ေတြ႕ရွိခ်က္ေတြကို အေျခခံၿပီး စစ္တရား႐ုံးနဲ႔ စစ္ေဆးစီရင္ဖို႔ ယူဆခ်က္ေပးခဲ့တာျဖစ္တယ္ လို႔ ေဖာ္ျပထားတာပါ။

ဂူတာျပင္ေက်း႐ြာျဖစ္စဥ္လို႔ သတင္းထဲမွာ ေဖာ္ျပထားေပမယ့္ ဘာျဖစ္စဥ္ဆိုတာကိုေတာ့ အတိအက် ေျပာမထားပါဘူး။ ဂူတာျပင္ေက်း႐ြာနားမွာ လူေသအေလာင္း ရာနဲ႔ခ်ီၿပီးေတာ့ အစုလိုက္ျမႇဳပ္ႏွံထားတယ္၊ ဒီလူေတြဟာ လုံၿခဳံေရးတပ္ဖြဲ႕ေတြရဲ႕ သတ္ျဖတ္မႈေၾကာင့္ ေသဆုံးခဲ့တာျဖစ္ၿပီး ဘယ္သူဘယ္ဝါဆိုတာ မမွတ္မိေအာင္ မ်က္ႏွာေတြကို အက္ဆစ္နဲ႔ ေလာင္းထားတာ၊ ေသနတ္နဲ႔ ပစ္ခတ္ဖ်က္ဆီးထားတာေတြ ရွိတယ္လို႔ မ်က္ျမင္သက္ေသေတြ၊ ၿဂိဳဟ္တုက႐ိုက္ယူထားတဲ့ ဓာတ္ပုံေတြကို ကိုးကား ၿပီး AP သတင္းဌာနရဲ႕ ၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလ သတင္းတပုဒ္မွာ ေဖာ္ျပခဲ့ပါတယ္။

အဲဒီသတင္း ပါလာၿပီးတဲ့ေနာက္ အစိုးရတာဝန္ရွိသူေတြ သြားစုံစမ္းၿပီး AP သတင္းဟာ မွားတယ္လို႔ တုန႔္ျပန္ခဲ့ပါတယ္။ ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လ ၂၇ ရက္ေန႔က ဂူတာျပင္႐ြာမွာ အၾကမ္းဖက္ဝါဒီေတြ အပါအဝင္ ႐ြာသား ၅၀၀ ေလာက္နဲ႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြ ၾကား ထိေတြ႕တိုက္ပြဲျဖစ္တယ္၊ အဲဒီတိုက္ပြဲအတြင္း အၾကမ္းဖက္ဝါဒီ အေလာင္း ၁၉ ေလာင္းရတယ္၊ အဲဒီအေလာင္းေတြကို စနစ္ တက်ျမႇဳပ္ႏွံသၿဂိ ၤုဟ္ခဲ့တာရွိတယ္လို႔ ရွင္းလင္းခဲ့ပါတယ္။

အဲဒီေနာက္ ၂၀၁၉ ခုႏွစ္ မတ္လမွာမွ တပ္မေတာ္ဘက္က တပ္မေတာ္အက္ဥပေဒ၊ နည္းဥပေဒေတြအရ ဗိုလ္ခ်ဳပ္ျမတ္ေက်ာ္ ဦးေဆာင္တဲ့ စုံစမ္းစစ္ေဆးေရးခုံ႐ုံး ဖြဲ႕စည္းၿပီး စုံစမ္းစစ္ေဆးခဲ့တာျဖစ္ပါတယ္။

(Unicode)

ဂူတာပြင်ဖြစ်စဉ် စစ်ခုံရုံးနဲ့စီရင်ဖို့ စုံစမ်းရေးအဖွဲ့တင်ပြ

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဂူတာပြင်ကျေးရွာ ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်တရားရုံးနဲ့ စစ်ဆေး စီရင်နိုင်ရေး စတင်ဆောင်ရွက်လျက် ရှိတယ်ဆိုပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီးတော့ အောက်တိုဘာလ ၂၉ ရက်နေ့ သတင်းစဉ် သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့မတ်လက ဖွဲ့စည်းခဲ့တဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးက သူတို့ရဲ့တွေ့ရှိချက်တွေကို အခြေခံပြီး စစ်တရားရုံးနဲ့ စစ်ဆေးစီရင်ဖို့ ယူဆချက်ပေးခဲ့တာဖြစ်တယ် လို့ ဖော်ပြထားတာပါ။

ဂူတာပြင်ကျေးရွာဖြစ်စဉ်လို့ သတင်းထဲမှာ ဖော်ပြထားပေမယ့် ဘာဖြစ်စဉ်ဆိုတာကိုတော့ အတိအကျ ပြောမထားပါဘူး။ ဂူတာပြင်ကျေးရွာနားမှာ လူသေအလောင်း ရာနဲ့ချီပြီးတော့ အစုလိုက်မြှုပ်နှံထားတယ်၊ ဒီလူတွေဟာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တာဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာ မမှတ်မိအောင် မျက်နှာတွေကို အက်ဆစ်နဲ့ လောင်းထားတာ၊ သေနတ်နဲ့ ပစ်ခတ်ဖျက်ဆီးထားတာတွေ ရှိတယ်လို့ မျက်မြင်သက်သေတွေ၊ ဂြိုဟ်တုကရိုက်ယူထားတဲ့ ဓာတ်ပုံတွေကို ကိုးကား ပြီး AP သတင်းဌာနရဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ သတင်းတပုဒ်မှာ ဖော်ပြခဲ့ပါတယ်။

အဲဒီသတင်း ပါလာပြီးတဲ့နောက် အစိုးရတာဝန်ရှိသူတွေ သွားစုံစမ်းပြီး AP သတင်းဟာ မှားတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့က ဂူတာပြင်ရွာမှာ အကြမ်းဖက်ဝါဒီတွေ အပါအဝင် ရွာသား ၅၀၀ လောက်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကြား ထိတွေ့တိုက်ပွဲဖြစ်တယ်၊ အဲဒီတိုက်ပွဲအတွင်း အကြမ်းဖက်ဝါဒီ အလောင်း ၁၉ လောင်းရတယ်၊ အဲဒီအလောင်းတွေကို စနစ် တကျမြှုပ်နှံသဂြိ ၤုဟ်ခဲ့တာရှိတယ်လို့ ရှင်းလင်းခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၉ ခုနှစ် မတ်လမှာမှ တပ်မတော်ဘက်က တပ်မတော်အက်ဥပဒေ၊ နည်းဥပဒေတွေအရ ဗိုလ်ချုပ်မြတ်ကျော် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG