သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကြတ္ခိုင္ၿမိဳ႕နယ္တြင္း တိုက္ပဲြျဖစ္ပြား


ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႔နယ္ ကုန္းဆာရြာအနီးျဖစ္ပြားတဲ့ တုိက္ပဲြေၾကာင့္ ထြက္ေျပး တိမ္းေရွာင္ေနသူ ၃၀၀ေက်ာ္ရိွေၾကာင္း ေဒသခံေတြနဲ႔ သူတို႔ကို ကူညီေနသူေတြက ေျပာပါတယ္။ ဒီတိုက္ပဲြဟာ အဂၤါေန႔မနက္က စတင္ခဲ့တာျဖစ္ၿပီး ဒီကေန႔မွာေတာ့ ၿငိမ္သက္ေနေပမဲ့တိုက္ပဲြေတြ ျပန္ျဖစ္မွာကို စိုးရိမ္ တာေၾကာင့္ ရြာသားေတြ ေနရပ္မျပန္ႏိုင္ေသးတာျဖစ္ေၾကာင္း သံုးသပ္ၾကပါတယ္။ ဒီသတင္းကိုေတာ့ ဗီြအိုေအျမန္မာပိုင္းရဲ့သတင္းေထာက္ ကိုမိုးေဇာ္က တင္ျပထားပါတယ္။

ကြတ္ခုိင္ၿမိဳ႔နယ္ ကုန္းဆာရြာအနီးမွာ အေျချပဳထားတဲ့ TNLA တအန္း(ပေလာင္) တပ္ဖဲြ႔ကို တပ္မေတာ္က တိုက္ခိုက္ခဲ့တာျဖစ္ၿပီး တစ္ေန႔လံုးလို လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ခဲ့တဲ့ေနာက္ ကုန္းဆာနဲ႔ အနီးအနားရြာက ေဒသခံေတြဟာ ေဘးလြတ္ရာကို တိမ္းေရွာင္ခဲ့ၾကတာပါ။

လက္ရိွကုန္းဆာရြာက တိမ္းေရွာင္သူေတြဟာ မန္တံုရြာမွာ ခိုလႈံေနေၾကာင္း ေဒသခံရြာသားတစ္ဦးက ေျပာပါတယ္။

“ အခု မန္တံုဘုန္းႀကီးေက်ာင္းမွာ စုေနတယ္။ လက္ရိွ စာရင္းက ၁၄၁ဦးျဖစ္ေနတယ္။ လက္နက္ႀကီးက ရြာေဘးက အိမ္တစ္လံုးေလာက္ေတာ့ ထိသြားတာ။ အဲလိုေၾကာင့္ ေျပးေရွာင္ေနရတာ။ အစားအေသာက္ေတာ့ အဆင္ေျပတယ္။ ဒါေပမဲ့ အိပ္ဖို႔ဘာညာ အေဆာင္တို႔က်ေတာ့ အဆင္မေျပဘူး။ အိပ္တဲ့အခ်ိန္ က်ေနာ္တို႔ ရြာမွာ မိတ္ေဆြ၊ ေဆြမ်ိဳးတို႔အိမ္မွာပဲ ခဲြၿပီးေတာ့ ထားေပးလုိက္တယ္ဆရာ။ ”

စစ္ေရွာင္ျပည္သူေတြကို ကြတ္ခိုင္နဲ႔ လားရိႈးၿမိဳ႔က လူမႈေရးအသင္းအဖဲြ႔ေတြကေန လာေရာက္ ကူညီေထာက္ပံ့ တာေတြ ရိွေၾကာင္း ေျပာပါတယ္။

ကြတ္ခုိင္အေရးေပၚကူညီေရး ကြန္ရက္က တာ၀န္ရိွသူ တစ္ဦးကေတာ့ အျခားရြာေတြမွာလည္း တိမ္းေရွာင္သူေတြ နဲ႔ တိုက္ပဲြအေျခအေနကို အခုလုိ ေျပာပါတယ္။

“ နမ့္မြန္၊ ေလာ့မြန္ အဲဒီက ရြာသားေတြက ပါဂ်ဴရြာဆိုတဲ့ ရြာမွာ Church ေက်ာင္းမွာ ရိွမယ္။ ၾကားရတာေတာ့ ၁၇၀ ေလာက္ရိွမယ္လုိ႔ ေျပာတယ္။ အခုေလာေလာဆည္ကေတာ့ မေန႔က ေန႔ခင္းပိုင္းက ဒီဘက္ကိုကေတာ့ အသံဗလံကေတာ့ ဘာမွ မၾကားရေတာ့ဘူး။ ဒါေပမဲ့ ေလာေလာဆည္ ေစာင့္ၾကည့္တဲ့ အေနအထားေပါ့။ နည္းနည္း ေအးခ်မ္းသြားရင္ေတာ့ ျပန္ၾကမွာေပါ့။”

TNLA က ေျပာေရးဆိုခြင့္ရိွသူ ဗိုလ္မွဴးတာအိုက္ေက်ာ္ကလည္း လက္ရိွအေျခအေနကို အခုလုိ ေျပာပါတယ္။

“ ဒီေန႔ေတာ့ ဘာမွ ထူးျခားမႈမရိွဘူး။ တုိက္ပဲြကေတာ့ တျမန္မေန႔က ျဖစ္ၿပီးေတာ့မွ မေန႔ကေတာ့ မရိွေတာ့ဘူး။”

ဒီလ ၁၃ရက္ေန႔ကလည္း ရွမ္းျပည္နယ္ေျမာက္ပိုင္း ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ နမ့္ဆန္ၿမိဳ႔အနီးမွာ တုိက္ပဲြျဖစ္ပြားခဲ့တာေၾကာင့္ ဟုိေခ်ာင္းေက်းရြာနဲ႔ အနီးအနားက ေဒသခံ ၂ေထာင္ေလာက္ နမ့္ဆန္ၿမိဳ႕ေပၚကို တိမ္းေရွာင္ခဲ့ရပါတယ္။ အခုအခါမွာေတာ့ အေျခအေနက ၿငိမ္သက္သြားတာေၾကာင့္ ေနရပ္ရင္း ျပန္သြားၿပီျဖစ္ပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ TNLA အပါအ၀င္ မဟာမိတ္ ၄ဖဲြ႔ဟာ အစိုးရနဲ႔ Bilateral ေခၚ ႏွစ္ဖက္ အပစ္ရပ္စာခ်ဳပ္ ခ်ဳပ္ဆုိေရးအတြက္ ေဆြးေႏြးေနၾကေပမဲ့ ေလာေလာဆည္အထိေတာ့ TNLA နဲ႔ တပ္မေတာ္အၾကားမွာ တုိက္ပဲြေတြ ဆက္လက္ျဖစ္ပြားေနဆဲ ရိွပါတယ္။

.................

{Unicode}


ကွတ်ခိုင်မြို့နယ်တွင်း တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကုန်းဆာရွာအနီးဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်နေသူ ၃၀၀ကျော်ရှိကြောင်း ဒေသခံတွေနဲ့ သူတို့ကို ကူညီနေသူတွေက ပြောပါတယ်။ ဒီတိုက်ပွဲဟာ အင်္ဂါနေ့မနက်က စတင်ခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ ငြိမ်သက်နေပေမဲ့တိုက်ပွဲတွေ ပြန်ဖြစ်မှာကို စိုးရိမ် တာကြောင့် ရွာသားတွေ နေရပ်မပြန်နိုင်သေးတာဖြစ်ကြောင်း သုံးသပ်ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကွတ်ခိုင်မြို့နယ် ကုန်းဆာရွာအနီးမှာ အခြေပြုထားတဲ့ TNLA တအန်း(ပလောင်) တပ်ဖွဲ့ကို တပ်မတော်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး တစ်နေ့လုံးလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့နောက် ကုန်းဆာနဲ့ အနီးအနားရွာက ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြတာပါ။

လက်ရှိကုန်းဆာရွာက တိမ်းရှောင်သူတွေဟာ မန်တုံရွာမှာ ခိုလှုံနေကြောင်း ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

“ အခု မန်တုံဘုန်းကြီးကျောင်းမှာ စုနေတယ်။ လက်ရှိ စာရင်းက ၁၄၁ဦးဖြစ်နေတယ်။ လက်နက်ကြီးက ရွာဘေးက အိမ်တစ်လုံးလောက်တော့ ထိသွားတာ။ အဲလိုကြောင့် ပြေးရှောင်နေရတာ။ အစားအသောက်တော့ အဆင်ပြေတယ်။ ဒါပေမဲ့ အိပ်ဖို့ဘာညာ အဆောင်တို့ကျတော့ အဆင်မပြေဘူး။ အိပ်တဲ့အချိန် ကျနော်တို့ ရွာမှာ မိတ်ဆွေ၊ ဆွေမျိုးတို့အိမ်မှာပဲ ခွဲပြီးတော့ ထားပေးလိုက်တယ်ဆရာ။ ”

စစ်ရှောင်ပြည်သူတွေကို ကွတ်ခိုင်နဲ့ လားရှိုးမြို့က လူမှုရေးအသင်းအဖွဲ့တွေကနေ လာရောက် ကူညီထောက်ပံ့ တာတွေ ရှိကြောင်း ပြောပါတယ်။

ကွတ်ခိုင်အရေးပေါ်ကူညီရေး ကွန်ရက်က တာဝန်ရှိသူ တစ်ဦးကတော့ အခြားရွာတွေမှာလည်း တိမ်းရှောင်သူတွေ နဲ့ တိုက်ပွဲအခြေအနေကို အခုလို ပြောပါတယ်။

“ နမ့်မွန်၊ လော့မွန် အဲဒီက ရွာသားတွေက ပါဂျူရွာဆိုတဲ့ ရွာမှာ Church ကျောင်းမှာ ရှိမယ်။ ကြားရတာတော့ ၁၇၀ လောက်ရှိမယ်လို့ ပြောတယ်။ အခုလောလောဆည်ကတော့ မနေ့က နေ့ခင်းပိုင်းက ဒီဘက်ကိုကတော့ အသံဗလံကတော့ ဘာမှ မကြားရတော့ဘူး။ ဒါပေမဲ့ လောလောဆည် စောင့်ကြည့်တဲ့ အနေအထားပေါ့။ နည်းနည်း အေးချမ်းသွားရင်တော့ ပြန်ကြမှာပေါ့။”

TNLA က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်ကလည်း လက်ရှိအခြေအနေကို အခုလို ပြောပါတယ်။

“ ဒီနေ့တော့ ဘာမှ ထူးခြားမှုမရှိဘူး။ တိုက်ပွဲကတော့ တမြန်မနေ့က ဖြစ်ပြီးတော့မှ မနေ့ကတော့ မရှိတော့ဘူး။”

ဒီလ ၁၃ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဟိုချောင်းကျေးရွာနဲ့ အနီးအနားက ဒေသခံ ၂ထောင်လောက် နမ့်ဆန်မြို့ပေါ်ကို တိမ်းရှောင်ခဲ့ရပါတယ်။ အခုအခါမှာတော့ အခြေအနေက ငြိမ်သက်သွားတာကြောင့် နေရပ်ရင်း ပြန်သွားပြီဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA အပါအဝင် မဟာမိတ် ၄ဖွဲ့ဟာ အစိုးရနဲ့ Bilateral ခေါ် နှစ်ဖက် အပစ်ရပ်စာချုပ် ချုပ်ဆိုရေးအတွက် ဆွေးနွေးနေကြပေမဲ့ လောလောဆည်အထိတော့ TNLA နဲ့ တပ်မတော်အကြားမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ရှိပါတယ်။

ကြတ္ခိုင္ၿမိဳ႕နယ္တြင္း တိုက္ပဲြျဖစ္ပြား
please wait

No media source currently available

0:00 0:02:40 0:00
တိုက္႐ိုက္ လင့္ခ္


ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG