သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေဘးေ႐ွာင္ေတြ ေနရပ္ျပန္ေပမဲ႔ ၿငိမ္းခ်မ္းေရးအလားအလာ မေကာင္းေသး


ရွမ္းျပည္နယ္ေျမာက္ပိုင္း တုိက္ပြဲေတြေၾကာင့္ ေဘးလြတ္ရာတိမ္းေရွာင္ေနၾကတဲ့ စစ္ေဘးေရွာင္ ဒုကၡသည္မ်ား။ (ဓာတ္ပံု-ကိုမ်ဳိး/နယ္စည္းမျခား)

႐ွမ္းျပည္နယ္ေျမာက္ပုိင္း တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးသြားရတဲ့ နမ့္ဆန္ၿမဳိ႕က စစ္ေဘးဒုကၡသည္ေတြ အခုေတာ့ အိမ္ျပန္ လာၾကတာဟာ အရဲစြန္႔ ျပန္လာျခင္းသာျဖစ္ၿပီး၊ အပစ္ရပ္ ျငိမ္းခ်မ္းေရး သေဘာတူညီခ်က္ရဖုိ႔ အလားအလာ နည္းေနေသးေၾကာင္း ရွမ္းတိုင္းရင္းသားအေရး ေစာင့္ၾကည့္သူေတြက သုံးသပ္ၾကပါတယ္။ အေၾကာင္းစုံကို ကုိဉာဏ္ဝင္းေအာင္က တင္ျပပါမယ္။

စက္တင္ဘာ ၁၃ ကေန ၁၆ ရက္ၾကား ရွမ္းျပည္ေျမာက္ပုိင္း နမ့္ဆန္ၿမဳိ႕တဝိုက္မွာ အစိုးရတပ္နဲ႔ TNLA တေအာန္းပေလာင္ တပ္ဖြဲ႔ေတြၾကား တိုက္ပြဲေၾကာင့္ ေဒသခံ ႏွစ္ေထာင္ေက်ာ္ စစ္ေဘးက တိမ္းေရွာင္ခဲ့ရၿပီး၊ အခုေတာ့ အဲဒီေဒသမွာ အေျခအေနေတြ တည္ျငိမ္စျပဳလာလို႔ ထြက္ေျပးသြားတဲ့ စစ္ေဘးဒုကၡသည္ေတြထဲက အမ်ားအျပား မိမိတို႔ေနအိမ္ကို ျပန္လာေနၾကတယ္လို႔ ျဗဟၼစိုရ္ႏွလုံးသား လူမႈကူညီေရး အသင္းက VOA ကိုအတည္ျပဳ ေျပာပါတယ္။

တဖက္မွာလည္း ေျမာက္ပုိင္း ညီေနာင္မဟာမိတ္အဖြဲ႔ေတြက အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးနဲ႔ အစိုးရၿငိမ္းခ်မ္းေရးဗဟုိဌာန NRPC တို႔နဲ႔ ၾသဂုတ္လ ၃၁ ရက္မွာတႀကိမ္၊ စက္တင္ဘာ ၁၇ ရက္မွာတႀကိမ္ က်ဳိင္းတုံၿမဳိ့မွာ ေတြ႔ဆုံေဆြးေႏြးမႈေတြ ရွိခဲ့တာေၾကာင့္ အပစ္ရပ္ျငိမ္းခ်မ္းေရး အလားအလာ ပိုနီးစပ္လာၿပီလားဆိုတာ စဥ္းစားစရာျဖစ္လာပါတယ္။

ဒါေပမဲ့ စစ္ေဘးဒုကၡသည္ေတြ အခုလို အိမ္ျပန္လာၾကတာဟာ အရဲစြန္႔ ျပန္ၾကျခင္းသာျဖစ္ၿပီး၊ အပစ္ရပ္ ျငိမ္းခ်မ္းေရး သေဘာတူညီခ်က္ရဖုိ႔ ေမွ်ာ္လင့္ခ်က္ နည္းေနေသးေၾကာင္း အေမရိကန္ အရီဇိုးနားျပည္နယ္မွာေနတဲ့ SNLD ပါတီ ၁၉၉၀ ေရြးေကာက္ပြဲအႏိုင္ရ ကုိယ္စားလွယ္ စိုင္းဝင္းေဖက သုံးသပ္ပါတယ္။

“အရပ္သားေတြ ျပန္လာတဲ့ ကိစၥကေတာ့ သူတို႔သေဘာနဲ႔ သူတို႔ ခန္႔မွန္းခ်က္နဲ႔ သူတို႔ ျပန္လာၾကတယ္။ အရပ္သားေတြက သူတို႔ေနရာကို စြန္႔စားနဲ႔ ျပန္လာတဲ့သေဘာပါပဲ။ အဲဒါကိုၾကည့္ၿပီး အရပ္သားေတြျပန္လာတာကို ၾကည့္ၿပီး ၿငိမ္းခ်မ္းေရးရေတာ့မွာပဲဆိုၿပီးေတာ့ စဥ္းစားလို႔ မရဘူးထင္တယ္။ အေျခအေနက ရႈပ္ေထြးေနတာ ထြက္လာတဲ့ ရလဒ္အေျဖကလည္း အခုသိရသေလာက္က ဘာမွ ေရေရရာရာလည္း ရွိေသးတာမဟုတ္ေသးဘူး။ ၿငိမ္းခ်မ္းေရး စာခ်ဳပ္လက္မွတ္ထုိးတယ္ဆိုတာလည္း မၾကားရေသးဘူး။ ေနာက္တခါ ဘယ္မွာေတြ႔ၾကမလဲ အဲဒါမ်ိဳးေလာက္ သေဘာတူညီတာမ်ိဳးဆိုေတာ့ ဘာလုပ္မွာလဲခင္ဗ်။”

အစုိးရတပ္ေတြနဲ႔ ညီေနာင္မဟာမိတ္ တုိင္းရင္းသားတပ္ဖြဲ႔ေတြၾကား က်ဳိင္းတုံၿမဳိ႕မွာ ဒုတိယအႀကိမ္ေတြ႔ဆုံစဥ္ ေဆြးေႏြးၾကတဲ့အထဲမွာ တပ္ေတြေနရာခ်ထားေရးနဲ႔ တပ္ေတြ လႈပ္ရွားမယ့္နယ္ေျမကို ဘယ္လိုခြဲျခား သတ္မွတ္မလဲဆိုတဲ့အခ်က္ေတြ အေၾကအလည္ေဆြးေႏြးၾကဖို႔ အေျခခံအားျဖင့္ သေဘာတူထားပါတယ္။ ဒီလို ကိုယ္ပုိင္နယ္ေျမ ပုိင္းျခားသတ္မွတ္မႈကိစၥမွာ အလြယ္တကူ သေဘာတူညီမႈရဖို႔ မျဖစ္ႏုိင္ ေသးဘူးလို႔ စိုင္းဝင္းေဖက ျမင္ပါတယ္။

“ ျဖစ္သင့္တာကေတာ့ သူတို႔လိုခ်င္တာ စစ္ေရးအရ နယ္ေျမ ပိုင္းျခားသတ္မွတ္မႈ ရွိဖို႔လိုတယ္လို႔ ထင္တာပဲ ။ အဲဒါမ်ိဳးရခ်င္တယ္ အထူးသျဖင့္ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔ေတြကလို႔ က်ေနာ္ယူဆတာေပါ့ေနာ္။ သူတို႔ေျပာထားတာရွိတာပဲ ၀ တို႔လို႔မ်ိဳး ေနရာ တေနရာေလာက္ေတာ့ ရခ်င္တဲ့ ပံုစံမ်ိဳး လိုခ်င္ပံုရတယ္။ အဲဒါ စစ္တပ္အေနနဲ႔ ေပးႏိုင္တယ္ မေပးႏိုင္ဘူးဆိုတာ က်ေနာ္မေျပာႏိုင္ဘူးခင္ဗ် မေသခ်ာဘူးေလ။ အဲဒီေတာ့ ဒီလိုပဲ သြားေနဦးမယ္လို႔ က်ေနာ္ထင္တယ္။ ျဖစ္လိုက္၊ ေျပးလိုက္ ၊ ျပန္လာလိုက္နဲ႔ ျပည္သူကေတာ့ အဲလိုမ်ိဳး သြားေနဦးမယ္လို႔ က်ေနာ္ထင္တာပဲ။”

ဒီလိုသာ တဖက္နဲ႔တဖက္ အေလွ်ာ့အတင္းေတြ မလုပ္ႏုိင္ဘူးဆုိရင္ အပစ္ရပ္ၿငိမ္းခ်မ္းေရးလည္း ျဖစ္လာမွာ မဟုတ္သလို၊ စစ္ေၾကာင့္ ေဒသခံေတြသာ ဆက္ၿပီး နစ္နာေနရဦးမယ္လို႔ အေမရိကန္ ကယ္လီဖုိးနီးယားျပည္နယ္ ရွမ္းစာေပနဲ႔ ယဥ္ေက်းမႈအသင္းဥကၠဌ ေဒါက္တာ စိုင္းေထြးေမာင္က ေထာက္ျပပါတယ္။

“သူတို႔ ၂ ဖက္စလံုးကေတာ့ သူတို႔လိုလားခ်က္ေတြ သူတို႔ရဲ႕ ရည္မွန္းခ်က္ကေတာ့ ရွိၾကတာပဲေလ။ ၂ ဖက္စလံုး ရာခိုင္ႏႈန္းျပည့္ လိုက္ေလ်ာဖို႔ေတာ့ ခက္ပါလိမ့္မယ္။ က်ေနာ့္အျမင္ကေတာ့ တပ္မေတာ္ကလည္း ေလ်ာ့ရမယ္ ၊ က်ေနာ္တို႔ တိုင္းရင္းသားဘက္ကလည္း ေလ်ာ့ရမယ္၊ သူတို႔ ညိွႏိႈင္းၿပီးေတာ့မွ အေပးအယူ လုပ္ၿပီးေတာ့မွ ျဖစ္ႏိုင္တဲ့ ဥစၥာကို ရေအာင္ယူရင္ေတာ့ ျဖစ္ႏိုင္တယ္။ ဒါေပမယ့္ ကိုယ္လိုခ်င္တာကိုပဲ အျပည့္အ၀ ယူမယ္ဆိုရင္ေတာ့ ၂ ဘက္စလံုးက ညိွလို႔ရမယ္ မထင္ဘူး။ ဆိုေတာ့ က်ေနာ္ျမင္တာကေတာ့ တိုက္ပြဲ မရပ္မခ်င္းေတာ့ ေဒသခံေတြ ခံေနရဦးမွာပဲ။”

ၾသဂုတ္လ ၁၅ ရက္က တေက်ာ့ျပန္စတင္လာခဲ့တဲ့ တ႐ုတ္နယ္စပ္ ညီေနာင္မဟာမိတ္တပ္ေတြရဲ႕ တုိက္ခုိက္မႈေတြကေန အစိုးရတပ္ေတြရဲ႕ တန္ျပန္ထုိးစစ္ေတြေၾကာင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ စက္တင္ဘာလအလယ္ထိ တုိက္ပြဲေတြ ျဖစ္လာရသလို၊ ေဒသခံေတြ စစ္ေဘးေရွာင္ၿပီး ဒုကၡသည္ ျဖစ္လာၾကပါတယ္။ ၾသဂုတ္လ တိုက္ပြဲေၾကာင့္ လူေပါင္း ၇၅၀၀ ေလာက္ အုိးမဲ့အိမ္မဲ့ ျဖစ္ခဲ့ရၿပီး စစ္ေဘးဒုကၡသည္ ၃၅၀၀ ယာယီစခန္းေတြမွာ တိမ္းေရွာင္ေနရတဲ့အထဲကမွ အခုဆုိရင္ နမ့္ဆန္ၿမဳိ႕က စစ္ေဘးဒုကၡသည္ ေထာင္ေက်ာ္ မိမိတို႔ ေနအိမ္ကို ျပန္လာၾကတာ ျဖစ္ပါတယ္။

..................

(Unicode)

စစ်ဘေးရှောင်တွေ နေရပ်ပြန်ပေမဲ့ ငြိမ်းချမ်းရေးအလားအလာ မကောင်းသေး

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးသွားရတဲ့ နမ့်ဆန်မြို့က စစ်ဘေးဒုက္ခသည်တွေ အခုတော့ အိမ်ပြန် လာကြတာဟာ အရဲစွန့် ပြန်လာခြင်းသာဖြစ်ပြီး၊ အပစ်ရပ် ငြိမ်းချမ်းရေး သဘောတူညီချက်ရဖို့ အလားအလာ နည်းနေသေးကြောင်း ရှမ်းတိုင်းရင်းသားအရေး စောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

စက်တင်ဘာ ၁၃ ကနေ ၁၆ ရက်ကြား ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့တဝိုက်မှာ အစိုးရတပ်နဲ့ TNLA တအောန်းပလောင် တပ်ဖွဲ့တွေကြား တိုက်ပွဲကြောင့် ဒေသခံ နှစ်ထောင်ကျော် စစ်ဘေးက တိမ်းရှောင်ခဲ့ရပြီး၊ အခုတော့ အဲဒီဒေသမှာ အခြေအနေတွေ တည်ငြိမ်စပြုလာလို့ ထွက်ပြေးသွားတဲ့ စစ်ဘေးဒုက္ခသည်တွေထဲက အများအပြား မိမိတို့နေအိမ်ကို ပြန်လာနေကြတယ်လို့ ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေး အသင်းက VOA ကိုအတည်ပြု ပြောပါတယ်။

တဖက်မှာလည်း မြောက်ပိုင်း ညီနောင်မဟာမိတ်အဖွဲ့တွေက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အစိုးရငြိမ်းချမ်းရေးဗဟိုဌာန NRPC တို့နဲ့ သြဂုတ်လ ၃၁ ရက်မှာတကြိမ်၊ စက်တင်ဘာ ၁၇ ရက်မှာတကြိမ် ကျိုင်းတုံမြို့မှာ တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့တာကြောင့် အပစ်ရပ်ငြိမ်းချမ်းရေး အလားအလာ ပိုနီးစပ်လာပြီလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။

ဒါပေမဲ့ စစ်ဘေးဒုက္ခသည်တွေ အခုလို အိမ်ပြန်လာကြတာဟာ အရဲစွန့် ပြန်ကြခြင်းသာဖြစ်ပြီး၊ အပစ်ရပ် ငြိမ်းချမ်းရေး သဘောတူညီချက်ရဖို့ မျှော်လင့်ချက် နည်းနေသေးကြောင်း အမေရိကန် အရီဇိုးနားပြည်နယ်မှာနေတဲ့ SNLD ပါတီ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ် စိုင်းဝင်းဖေက သုံးသပ်ပါတယ်။

“အရပ်သားတွေ ပြန်လာတဲ့ ကိစ္စကတော့ သူတို့သဘောနဲ့ သူတို့ ခန့်မှန်းချက်နဲ့ သူတို့ ပြန်လာကြတယ်။ အရပ်သားတွေက သူတို့နေရာကို စွန့်စားနဲ့ ပြန်လာတဲ့သဘောပါပဲ။ အဲဒါကိုကြည့်ပြီး အရပ်သားတွေပြန်လာတာကို ကြည့်ပြီး ငြိမ်းချမ်းရေးရတော့မှာပဲဆိုပြီးတော့ စဉ်းစားလို့ မရဘူးထင်တယ်။ အခြေအနေက ရှုပ်ထွေးနေတာ ထွက်လာတဲ့ ရလဒ်အဖြေကလည်း အခုသိရသလောက်က ဘာမှ ရေရေရာရာလည်း ရှိသေးတာမဟုတ်သေးဘူး။ ငြိမ်းချမ်းရေး စာချုပ်လက်မှတ်ထိုးတယ်ဆိုတာလည်း မကြားရသေးဘူး။ နောက်တခါ ဘယ်မှာတွေ့ကြမလဲ အဲဒါမျိုးလောက် သဘောတူညီတာမျိုးဆိုတော့ ဘာလုပ်မှာလဲခင်ဗျ။”

အစိုးရတပ်တွေနဲ့ ညီနောင်မဟာမိတ် တိုင်းရင်းသားတပ်ဖွဲ့တွေကြား ကျိုင်းတုံမြို့မှာ ဒုတိယအကြိမ်တွေ့ဆုံစဉ် ဆွေးနွေးကြတဲ့အထဲမှာ တပ်တွေနေရာချထားရေးနဲ့ တပ်တွေ လှုပ်ရှားမယ့်နယ်မြေကို ဘယ်လိုခွဲခြား သတ်မှတ်မလဲဆိုတဲ့အချက်တွေ အကြေအလည်ဆွေးနွေးကြဖို့ အခြေခံအားဖြင့် သဘောတူထားပါတယ်။ ဒီလို ကိုယ်ပိုင်နယ်မြေ ပိုင်းခြားသတ်မှတ်မှုကိစ္စမှာ အလွယ်တကူ သဘောတူညီမှုရဖို့ မဖြစ်နိုင် သေးဘူးလို့ စိုင်းဝင်းဖေက မြင်ပါတယ်။

“ ဖြစ်သင့်တာကတော့ သူတို့လိုချင်တာ စစ်ရေးအရ နယ်မြေ ပိုင်းခြားသတ်မှတ်မှု ရှိဖို့လိုတယ်လို့ ထင်တာပဲ ။ အဲဒါမျိုးရချင်တယ် အထူးသဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကလို့ ကျနော်ယူဆတာပေါ့နော်။ သူတို့ပြောထားတာရှိတာပဲ ၀ တို့လို့မျိုး နေရာ တနေရာလောက်တော့ ရချင်တဲ့ ပုံစံမျိုး လိုချင်ပုံရတယ်။ အဲဒါ စစ်တပ်အနေနဲ့ ပေးနိုင်တယ် မပေးနိုင်ဘူးဆိုတာ ကျနော်မပြောနိုင်ဘူးခင်ဗျ မသေချာဘူးလေ။ အဲဒီတော့ ဒီလိုပဲ သွားနေဦးမယ်လို့ ကျနော်ထင်တယ်။ ဖြစ်လိုက်၊ ပြေးလိုက် ၊ ပြန်လာလိုက်နဲ့ ပြည်သူကတော့ အဲလိုမျိုး သွားနေဦးမယ်လို့ ကျနော်ထင်တာပဲ။”

ဒီလိုသာ တဖက်နဲ့တဖက် အလျှော့အတင်းတွေ မလုပ်နိုင်ဘူးဆိုရင် အပစ်ရပ်ငြိမ်းချမ်းရေးလည်း ဖြစ်လာမှာ မဟုတ်သလို၊ စစ်ကြောင့် ဒေသခံတွေသာ ဆက်ပြီး နစ်နာနေရဦးမယ်လို့ အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းဥက္ကဌ ဒေါက်တာ စိုင်းထွေးမောင်က ထောက်ပြပါတယ်။

“သူတို့ ၂ ဖက်စလုံးကတော့ သူတို့လိုလားချက်တွေ သူတို့ရဲ့ ရည်မှန်းချက်ကတော့ ရှိကြတာပဲလေ။ ၂ ဖက်စလုံး ရာခိုင်နှုန်းပြည့် လိုက်လျောဖို့တော့ ခက်ပါလိမ့်မယ်။ ကျနော့်အမြင်ကတော့ တပ်မတော်ကလည်း လျော့ရမယ် ၊ ကျနော်တို့ တိုင်းရင်းသားဘက်ကလည်း လျော့ရမယ်၊ သူတို့ ညှိနှိုင်းပြီးတော့မှ အပေးအယူ လုပ်ပြီးတော့မှ ဖြစ်နိုင်တဲ့ ဥစ္စာကို ရအောင်ယူရင်တော့ ဖြစ်နိုင်တယ်။ ဒါပေမယ့် ကိုယ်လိုချင်တာကိုပဲ အပြည့်အ၀ ယူမယ်ဆိုရင်တော့ ၂ ဘက်စလုံးက ညှိလို့ရမယ် မထင်ဘူး။ ဆိုတော့ ကျနော်မြင်တာကတော့ တိုက်ပွဲ မရပ်မချင်းတော့ ဒေသခံတွေ ခံနေရဦးမှာပဲ။”

သြဂုတ်လ ၁၅ ရက်က တကျော့ပြန်စတင်လာခဲ့တဲ့ တရုတ်နယ်စပ် ညီနောင်မဟာမိတ်တပ်တွေရဲ့ တိုက်ခိုက်မှုတွေကနေ အစိုးရတပ်တွေရဲ့ တန်ပြန်ထိုးစစ်တွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စက်တင်ဘာလအလယ်ထိ တိုက်ပွဲတွေ ဖြစ်လာရသလို၊ ဒေသခံတွေ စစ်ဘေးရှောင်ပြီး ဒုက္ခသည် ဖြစ်လာကြပါတယ်။ သြဂုတ်လ တိုက်ပွဲကြောင့် လူပေါင်း ၇၅၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး စစ်ဘေးဒုက္ခသည် ၃၅၀၀ ယာယီစခန်းတွေမှာ တိမ်းရှောင်နေရတဲ့အထဲကမှ အခုဆိုရင် နမ့်ဆန်မြို့က စစ်ဘေးဒုက္ခသည် ထောင်ကျော် မိမိတို့ နေအိမ်ကို ပြန်လာကြတာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG