သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကြတ္ခုိင္ၿမိဳ႕နယ္မွာ တပ္မေတာ္နဲ႔ TNLA တုိက္ပဲြျဖစ္


ရွမ္းျပည္မွာ ရွိတဲ့ ျမန္မာစစ္တပ္

ရွမ္းျပည္နယ္ ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္ ကုန္းဆာရြာအနီးမွာ အစိုးရတပ္မေတာ္နဲ႔ TNLA တအန္း(ပေလာင္)တပ္ဖဲြ႔အၾကား ဒီကေန႔ မနက္ အေစာပိုင္းက စတင္ၿပီး တုိက္ပဲြျဖစ္ပြားရာမွာ မြန္းလဲြပိုင္းအထိ လက္နက္ၾကီးေတြနဲ႔ ပစ္ခတ္ေနဆဲရိွေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ ကုန္းဆာရြာက ရြာသားေတြကေတာ့ လက္နက္ၾကီးက်ည္ေတြ သူတုိ႔ရြာအနီးက်ေရာက္တာေၾကာင့္ ေဘးလြတ္ရာေနရာကို တစ္ရြာလံုး ထြက္ေျပး တိမ္းေရွာင္ေနရေၾကာင္း ေျပာပါတယ္။ ဒီသတင္းကို ဗီြအုိေအျမန္မာပိုင္းရဲ့ သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

အစိုးရရဲ့ ၿငိမ္းခ်မ္းေရး ကိုယ္စားလွယ္အဖဲြ႔နဲ႔ ေျမာက္ပိုင္းမဟာမိတ္အဖဲြ႔ေတြအၾကား Bilateral ေခၚ ႏွစ္ဘက္ အပစ္ရပ္စာခ်ဳပ္ ခ်ဳပ္ဆုိဖို႔ က်ိဳင္းတံုၿမိဳ႕မွာ ေဆြးေႏြးခဲ့ေပမဲ့ တိုက္ပဲြေတြဟာ ေလ်ာ့က်သြားတာမရိွဘဲ ရခိုင္ျပည္နယ္နဲ႔ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ ဆက္လက္ျပင္းထန္ေနဆဲ ရိွေနပါတယ္။

ဒီကေန႔ မနက္ပိုင္းမွာလည္း ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္မွာ တိုက္ပဲြေတြ ျဖစ္ပြားလာခဲ့ၿပီး တိုက္ပဲြျဖစ္ပြားရာအနီးက ကုန္းဆာရြာဟာ ရြာလံုးကြ်တ္ ေဘးလြတ္ရာကို တိမ္းေရွာင္ေနရေၾကာင္း ကုန္းဆာရြာသား တဦးက ေျပာပါတယ္။

“ရြာရဲ့ေနာက္ဘက္မွာေလ။ ဒီေန႔ မနက္ ၅ နာရီခဲြ၊ ၆ နာရီေလာက္စေနၿပီ။ ရြာေတာ့ မ၀င္လာဘူး။ သူတို႔ ေနတဲ့ဘက္ ကုန္းဘက္မွာပဲ ပစ္ၾကတယ္။ ရြာသူ၊ ရြာသားေတြက ေသနတ္သံၾကားတာနဲ႔ လက္နက္ၾကီးေတြလည္း ရြာေဘးနားက ၿခံ၊ ၿခံေဘးနားက်တာနဲ႔ ဘယ္သူမဆို ေၾကာက္တယ္ဆုိ ေျပးျပန္တယ္။ အကုန္ေျပးသြားတယ္။ နမ့္ဟူးဘက္မွာ တခ်ိဳ႕ သြားတယ္။ မန္ေနာင္ဘက္မွာ တခ်ိဳ႕ သြားတယ္။ မန္တံုမွာလည္း ေျပးသြားတယ္။ တခ်ိဳ႕က ၿမိဳ႕ထဲ ေျပးသြားတယ္။ ရြာထဲမွာ ဘယ္သူမွ ေတာင္ မက်န္ဘူး။”

ကုန္းဆာရြာမွာ အိမ္ေျခ ၄၀၊ လူဦးေရ ၂၀၀ေလာက္ရိွေၾကာင္းနဲ႔ေန႔ခင္း ၂ နာရီခဲြ ဆက္သြယ္ေမးျမန္းခ်ိန္အထိ လက္နက္ၾကီး ပစ္ခတ္သံေတြကို ၾကားေနရေၾကာင္းဆက္ ကုန္းဆာရြာခံက ဆက္ေျပာပါတယ္။

ဒီေန႔ တုိက္ပဲြျဖစ္ပြားတဲ့ အေျခအေနကို TNLA ေခၚ တအန္း(ပေလာင္)တပ္ဖဲြ႔က ေျပာေရးဆုိခြင့္ရိွသူ ဗိုလ္မႈးတားအိုက္ေက်ာ္က အခုလုိ ေျပာပါတယ္။

“ဒီကေန႔ မနက္ ၅ နာရီခဲြေလာက္ေပါ့ေနာ။ ၅ နာရီခဲြကေန စၿပီးေတာ့မွာ ကြတ္ခိုင္ၿမိဳ႕နယ္ ကုန္းဆာဘက္က ေတာင္ေၾကာေပၚမွာ က်ေနာ္တုိ႔ တပ္မဟာ ၅နဲ႔ တပ္ရင္း ၂၂၃ တပ္စဲြထားတဲ့ ေနရာကို ဒီ ျမန္မာစစ္တပ္ ခလရ ၄၅၊ ၂၄၂၊ ၆၉ စစ္ေၾကာင္း ၃ ခုေပါ့ေနာ္။ ဒီေတာင္ ၃၀ ဘက္ကေနၿပီး က်ေနာ္တုိ႔ကို လာတုိက္တာ။ လာတိုက္တဲ့အတြက္ ဒီတုိက္ပဲြက စျဖစ္တာ ျဖစ္တယ္။”

ညေန ၃နာရီေလာက္အထိ တိုက္ပဲြေတြက ဆက္လက္ျဖစ္ပြားေနဆဲရိွေၾကာင္း ေျပာပါတယ္။

“လက္ရိွအခ်ိန္ထိလည္း တဘက္နဲ႔ တဘက္ ေစာင့္ၾကည့္အေနအထားပဲ ရိွတယ္။ အျပန္အလွန္ပစ္ခတ္မႈ ပစ္လိုက္နားလိုက္ အဲဒီအေနအထားပဲ ရိွေသးတယ္။ ကြတ္ခိုင္ဘက္မွာလည္း ဒီ ကြတ္ခိုင္တပ္ကလည္း ၁၀၅ မမနဲ႔ တေလ်ာက္ပစ္ကူေတြေပးေနတယ္။”

ဒီေန႔ တုိက္ပဲြသတင္းနဲ႔ပတ္သက္ၿပီး တပ္မေတာ္ဘက္ကို ေမးျမန္းႏိုင္ဖုိ႔ ဆက္သြယ္ခဲ့ေပမဲ့ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

TNLA တအန္း (ပေလာင္)၊ MNDAA ကိုးကန္႔နဲ႔ AA ရခိုင္တပ္ဖဲြ႔ေတြ ပါ၀င္တဲ့ မဟာမိတ္ ၃ ဖဲြ႔ဟာ ဒီႏွစ္ကုန္အထိ တဘက္သတ္ အပစ္ရပ္ေၾကာင္း ဒီလ ၂၀ ရက္ေန႔က ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

ဒီလုိထုတ္ျပန္ၿပီးေနာက္ နာရီပိုင္းအတြင္းမွာ AA က ရခိုင္ျပည္နယ္ ဘူးသီးေတာင္က တပ္မဌာနခ်ဳပ္ကို လက္နက္ၾကီးနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း တပ္မေတာ္က သတင္းထုတ္ျပန္ခဲ့သလို ၂၁ ရက္ေန႔မွာေတာ့ စစ္တုိင္းေဒသ ၅ ခုမွာ စစ္ေရးလႈပ္ရွားတာေတြ ရပ္ဆုိင္းေၾကာင္း ေၾကညာခ်က္ကို ထပ္မံသက္တမ္းတိုးျမွင့္ဖို႔ အစီအစဥ္ မရိွေၾကာင္း သတင္းထုတ္ျပန္ခဲ့ပါတယ္။

[Unicode Version]

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကုန်းဆာရွာအနီးမှာ အစိုးရတပ်မတော်နဲ့ TNLA တအန်း(ပလောင်)တပ်ဖွဲ့အကြား ဒီကနေ့ မနက် အစောပိုင်းက စတင်ပြီး တိုက်ပွဲဖြစ်ပွားရာမှာ မွန်းလွဲပိုင်းအထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေဆဲရှိကြောင်း ဒေသခံတွေက ပြောပါတယ်။ ကုန်းဆာရွာက ရွာသားတွေကတော့ လက်နက်ကြီးကျည်တွေ သူတို့ရွာအနီးကျရောက်တာကြောင့် ဘေးလွတ်ရာနေရာကို တစ်ရွာလုံး ထွက်ပြေး တိမ်းရှောင်နေရကြောင်း ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအကြား Bilateral ခေါ် နှစ်ဘက် အပစ်ရပ်စာချုပ် ချုပ်ဆိုဖို့ ကျိုင်းတုံမြို့မှာ ဆွေးနွေးခဲ့ပေမဲ့ တိုက်ပွဲတွေဟာ လျော့ကျသွားတာမရှိဘဲ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဆက်လက်ပြင်းထန်နေဆဲ ရှိနေပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာအနီးက ကုန်းဆာရွာဟာ ရွာလုံးကျွတ် ဘေးလွတ်ရာကို တိမ်းရှောင်နေရကြောင်း ကုန်းဆာရွာသား တဦးက ပြောပါတယ်။

“ရွာရဲ့နောက်ဘက်မှာလေ။ ဒီနေ့ မနက် ၅ နာရီခွဲ၊ ၆ နာရီလောက်စနေပြီ။ ရွာတော့ မဝင်လာဘူး။ သူတို့ နေတဲ့ဘက် ကုန်းဘက်မှာပဲ ပစ်ကြတယ်။ ရွာသူ၊ ရွာသားတွေက သေနတ်သံကြားတာနဲ့ လက်နက်ကြီးတွေလည်း ရွာဘေးနားက ခြံ၊ ခြံဘေးနားကျတာနဲ့ ဘယ်သူမဆို ကြောက်တယ်ဆို ပြေးပြန်တယ်။ အကုန်ပြေးသွားတယ်။ နမ့်ဟူးဘက်မှာ တချို့ သွားတယ်။ မန်နောင်ဘက်မှာ တချို့ သွားတယ်။ မန်တုံမှာလည်း ပြေးသွားတယ်။ တချို့က မြို့ထဲ ပြေးသွားတယ်။ ရွာထဲမှာ ဘယ်သူမှ တောင် မကျန်ဘူး။”

ကုန်းဆာရွာမှာ အိမ်ခြေ ၄၀၊ လူဦးရေ ၂၀၀လောက်ရှိကြောင်းနဲ့နေ့ခင်း ၂ နာရီခွဲ ဆက်သွယ်မေးမြန်းချိန်အထိ လက်နက်ကြီး ပစ်ခတ်သံတွေကို ကြားနေရကြောင်းဆက် ကုန်းဆာရွာခံက ဆက်ပြောပါတယ်။

ဒီနေ့ တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေကို TNLA ခေါ် တအန်း(ပလောင်)တပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးတားအိုက်ကျော်က အခုလို ပြောပါတယ်။

“ဒီကနေ့ မနက် ၅ နာရီခွဲလောက်ပေါ့နော။ ၅ နာရီခွဲကနေ စပြီးတော့မှာ ကွတ်ခိုင်မြို့နယ် ကုန်းဆာဘက်က တောင်ကြောပေါ်မှာ ကျနော်တို့ တပ်မဟာ ၅နဲ့ တပ်ရင်း ၂၂၃ တပ်စွဲထားတဲ့ နေရာကို ဒီ မြန်မာစစ်တပ် ခလရ ၄၅၊ ၂၄၂၊ ၆၉ စစ်ကြောင်း ၃ ခုပေါ့နော်။ ဒီတောင် ၃၀ ဘက်ကနေပြီး ကျနော်တို့ကို လာတိုက်တာ။ လာတိုက်တဲ့အတွက် ဒီတိုက်ပွဲက စဖြစ်တာ ဖြစ်တယ်။”

ညနေ ၃နာရီလောက်အထိ တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေဆဲရှိကြောင်း ပြောပါတယ်။

“လက်ရှိအချိန်ထိလည်း တဘက်နဲ့ တဘက် စောင့်ကြည့်အနေအထားပဲ ရှိတယ်။ အပြန်အလှန်ပစ်ခတ်မှု ပစ်လိုက်နားလိုက် အဲဒီအနေအထားပဲ ရှိသေးတယ်။ ကွတ်ခိုင်ဘက်မှာလည်း ဒီ ကွတ်ခိုင်တပ်ကလည်း ၁၀၅ မမနဲ့ တလျောက်ပစ်ကူတွေပေးနေတယ်။”

ဒီနေ့ တိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး တပ်မတော်ဘက်ကို မေးမြန်းနိုင်ဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

TNLA တအန်း (ပလောင်)၊ MNDAA ကိုးကန့်နဲ့ AA ရခိုင်တပ်ဖွဲ့တွေ ပါဝင်တဲ့ မဟာမိတ် ၃ ဖွဲ့ဟာ ဒီနှစ်ကုန်အထိ တဘက်သတ် အပစ်ရပ်ကြောင်း ဒီလ ၂၀ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒီလိုထုတ်ပြန်ပြီးနောက် နာရီပိုင်းအတွင်းမှာ AA က ရခိုင်ပြည်နယ် ဘူးသီးတောင်က တပ်မဌာနချုပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သလို ၂၁ ရက်နေ့မှာတော့ စစ်တိုင်းဒေသ ၅ ခုမှာ စစ်ရေးလှုပ်ရှားတာတွေ ရပ်ဆိုင်းကြောင်း ကြေညာချက်ကို ထပ်မံသက်တမ်းတိုးမြှင့်ဖို့ အစီအစဉ် မရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG