သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေျမာက္ပုိင္းလက္နက္ကုိင္ ၃ ဖဲြ႔ ႏွစ္ကုန္အထိ အပစ္ရပ္ေၾကညာ


တေအာင္းလက္နက္ကိုင္ TNLA တပ္ဖြဲ႔၀င္မ်ား

ျပည္တြင္းစစ္ရပ္တန္႔ႏုိင္ဖို႔နဲ႔ တဘက္သတ္ အပစ္အခတ္ရပ္စဲႏုိင္ဖို႔ ရည္ရြယ္ျပီး ဒီႏွစ္ကုန္အထိ ထုိးစစ္ဆင္ တုိက္ခုိက္မႈေတြ ရပ္စဲမယ့္အေၾကာင္း တ႐ုတ္-ျမန္မာနယ္စပ္ အေျခစုိက္ တုိင္းရင္းသား လက္နက္ကုိင္ အဖဲြ႔ ၃ ဖဲြ႔က ဒီေန႔ပဲ ေၾကညာလိုက္ပါတယ္။

ရခိုင္ေဒသအပါအဝင္ သူတုိ႔ လက္ရွိ လႈပ္ရွားေနတဲ႔ ေနရာ အားလံုးမွာ အပစ္အခတ္ရပ္စဲလိုက္တာျဖစ္လို႔ တပ္မေတာ္ဘက္ကလည္း ဒီေနရာေတြမွာ ထိုးစစ္ေတြထပ္မလုပ္ဖို႔ ေမ်ွာ္လင့္ေၾကာင္း ရခိုင္လက္နက္ကိုင္ AA ဘက္ကေျပာလိုက္ေပမဲ႔ တပ္မေတာ္ဘက္ကေတာ႔ သူတို႔အေနနဲ႔ နယ္ေျမရွင္းလင္းမႈေတြကို ဆက္လုပ္သြားမယ္လို႔ ေျပာပါတယ္။ တပ္မေတာ္ဘက္ကေတာ႔ ဒါနဲ႔ပတ္သက္လို႔ မွတ္ခ်က္ တစံုတရာမေပးလိုေၾကာင္း တံု႔ျပန္ခဲ႔ပါတယ္။ အျပည့္အစံုကို ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္ ေပးပို႔ထားပါတယ္။

ညီေနာင္မဟာမိတ္ သံုးဖြဲ႔ ျဖစ္တဲ႔ ရခိုင္လက္နက္ကိုင္ AA ၊ ကိုးကန္႔အဖြဲ႔ MNDAA နဲ႔ တေအာင္းလက္နက္ကိုင္ TNLA တို႔က ဒီေန႔ေန႔စြဲနဲ႔ ထုတ္ျပန္တဲ႔ သတင္းထုတ္ျပန္ခ်က္ဟာ တပ္မေတာ္ရဲ႕ ထိုးစစ္ေတြကို ရပ္တန္႔ဖို႔ရည္ရြယ္သလို၊ အပစ္အခတ္ ရပ္စဲေရး ညွိႏႈိင္းေနတဲ႔ အေတာအတြင္း ယံုၾကည္မႈ တည္ေဆာက္ႏုိင္ေအာင္ ရည္ရြယ္ေၾကာင္း ရခိုင္လက္နက္ကိုင္ AA ရဲ႕ သတင္းျပန္ၾကားေရး တာဝန္ခံ ခိုင္သုခက ဗြီအိုေအကို ေျပာပါတယ္။

“ဒီဟာကေတာ႔ အဓိကဦးတည္ခ်က္ကေတာ႔ ေတြ႔ဆံုေဆြေႏြးေနၾကတဲ႔ ကာလမွာ ႏွစ္ဦး ႏွစ္ဘက္ၾကားမွာေနၿပီးေတာ႔ ယံုၾကည္မႈေတြ ပိုၿပီးေတာ႔ဒါ ျဖစ္လာေအာင္ေပါ႔ေနာ္။ က်ေနာ္တို႔ ညီေနာင္ မဟာမိတ္ေတြဘက္က က်ေနာ္တို႔ လုပ္ႏုိင္တဲ႔ အပိုင္းေပါ႔ေနာ္ အဲဒါကိုက်ေနာ္တို႔ဘက္က လုပ္တာျဖစ္တယ္။ ဆိုေတာ႔ က်ေနာ္တို႔ဘက္က လုပ္သလိုမ်ိဳး တဘက္ကေနၿပီး ဗမာစစ္တပ္ဘက္ကလည္းပဲ သူတို႔လုပ္ေနတဲ႔ ထိုးစစ္ေတြကို ရပ္လိုက္မယ္ဆိုရင္ေတာ႔ အခုလက္ရွိ ျဖစ္ေနတဲ႔ တိုက္ပြဲေတြကို ရပ္သြားႏုိင္တာေပါ႔။”

ညီေနာင္မဟာမိတ္သံုးဖြဲ႔က တိုက္ပြဲေတြကို အနိမ့္ဆံုးျဖစ္ေအာင္ ေလ်ွာ့ခ်ထားျပီး တပ္မေတာ္ရဲ႕ ထိုးစစ္ေတြကို ခုခံကာကြယ္တဲ႔ အေနအထားျဖစ္ေၾကာင္း၊ အခု ထုတ္ျပန္ခ်က္ကလည္း ရခိုင္ေဒသအပါအဝင္ သူတို႔လႈပ္ရွားေနတဲ႔ ေနေျမေဒသအားလံုးမွာ အပစ္အခတ္ရပ္စဲထားတယ္ဆိုတာ အသိေပးလိုက္တာလို႔ ခိုင္သုခက ေျပာပါတယ္။

“အခုက ဗမာစစ္တပ္ဘက္က သူတို႔ဒီအပစ္အခတ္ ရပ္စဲေရး တဖက္သတ္ေၾကညာထားတဲ႔ ဥစၥာမွာ ေျပာရမယ္ဆိုရင္ က်ေနာ္တို႔ ရခိုင္ေဒသမပါဘူး။ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္မပါဘူး။ အဲဒါေၾကာင့္မို႔သူတို႔က အဲဒီမွာ အင္အားေတြ အလံုးအရင္းနဲ႔ ဖိၿပီးေတာ႔မွ တိုက္ေနတယ္။ ဒီဟာမ်ိဳးက ေျပာရမယ္ဆိုရင္ သူတို႔ရဲ႕ အဓိက တိုက္ပဲြရပ္တန္႔ထားတဲ႔ ဦးတည္ခ်က္က အေကာင္းဘက္ကို ဦးမတည္ဘူး ျဖစ္ေနတာပါ႔။ အခုက်ေနာ္တုိ႔ဘက္က တဖက္သတ္ အပစ္အခတ္ရပ္စဲထားတဲ႔ အေနအထားက အခုက်ေနာ္တို႔ ညီေနာင္မဟာမိတ္ သံုးဖြဲ႔ရဲ႕ လႈပ္ရွားနယ္ေျမေတြ အားလံုးပါတယ္ဆုိတဲ႔ အခါက်ေတာ႔ အမ်ားႀကီး အက်ိဳးသက္ေရာက္မႈက ပိုရွိတာေပါ႔”

စက္တင္လာ ၁၇ရက္ကလည္း က်ိဳင္းတံုၿမိဳ႕မွာ တပ္မေတာ္နဲ႔ ေျမာက္ပိုင္း မဟာမိတ္ေလးဖြဲ႔ျဖစ္တဲ႔ ကခ်င္လက္နက္ကိုင္ KIA, တေအာင္းလက္နက္ကိုင္ TNLA, ကိုးကန္႔အဖြဲ႔ MNDAA နဲ႔ ရခိုင္လက္နက္ကိုင္ AA တို႔ ႏွစ္ဘက္အပစ္အခတ္ရပ္စဲေရးစာခ်ဳပ္အတြက္ ေဆြးေႏြးခဲ႔ၾကပါတယ္။ ဒီပြဲမွာ အပစ္ရပ္ လက္မွတ္ထိုးေရးနဲ႔ တပ္ေနရာခ်ထားေရး အပါအဝင္ အခ်က္ ၇ခုကို ေနာက္ေဆြးေႏြးပြဲေတြမွာ ဆက္ေဆြးေႏြးၾကဖို႔ သေဘာတူညီမႈရခဲ႔ပါတယ္။

ဒါေပမဲ႔လည္း ေဆြးေႏြးပြဲေတြကို တိုက္ပြဲေတြလုပ္ရင္း ဆက္သြားမလားဆိုတဲ႔အေပၚမွာ အမ်ားစုက စိုးရိမ္ေနၾကတာလည္း ရွိပါတယ္။ ဒါေၾကာင့္ တင္းမာတဲ႔ သေဘာထားေတြကို တပ္မေတာ္ဘက္က ေလ်ွာ့ခ်ဖို႔လိုေၾကာင္း ခိုင္သုခကေျပာပါတယ္။

“ဗမာစစ္တပ္ဘက္ကေနျပီးေတာ႔ အရင္သူတို႔ကိုင္စြဲထားတဲ႔ တင္းမာတဲ႔ သေဘာထားေတြကို ေလ်ွာ့ႏိုင္မယ္ဆိုရင္ ညွိႏႈိင္းေဆြးေႏြးတဲ့ ဥစၥာေတြမွာ ပိုျပီး ျမန္ျမန္ဆန္ဆန္ ျဖစ္လာမွာေပါ႔။ အခုက သူတို႔ကေနျပီးေတာ႔ တဖက္သတ္ တင္းမာတဲ႔ စကားေတြ ေျပာေနတဲ႔အခါက်ေတာ႔ တခ်ိဳ႕ကိစၥေတြမွာ ျငိမ္းခ်မ္းေရး ေဆြးေႏြးပြဲက ေရွ႕မေရာက္ႏိုင္တဲ႔ ဥစၥာေတြလည္း ရွိတာေပါ႔။”

ညီေနာင္မဟာမိတ္သံုးဖြဲ႔က ၁လတာအပစ္ရပ္စဲေၾကာင္း စက္တင္ဘာ ၉ ရက္ကလည္း ေၾကညာခဲ႔ပါတယ္။ အခု ဒီႏွစ္ကုန္အထိ သက္တမ္းထပ္တိုး လိုက္တာပါ။ တပ္မေတာ္ဘက္က ေလ႔က်င့္ေရးစခန္းေတြကိုတိုက္တာ၊ ေလေၾကာင္းကေနတိုက္ခိုက္တာ၊ စစ္ေရွာင္ေတြကို အေၾကာင္းျပျပီး ရိကၡာ ျဖတ္ေတာက္တာေတြကို လုပ္မယ္ဆိုရင္ ျပန္ျပီးခုခံကာကြယ္ သြားမယ္လို႔လည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ညီေနာင္သံုးဖြဲ႔ရဲ႕ ေၾကညာခ်က္ထုတ္ျပန္တာနဲ႔ပတ္သက္လို႔ တပ္မေတာ္က မွတ္ခ်က္တစံုတရာမေပးလိုေၾကာင္း တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႔ က ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

“အဲဒါနဲ႔ပတ္သက္လို႔ က်ေနာ္တို႔အေနနဲ႔က ဘာသေဘာထားမွတ္ခ်က္မွ ေပးစရာမရွိပါဘူး က်ေနာ္တို႔ေျပာထားျပီးသားပါဗ် က်ေနာ္တို႔ရဲ႕ ဒီ၂၁ရက္ေန႔ ထုတ္ျပန္ခ်က္မွာ အပိုဒ္ ၅၊ ၆၊ ၇ နဲ႔ပတ္သက္လာရင္ က်ေနာ္တို႔ ဒီအတိုင္း ၾကည့္ေနလို႔ မရပါဘူး။ ျပည္သူ႔အသက္အိုးအိမ္ ထိပါးလာတာတို႔ ျပီးရင္ အုပ္ခ်ဳပ္မႈ ယႏၱယားအဆင့္ဆင့္ ထိခိုက္တာ၊ ျပည္သူလူထုကို ဝန္ထုပ္ဝန္ပိုးျဖစ္တာ က်ေနာ္တို႔ မလႊဲမေသြ ျပန္လည္တိုက္ခိုက္သြားရမွာ ျဖစ္ပါတယ္။ ရွမ္းေျမာက္ဘက္မွာကေတာ႔ ဒီေန႔ ထိေတြ႔တိုက္ပြဲျဖစ္တာ မၾကားေသးပါဘူးဗ်။”

တပ္မေတာ္ဘက္က ေနာက္ဆံုးအၾကိမ္ အပစ္ရပ္စဲေရးေၾကညာခ်က္ ထုတ္ျပန္ထားတာကေတာ့ မနက္ျဖန္ စက္တင္ဘာ ၂၁ရက္မွာ ကုန္ဆံုးမွာ ျဖစ္ပါတယ္။ ေျမာက္ပိုင္းတိုင္း၊ အေရွ႕ေျမာက္တိုင္း၊ အေရွ႕ပိုင္းတိုင္း၊ အလယ္ပိုင္းတိုင္းနဲ႔ ၾတိဂံေဒသ စတဲ႔ စစ္တိုင္းငါးခုမွာ အပစ္ရပ္စဲေၾကာင္း တပ္မေတာ္ဘက္က ေၾကညာထားတာပါ။

ၾသဂုတ္လ ၁၅ရက္ကေန တေၾကာ့ျပန္ျဖစ္လာတဲ႔ တိုက္ပြဲေတြေၾကာင့္ ရွမ္းေျမာက္မွာ စက္တင္ဘာ ၄ရက္ထိ အရပ္သား ၁၇ေယာက္ေသဆံုးျပီး၊ အနည္းဆံုး လူ၂၇ေယာက္ေလာက္ ဒဏ္ရာရခဲ႔တယ္လို႔ ကုလသမဂၢ လူသားခ်င္းစာနာေရးဆိုင္ရာ ညွိႏႈိင္းေရးမွဴးရံုး UNOCHA ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပ ထားပါတယ္။ နမ့္ဆန္ျမိဳ႕နယ္ဘက္မွာ ေနာက္ဆံုးျဖစ္ခဲ႔တဲ႔ တိုက္ပြဲေတြေၾကာင့္ ေဒသခံ ၂၀၀၀ ေက်ာ္ေလာက္ တိမ္းေရွာင္ခဲ႔ရျပီး အခုေတာ႔ သူတို႔ေနရပ္ကို ျပန္သြားေနျပီလုိ႔ ကယ္ဆယ္ေရးအဖြဲ႔ေတြက ေျပာပါတယ္။

................................

{Unicode}

မြောက်ပိုင်းလက်နက်ကိုင် ၃ ဖွဲ့ နှစ်ကုန်အထိ အပစ်ရပ်ကြေညာ

ပြည်တွင်းစစ်ရပ်တန့်နိုင်ဖို့နဲ့ တဘက်သတ် အပစ်အခတ်ရပ်စဲနိုင်ဖို့ ရည်ရွယ်ပြီး ဒီနှစ်ကုန်အထိ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ရပ်စဲမယ့်အကြောင်း တရုတ်-မြန်မာနယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့က ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။ ရခိုင်ဒေသအပါအဝင် သူတို့ လက်ရှိ လှုပ်ရှားနေတဲ့ နေရာ အားလုံးမှာ အပစ်အခတ်ရပ်စဲလိုက်တာဖြစ်လို့ တပ်မတော်ဘက်ကလည်း ဒီနေရာတွေမှာ ထိုးစစ်တွေထပ်မလုပ်ဖို့ မျှော်လင့်ကြောင်း ရခိုင်လက်နက်ကိုင် AA ဘက်ကပြောလိုက်ပေမဲ့ တပ်မတော်ဘက်ကတော့ သူတို့အနေနဲ့ နယ်မြေရှင်းလင်းမှုတွေကို ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။ တပ်မတော်ဘက်ကတော့ ဒါနဲ့ပတ်သက်လို့ မှတ်ချက် တစုံတရာမပေးလိုကြောင်း တုံ့ပြန်ခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် ပေးပို့ထားပါတယ်။

ညီနောင်မဟာမိတ် သုံးဖွဲ့ ဖြစ်တဲ့ ရခိုင်လက်နက်ကိုင် AA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ တအောင်းလက်နက်ကိုင် TNLA တို့က ဒီနေ့နေ့စွဲနဲ့ ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်ဟာ တပ်မတော်ရဲ့ ထိုးစစ်တွေကို ရပ်တန့်ဖို့ရည်ရွယ်သလို၊ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းနေတဲ့ အတောအတွင်း ယုံကြည်မှု တည်ဆောက်နိုင်အောင် ရည်ရွယ်ကြောင်း ရခိုင်လက်နက်ကိုင် AA ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။

“ဒီဟာကတော့ အဓိကဦးတည်ချက်ကတော့ တွေ့ဆုံဆွေနွေးနေကြတဲ့ ကာလမှာ နှစ်ဦး နှစ်ဘက်ကြားမှာနေပြီးတော့ ယုံကြည်မှုတွေ ပိုပြီးတော့ဒါ ဖြစ်လာအောင်ပေါ့နော်။ ကျနော်တို့ ညီနောင် မဟာမိတ်တွေဘက်က ကျနော်တို့ လုပ်နိုင်တဲ့ အပိုင်းပေါ့နော် အဲဒါကိုကျနော်တို့ဘက်က လုပ်တာဖြစ်တယ်။ ဆိုတော့ ကျနော်တို့ဘက်က လုပ်သလိုမျိုး တဘက်ကနေပြီး ဗမာစစ်တပ်ဘက်ကလည်းပဲ သူတို့လုပ်နေတဲ့ ထိုးစစ်တွေကို ရပ်လိုက်မယ်ဆိုရင်တော့ အခုလက်ရှိ ဖြစ်နေတဲ့ တိုက်ပွဲတွေကို ရပ်သွားနိုင်တာပေါ့။”

ညီနောင်မဟာမိတ်သုံးဖွဲ့က တိုက်ပွဲတွေကို အနိမ့်ဆုံးဖြစ်အောင် လျှော့ချထားပြီး တပ်မတော်ရဲ့ ထိုးစစ်တွေကို ခုခံကာကွယ်တဲ့ အနေအထားဖြစ်ကြောင်း၊ အခု ထုတ်ပြန်ချက်ကလည်း ရခိုင်ဒေသအပါအဝင် သူတို့လှုပ်ရှားနေတဲ့ နေမြေဒေသအားလုံးမှာ အပစ်အခတ်ရပ်စဲထားတယ်ဆိုတာ အသိပေးလိုက်တာလို့ ခိုင်သုခက ပြောပါတယ်။

“အခုက ဗမာစစ်တပ်ဘက်က သူတို့ဒီအပစ်အခတ် ရပ်စဲရေး တဖက်သတ်ကြေညာထားတဲ့ ဥစ္စာမှာ ပြောရမယ်ဆိုရင် ကျနော်တို့ ရခိုင်ဒေသမပါဘူး။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မပါဘူး။ အဲဒါကြောင့်မို့သူတို့က အဲဒီမှာ အင်အားတွေ အလုံးအရင်းနဲ့ ဖိပြီးတော့မှ တိုက်နေတယ်။ ဒီဟာမျိုးက ပြောရမယ်ဆိုရင် သူတို့ရဲ့ အဓိက တိုက်ပွဲရပ်တန့်ထားတဲ့ ဦးတည်ချက်က အကောင်းဘက်ကို ဦးမတည်ဘူး ဖြစ်နေတာပါ့။ အခုကျနော်တို့ဘက်က တဖက်သတ် အပစ်အခတ်ရပ်စဲထားတဲ့ အနေအထားက အခုကျနော်တို့ ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ လှုပ်ရှားနယ်မြေတွေ အားလုံးပါတယ်ဆိုတဲ့ အခါကျတော့ အများကြီး အကျိုးသက်ရောက်မှုက ပိုရှိတာပေါ့”

စက်တင်လာ ၁၇ရက်ကလည်း ကျိုင်းတုံမြို့မှာ တပ်မတော်နဲ့ မြောက်ပိုင်း မဟာမိတ်လေးဖွဲ့ဖြစ်တဲ့ ကချင်လက်နက်ကိုင် KIA, တအောင်းလက်နက်ကိုင် TNLA, ကိုးကန့်အဖွဲ့ MNDAA နဲ့ ရခိုင်လက်နက်ကိုင် AA တို့ နှစ်ဘက်အပစ်အခတ်ရပ်စဲရေးစာချုပ်အတွက် ဆွေးနွေးခဲ့ကြပါတယ်။ ဒီပွဲမှာ အပစ်ရပ် လက်မှတ်ထိုးရေးနဲ့ တပ်နေရာချထားရေး အပါအဝင် အချက် ၇ခုကို နောက်ဆွေးနွေးပွဲတွေမှာ ဆက်ဆွေးနွေးကြဖို့ သဘောတူညီမှုရခဲ့ပါတယ်။

ဒါပေမဲ့လည်း ဆွေးနွေးပွဲတွေကို တိုက်ပွဲတွေလုပ်ရင်း ဆက်သွားမလားဆိုတဲ့အပေါ်မှာ အများစုက စိုးရိမ်နေကြတာလည်း ရှိပါတယ်။ ဒါကြောင့် တင်းမာတဲ့ သဘောထားတွေကို တပ်မတော်ဘက်က လျှော့ချဖို့လိုကြောင်း ခိုင်သုခကပြောပါတယ်။

“ဗမာစစ်တပ်ဘက်ကနေပြီးတော့ အရင်သူတို့ကိုင်စွဲထားတဲ့ တင်းမာတဲ့ သဘောထားတွေကို လျှော့နိုင်မယ်ဆိုရင် ညှိနှိုင်းဆွေးနွေးတဲ့ ဥစ္စာတွေမှာ ပိုပြီး မြန်မြန်ဆန်ဆန် ဖြစ်လာမှာပေါ့။ အခုက သူတို့ကနေပြီးတော့ တဖက်သတ် တင်းမာတဲ့ စကားတွေ ပြောနေတဲ့အခါကျတော့ တချို့ကိစ္စတွေမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲက ရှေ့မရောက်နိုင်တဲ့ ဥစ္စာတွေလည်း ရှိတာပေါ့။”

ညီနောင်မဟာမိတ်သုံးဖွဲ့က ၁လတာအပစ်ရပ်စဲကြောင်း စက်တင်ဘာ ၉ ရက်ကလည်း ကြေညာခဲ့ပါတယ်။ အခု ဒီနှစ်ကုန်အထိ သက်တမ်းထပ်တိုး လိုက်တာပါ။ တပ်မတော်ဘက်က လေ့ကျင့်ရေးစခန်းတွေကိုတိုက်တာ၊ လေကြောင်းကနေတိုက်ခိုက်တာ၊ စစ်ရှောင်တွေကို အကြောင်းပြပြီး ရိက္ခာ ဖြတ်တောက်တာတွေကို လုပ်မယ်ဆိုရင် ပြန်ပြီးခုခံကာကွယ် သွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ညီနောင်သုံးဖွဲ့ရဲ့ ကြေညာချက်ထုတ်ပြန်တာနဲ့ပတ်သက်လို့ တပ်မတော်က မှတ်ချက်တစုံတရာမပေးလိုကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“အဲဒါနဲ့ပတ်သက်လို့ ကျနော်တို့အနေနဲ့က ဘာသဘောထားမှတ်ချက်မှ ပေးစရာမရှိပါဘူး ကျနော်တို့ပြောထားပြီးသားပါဗျ ကျနော်တို့ရဲ့ ဒီ၂၁ရက်နေ့ ထုတ်ပြန်ချက်မှာ အပိုဒ် ၅၊ ၆၊ ၇ နဲ့ပတ်သက်လာရင် ကျနော်တို့ ဒီအတိုင်း ကြည့်နေလို့ မရပါဘူး။ ပြည်သူ့အသက်အိုးအိမ် ထိပါးလာတာတို့ ပြီးရင် အုပ်ချုပ်မှု ယန္တယားအဆင့်ဆင့် ထိခိုက်တာ၊ ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်တာ ကျနော်တို့ မလွှဲမသွေ ပြန်လည်တိုက်ခိုက်သွားရမှာ ဖြစ်ပါတယ်။ ရှမ်းမြောက်ဘက်မှာကတော့ ဒီနေ့ ထိတွေ့တိုက်ပွဲဖြစ်တာ မကြားသေးပါဘူးဗျ။”

တပ်မတော်ဘက်က နောက်ဆုံးအကြိမ် အပစ်ရပ်စဲရေးကြေညာချက် ထုတ်ပြန်ထားတာကတော့ မနက်ဖြန် စက်တင်ဘာ ၂၁ရက်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်တိုင်း၊ အရှေ့ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်းနဲ့ တြိဂံဒေသ စတဲ့ စစ်တိုင်းငါးခုမှာ အပစ်ရပ်စဲကြောင်း တပ်မတော်ဘက်က ကြေညာထားတာပါ။

သြဂုတ်လ ၁၅ရက်ကနေ တကြော့ပြန်ဖြစ်လာတဲ့ တိုက်ပွဲတွေကြောင့် ရှမ်းမြောက်မှာ စက်တင်ဘာ ၄ရက်ထိ အရပ်သား ၁၇ယောက်သေဆုံးပြီး၊ အနည်းဆုံး လူ၂၇ယောက်လောက် ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာရေးဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။ နမ့်ဆန်မြို့နယ်ဘက်မှာ နောက်ဆုံးဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀၀ ကျော်လောက် တိမ်းရှောင်ခဲ့ရပြီး အခုတော့ သူတို့နေရပ်ကို ပြန်သွားနေပြီလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG