သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပေလာင္တိုက္ပဲြ အရပ္သားထိခိုက္ေသဆံုး


ၿပီးခဲ့သည့္ ၾသဂုတ္လက ရွမ္းျပည္နယ္အတြင္း ျဖစ္ပြားခဲ့သည့္ တုိက္ပြဲမ်ားအတြင္း ထိခုိက္ဒဏ္ရာရသည့္ အရပ္သားတဦး။ (ၾသဂုတ္ ၂၅၊ ၂၀၁၉)

ျမန္မာစစ္တပ္နဲ႔ ပေလာင္ျပည္နယ္ လြတ္ေျမာက္ေရးတပ္ဦး PSLF/တအာင္းတပ္ TNLA တို႔ၾကား တိုက္ပြဲေတြ ျပင္းထန္ေနတဲ့ ရွမ္းျပည္နယ္ေျမာက္ပိုင္း ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမွာ လက္နက္ႀကီးက်ည္ ေနအိမ္ေပၚ တည့္တည့္က်လို႔ အရပ္သားတဦး ေသဆံုးခဲ့ရၿပီး ေဒသခံပေလာင္ျပည္သူ ရာနဲ႔ခ်ီ ေဘးလြတ္ရာ တိမ္းေရွာင္ေနၾကရပါတယ္။ ဒီကေန႔ေန႔လယ္ပုိင္းမွာ ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသေပၚ ရဟတ္ယာဥ္ေတြနဲ႔ ပံ်သန္း ပစ္ခတ္တိုက္ခိုက္ေနလို႔ ေဒသခံေတြ စိုးရိမ္ေၾကာက္လန္႔ေနၾကတယ္လို႔ ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ တာဝန္ရွိသူက ေျပာပါတယ္။ ညီေနာင္မဟာမိတ္တပ္နဲ႔ အစိုးရ ၿငိမ္းခ်မ္းေရးကိုယ္စားလွယ္ေတြ က်ိဳင္းတံုမွာ ဒုတိယအႀကိမ္ ထပ္မံေတြ႔ဆံုဖို႔ ျပင္ဆင္ေနခ်ိန္မွာပဲ အခုလို ရွမ္းေျမာက္ဘက္မွာ တိုက္ခိုက္မႈေတြ ျပင္းထန္ေနတာပါ။ ဆက္သြယ္စံုစမ္းထားတဲ့ မဆုမြန္က အျပည့္အစုံ တင္ျပေပးထားပါတယ္။

ရွမ္းေျမာက္အပါအဝင္ စစ္တုိင္းေဒသႀကီးငါးတိုင္းမွာ ျမန္မာအစိုးရစစ္တပ္ဘက္က စက္တင္ဘာလ ၂၁ ရက္ေန႔အထိ တဖက္သတ္ အပစ္ရပ္ဆိုင္းထားမယ့္အခ်ိန္ တုိင္းရင္းသားလက္နက္ကိုင္တပ္ ညီေနာင္မဟာမိတ္အဖြဲ႔ဘက္ကလည္း ေအာက္တိုဘာ ၈ ရက္ေန႔အထိ တလတာ တဖက္သတ္ အပစ္ရပ္မယ္လို႔ ႏွစ္ဖက္ ေၾကညာခ်က္ ထုတ္ျပန္ၿပီး က်ိဳင္းတံံုမွာ စက္တင္ဘာ ၁၆-၁၇ ေတြ႔ဆံုေဆြးေႏြးဖို႔ ျပင္ဆင္ေနခ်ိန္မွာပဲ ရခိုင္-ပေလာင္ စတဲ့ တုိင္းရင္းေဒသေတြမွာ တိုက္ပြဲေတြ အျပင္းထန္ ျဖစ္ပြားေနတာပါ။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမွာ ေသာၾကာေန႔ကစလို႔ ဒီကေန႔ တနဂၤေႏြေန႔အထိ ျမန္မာစစ္တပ္နဲ႔ ပေလာင္ျပည္နယ္ လြတ္ေျမာက္ေရးတပ္ဦး PSLF/တအာင္းတပ္ TNLA တို႔ၾကား လက္နက္ႀကီးနဲ႔ေရာ ရဟတ္ယာဥ္ေတြနဲ႔ပါ ပစ္ခတ္တိုက္ခိုက္မႈေတြ ဆက္တုိက္ ျပင္းျပင္းထန္ထန္ ျဖစ္ပြားေနလို႔ ေဒသခံေတြ စိုးရိမ္ေနၾကပါတယ္။ ပေလာင္ကိုယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဦးစီးဌာန အလုပ္အမႈေဆာင္အဖြဲ႔ဝင္ ဦးမိုင္းသိန္းေဇာ္က ဗီြအိုေအျမန္မာပိုင္းကို ေနာက္ဆံုးအေျခအေန အခုလို ေျပာျပပါတယ္။

“အခုလည္း ရဟတ္ယာဥ္ ရွိေနတုန္းပဲ။ နမ့္ဆန္မွာ ရဟတ္ယာဥ္က ေလးစီးပ်ံလာတယ္။ ႏွစ္စီးက လက္နက္ခဲယမ္းေတြ လာခ်တယ္၊ ပစၥည္းေတြ လာခ်တာေပါ့။ က်န္တဲ့ႏွစ္စီးက လား႐ႈိးမွာ ျပန္သြားၿပီးမွ အခု ျပန္ေရာက္ေနတယ္။ အခု စပစ္ေနတယ္။ အခုေတာ့ ၿမိဳ႕ခံေတြက နည္းနည္းေတာ့ ထိတ္လန္႔ေနၾကတယ္။ လူေတြကေတာ့ ဒီၿမိဳ႕နားတဝိုက္မွာ ေၾကာက္လန္႔ၿပီးေတာ့ နီးစပ္တဲ့ ဘုန္းႀကီးေက်ာင္းမွာ လာေနၾကတယ္။ နီးစပ္တဲ့အိမ္ေတြမွာ လာေနၾကတယ္။ လက္နက္ႀကီးက်မွာ စိုးရိမ္တဲ့အခါက်ေတာ့ စစ္ေရွာင္ေနရာမွာ အမ်ားစု စုတဲ့ေနရာမွာ လာေနၾကတယ္။”

မေန႔ စေန႔ေန႔တုန္းက လက္နက္ႀကီးက်ည္ ေနအိမ္ေပၚ တည့္တည့္က်လို႔ အရပ္သားတဦး ထိခိုက္ဒဏ္ရာရခဲ့ၿပီး လံုၿခံဳေရးအေျခအေနအရ ကူညီကယ္ဆယ္ေရး ေႏွာင့္ေႏွးေနခ်ိန္မွာပဲ ေသြးထြက္လြန္ ေသဆံုးခဲ့ရပါတယ္။ ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ေရး တာဝန္ရွိသူေတြဘက္က ေဒသခံ ပေလာင္ျပည္သူေတြကို ေဘးကင္းရာေတြကို တိမ္းေရွာင္ၾကဖို႔နဲ႔ လံုၿခံဳေရးအရ သတိထားေနၾကဖို႔ လတ္တေလာ စစ္ေရွာင္ျပည္သူေတြအတြက္ လိုအပ္တဲ့ စားနပ္ရိကၡာနဲ႔ ေဆးဝါးေတြ ကူညီေစာင့္ေရွာက္ေပးေနပါတယ္လို႔ ပေလာင္ကိုယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဦးစီးမွဴးက ေျပာပါတယ္။

“အဲဒီမွာ လက္နက္ႀကီး ပစ္လုိက္တဲ့အခါက်ေတာ့ အိမ္လည္း ျပာက်သြားတယ္။ သူကေတာ့ ေျခေထာက္မွာ လက္နက္ႀကီးထိတဲ့အခါက်ေတာ့ လူမႈဖူလုံေရးအသင္းကို လႊတ္ေပးတဲ့အခါက်ေတာ့ သြားလုိ႔မရဘူး၊ လုံၿခဳံေရးမေပးတဲ့အခါက်ေတာ့ ေနာက္ဆုံးက ျဖစ္တာက မနက္ပုိင္းေပါ့။ ညေန ေလးနာရီေလာက္က ေသြးထြက္လြန္တဲ့အခါက်ေတာ့ ဆုံးသြားတာေပါ့။ လုံၿခဳံေရးအတြက္ကေတာ့ တပ္မေတာ္ဘက္မွာပဲ တာဝန္ရွိတယ္။ က်ေနာ္တုိ႔ကေတာ့ လူထု စိတ္ဓာတ္မက်ေအာင္ လူထုရဲ႕ လုိအပ္ခ်က္ေလးေတြ၊ သက္ဆုိင္ရာဌာနေတြ၊ သက္ဆုိင္ရာ လူမႈဖူလုံေရးအသင္းေတြ ေခၚၿပီး တာဝန္ေပးတယ္ဗ်။ ဆက္သြားလုိ႔ လုံးဝသြားလို႔မရတဲ့ ဥပမာ နမ့္ဆန္ၿမိဳ႕နယ္ ဇယန္းႀကီးေက်းရြာအုပ္စုမွာ ဇယန္းႀကီးတုိ႔၊ အေနာက္ျပင္ေက်ာ္စုတုိ႔ ဒီေန႔ကေတ့ စာရင္းသြားေကာက္ေနတယ္။ အခုထိ ျပန္မလာေသးဘူးဗ်။ စစ္ေရွာင္အဖြဲ႔ေတြ နမ့္ဆန္ၿမိဳ႕နယ္ တခုလုံးမွာ ဘယ္ေလာက္ရွိသလဲဆုိတာ သူတုိ႔ျပန္ေရာက္တဲ့အခ်ိန္မွာ သိမွာေပါ့။”

ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတြင္း တုိက္ပြဲေတြေၾကာင့္ တအာင္းေဒသ နမ့္ဆန္ၿမိဳ႕နယ္ ေတာင္႐ိုးဘုရားကုန္းေပၚက သာသနိက အေဆာက္အဦေတြပါ ပ်က္စီးခဲ့ရသလို သံဃာေတာ္ေတြ အပါအဝင္ ေဒသခံျပည္သူေတြ ေဘးလြတ္ရာကို ေျပးခဲ့ၾကရၿပီး ဇယန္းႀကီး ဘုန္းေတာ္ႀကီးေက်ာင္းမွာ ယာယီခိုလံႈေရးစခန္းဖြင့္ထားၿပီး ေစာင့္ေရွာက္ေပးေနပါတယ္။ ဒုကၡသည္ေတြရဲ႕ အေျခအေန ပေလာင္အုပ္ခ်ဳပ္ခြင့္ရေဒသက စစ္ေရွာင္ျပည္သူေတြကို သြားကူညီေပးေနတဲ့ နမ့္ဆန္ၿမိဳ႕ ၿမိဳ႕မဂိုဏ္းခ်ဳပ္ဆရာေတာ္ဘုရား ဦးစီးတဲ့ ဘုန္းေတာ္ႀကီးေက်ာင္းက ဦးေဆာင္သံဃာေတာ္က မိန္႔ပါတယ္။

“ဒီေန႔ကေတာ့ ရဟတ္ယာဥ္က ေလးစီးလာတယ္။ ထပ္ပစ္တယ္ အဲ့ဒီအနားတဝိုက္ေနာ္။ ညေန ၂ နာရီက။ ႏွစ္စီးက ၿမိဳ႕နားက ေလယာဥ္ကြင္းရွိတယ္။ လူနာကို လာသယ္တာ။ အခုခ်ိန္ထိ သူတို႔က ဗံုးလာႀကဲတယ္၊ လာပစ္တယ္။ စားဝတ္ေနေရးေတြ အတြက္ကေတာ့ ဘုရားႀကီးအနားကိုေတာ့ မသိဘူး။ ဒုကၡသည္ေတြက နမ့္ဆန္က ၂၀၀ ေက်ာ္ရွိတယ္။ ဇယန္းႀကီးမွာလည္း ၂၀၀ ေက်ာ္။ ဒုကၡသည္ေတြမ်ားလာၿပိီး ဇယန္းႀကီးရြာႀကီးမွာ လာစုေနၾကတယ္။ ဒီမွာက TNLA နဲ႔ နားလည္မႈနဲ႔ ေနၾကတယ္။ ဘာမွမျဖစ္ဘူး၊ ၿငိမ္းခ်မ္းတယ္။”

တ႐ုတ္ႏိုင္ငံရဲ႕ ၾကားဝင္ေစ့စပ္ေပးမႈနဲ႔ စက္တင္ဘာ ၁၆-၁၇ ရွမ္းျပည္နယ္ က်ိဳင္းတံုၿမိဳ႕မွာ ညီေနာင္မဟာမိတ္အဖြဲ႔ေတြနဲ႔ အစိုးရ ၿငိမ္းခ်မ္္းေရးကိုယ္စားလွယ္ေတြ ေတြ႔ဆံုဖို႔ ျပင္ဆင္ေနခ်ိန္ အခုလို ရွမ္းေျမာက္ ပေလာင္ေဒသ အပါအဝင္ တိုင္းရင္းေဒသေတြမွာ ထိုးစစ္ဆင္လာေနတဲ့အတြက္ လက္ရွိ ၿငိမ္းခ်မ္းေရးတည္ေဆာက္မႈ ျဖစ္စဥ္နဲ႔ ရရွိထားတဲ့ တည္ၿငိမ္မႈ အေျခအေနေတြကို ထိခိုက္ေစႏိုင္ၿပီး အေျခအေနေတြဟာ ပိုဆိုးရြားသြားႏုိင္တယ္လို႔ ျပည္သူလူထုနဲ႔ သိသင့္သိထိုက္သူေတြကို အသိေပးေၾကာင္းလည္း ညီေနာင္မဟာမိတ္အဖြဲ႔ ၃ ဖြဲ႔က မေန႔ စက္တင္ဘာလ ၁၄ ရက္ေန႔ ေန႔စြဲနဲ႔ သေဘာထားေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

----------------------

[Unicode Version]

ပလောင်တိုက်ပွဲ အရပ်သားထိခိုက်သေဆုံး

မြန်မာစစ်တပ်နဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/တအာင်းတပ် TNLA တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လက်နက်ကြီးကျည် နေအိမ်ပေါ် တည့်တည့်ကျလို့ အရပ်သားတဦး သေဆုံးခဲ့ရပြီး ဒေသခံပလောင်ပြည်သူ ရာနဲ့ချီ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။ ဒီကနေ့နေ့လယ်ပိုင်းမှာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပေါ် ရဟတ်ယာဉ်တွေနဲ့ ပံျသန်း ပစ်ခတ်တိုက်ခိုက်နေလို့ ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေကြတယ်လို့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တာဝန်ရှိသူက ပြောပါတယ်။ ညီနောင်မဟာမိတ်တပ်နဲ့ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေ ကျိုင်းတုံမှာ ဒုတိယအကြိမ် ထပ်မံတွေ့ဆုံဖို့ ပြင်ဆင်နေချိန်မှာပဲ အခုလို ရှမ်းမြောက်ဘက်မှာ တိုက်ခိုက်မှုတွေ ပြင်းထန်နေတာပါ။ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က အပြည့်အစုံ တင်ပြပေးထားပါတယ်။

ရှမ်းမြောက်အပါအဝင် စစ်တိုင်းဒေသကြီးငါးတိုင်းမှာ မြန်မာအစိုးရစစ်တပ်ဘက်က စက်တင်ဘာလ ၂၁ ရက်နေ့အထိ တဖက်သတ် အပစ်ရပ်ဆိုင်းထားမယ့်အချိန် တိုင်းရင်းသားလက်နက်ကိုင်တပ် ညီနောင်မဟာမိတ်အဖွဲ့ဘက်ကလည်း အောက်တိုဘာ ၈ ရက်နေ့အထိ တလတာ တဖက်သတ် အပစ်ရပ်မယ်လို့ နှစ်ဖက် ကြေညာချက် ထုတ်ပြန်ပြီး ကျိုင်းတံုံမှာ စက်တင်ဘာ ၁၆-၁၇ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်နေချိန်မှာပဲ ရခိုင်-ပလောင် စတဲ့ တိုင်းရင်းဒေသတွေမှာ တိုက်ပွဲတွေ အပြင်းထန် ဖြစ်ပွားနေတာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ သောကြာနေ့ကစလို့ ဒီကနေ့ တနင်္ဂနွေနေ့အထိ မြန်မာစစ်တပ်နဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/တအာင်းတပ် TNLA တို့ကြား လက်နက်ကြီးနဲ့ရော ရဟတ်ယာဉ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက် ပြင်းပြင်းထန်ထန် ဖြစ်ပွားနေလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဌာန အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမိုင်းသိန်းဇော်က ဗွီအိုအေမြန်မာပိုင်းကို နောက်ဆုံးအခြေအနေ အခုလို ပြောပြပါတယ်။

“အခုလည်း ရဟတ်ယာဉ် ရှိနေတုန်းပဲ။ နမ့်ဆန်မှာ ရဟတ်ယာဉ်က လေးစီးပျံလာတယ်။ နှစ်စီးက လက်နက်ခဲယမ်းတွေ လာချတယ်၊ ပစ္စည်းတွေ လာချတာပေါ့။ ကျန်တဲ့နှစ်စီးက လားရှိုးမှာ ပြန်သွားပြီးမှ အခု ပြန်ရောက်နေတယ်။ အခု စပစ်နေတယ်။ အခုတော့ မြို့ခံတွေက နည်းနည်းတော့ ထိတ်လန့်နေကြတယ်။ လူတွေကတော့ ဒီမြို့နားတဝိုက်မှာ ကြောက်လန့်ပြီးတော့ နီးစပ်တဲ့ ဘုန်းကြီးကျောင်းမှာ လာနေကြတယ်။ နီးစပ်တဲ့အိမ်တွေမှာ လာနေကြတယ်။ လက်နက်ကြီးကျမှာ စိုးရိမ်တဲ့အခါကျတော့ စစ်ရှောင်နေရာမှာ အများစု စုတဲ့နေရာမှာ လာနေကြတယ်။”

မနေ့ စနေ့နေ့တုန်းက လက်နက်ကြီးကျည် နေအိမ်ပေါ် တည့်တည့်ကျလို့ အရပ်သားတဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး လုံခြုံရေးအခြေအနေအရ ကူညီကယ်ဆယ်ရေး နှောင့်နှေးနေချိန်မှာပဲ သွေးထွက်လွန် သေဆုံးခဲ့ရပါတယ်။ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ရေး တာဝန်ရှိသူတွေဘက်က ဒေသခံ ပလောင်ပြည်သူတွေကို ဘေးကင်းရာတွေကို တိမ်းရှောင်ကြဖို့နဲ့ လုံခြုံရေးအရ သတိထားနေကြဖို့ လတ်တလော စစ်ရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ကူညီစောင့်ရှောက်ပေးနေပါတယ်လို့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးမှူးက ပြောပါတယ်။

“အဲဒီမှာ လက်နက်ကြီး ပစ်လိုက်တဲ့အခါကျတော့ အိမ်လည်း ပြာကျသွားတယ်။ သူကတော့ ခြေထောက်မှာ လက်နက်ကြီးထိတဲ့အခါကျတော့ လူမှုဖူလုံရေးအသင်းကို လွှတ်ပေးတဲ့အခါကျတော့ သွားလို့မရဘူး၊ လုံခြုံရေးမပေးတဲ့အခါကျတော့ နောက်ဆုံးက ဖြစ်တာက မနက်ပိုင်းပေါ့။ ညနေ လေးနာရီလောက်က သွေးထွက်လွန်တဲ့အခါကျတော့ ဆုံးသွားတာပေါ့။ လုံခြုံရေးအတွက်ကတော့ တပ်မတော်ဘက်မှာပဲ တာဝန်ရှိတယ်။ ကျနော်တို့ကတော့ လူထု စိတ်ဓာတ်မကျအောင် လူထုရဲ့ လိုအပ်ချက်လေးတွေ၊ သက်ဆိုင်ရာဌာနတွေ၊ သက်ဆိုင်ရာ လူမှုဖူလုံရေးအသင်းတွေ ခေါ်ပြီး တာဝန်ပေးတယ်ဗျ။ ဆက်သွားလို့ လုံးဝသွားလို့မရတဲ့ ဥပမာ နမ့်ဆန်မြို့နယ် ဇယန်းကြီးကျေးရွာအုပ်စုမှာ ဇယန်းကြီးတို့၊ အနောက်ပြင်ကျော်စုတို့ ဒီနေ့ကတေ့ စာရင်းသွားကောက်နေတယ်။ အခုထိ ပြန်မလာသေးဘူးဗျ။ စစ်ရှောင်အဖွဲ့တွေ နမ့်ဆန်မြို့နယ် တခုလုံးမှာ ဘယ်လောက်ရှိသလဲဆိုတာ သူတို့ပြန်ရောက်တဲ့အချိန်မှာ သိမှာပေါ့။”

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း တိုက်ပွဲတွေကြောင့် တအာင်းဒေသ နမ့်ဆန်မြို့နယ် တောင်ရိုးဘုရားကုန်းပေါ်က သာသနိက အဆောက်အဦတွေပါ ပျက်စီးခဲ့ရသလို သံဃာတော်တွေ အပါအဝင် ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ပြေးခဲ့ကြရပြီး ဇယန်းကြီး ဘုန်းတော်ကြီးကျောင်းမှာ ယာယီခိုလှုံရေးစခန်းဖွင့်ထားပြီး စောင့်ရှောက်ပေးနေပါတယ်။ ဒုက္ခသည်တွေရဲ့ အခြေအနေ ပလောင်အုပ်ချုပ်ခွင့်ရဒေသက စစ်ရှောင်ပြည်သူတွေကို သွားကူညီပေးနေတဲ့ နမ့်ဆန်မြို့ မြို့မဂိုဏ်းချုပ်ဆရာတော်ဘုရား ဦးစီးတဲ့ ဘုန်းတော်ကြီးကျောင်းက ဦးဆောင်သံဃာတော်က မိန့်ပါတယ်။

“ဒီနေ့ကတော့ ရဟတ်ယာဉ်က လေးစီးလာတယ်။ ထပ်ပစ်တယ် အဲ့ဒီအနားတဝိုက်နော်။ ညနေ ၂ နာရီက။ နှစ်စီးက မြို့နားက လေယာဉ်ကွင်းရှိတယ်။ လူနာကို လာသယ်တာ။ အခုချိန်ထိ သူတို့က ဗုံးလာကြဲတယ်၊ လာပစ်တယ်။ စားဝတ်နေရေးတွေ အတွက်ကတော့ ဘုရားကြီးအနားကိုတော့ မသိဘူး။ ဒုက္ခသည်တွေက နမ့်ဆန်က ၂၀၀ ကျော်ရှိတယ်။ ဇယန်းကြီးမှာလည်း ၂၀၀ ကျော်။ ဒုက္ခသည်တွေများလာပြီး ဇယန်းကြီးရွာကြီးမှာ လာစုနေကြတယ်။ ဒီမှာက TNLA နဲ့ နားလည်မှုနဲ့ နေကြတယ်။ ဘာမှမဖြစ်ဘူး၊ ငြိမ်းချမ်းတယ်။”

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ စက်တင်ဘာ ၁၆-၁၇ ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ ညီနောင်မဟာမိတ်အဖွဲ့တွေနဲ့ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေ တွေ့ဆုံဖို့ ပြင်ဆင်နေချိန် အခုလို ရှမ်းမြောက် ပလောင်ဒေသ အပါအဝင် တိုင်းရင်းဒေသတွေမှာ ထိုးစစ်ဆင်လာနေတဲ့အတွက် လက်ရှိ ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်စဉ်နဲ့ ရရှိထားတဲ့ တည်ငြိမ်မှု အခြေအနေတွေကို ထိခိုက်စေနိုင်ပြီး အခြေအနေတွေဟာ ပိုဆိုးရွားသွားနိုင်တယ်လို့ ပြည်သူလူထုနဲ့ သိသင့်သိထိုက်သူတွေကို အသိပေးကြောင်းလည်း ညီနောင်မဟာမိတ်အဖွဲ့ ၃ ဖွဲ့က မနေ့ စက်တင်ဘာလ ၁၄ ရက်နေ့ နေ့စွဲနဲ့ သဘောထားကြေညာချက် ထုတ်ပြန်ထားပါတယ်။

ပေလာင္တိုက္ပဲြ အရပ္သားထိခိုက္ေသဆံုး
please wait

No media source currently available

0:00 0:05:12 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG