သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရွမ္းျပည္ေျမာက္ပိုင္း ကြတ္ခိုင္မွာ တိုက္ပဲြျပင္းထန္


(Zawgyi/Unicode)

ရွမ္းျပည္နယ္ ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႔နယ္အတြင္း ျပည္ေထာင္စုလမ္းမေပၚမွာ ဒီကေန႔ တုိက္ပဲြျပင္းထန္ခဲ့တာေၾကာင့္ အနီးမွာရိွတဲ့ တအာင္းပညာေရးေဘာ္ဒါေဆာင္ဘက္ကို လက္နက္ၾကီး က်ည္ေတြ က်ေရာက္ခဲ့သလို အေဆာင္ေန ေက်ာင္းသူ၊ ေက်ာင္းသား ၇၀ေက်ာ္ကိုလည္း ကြတ္ခုိင္ၿမိဳ႔ကို ေျပာင္းေရႊ႔လုိက္ရပါတယ္။

TNLA ေခၚ တအာင္းပေလာင္ တပ္ဖဲြ႔ကေတာ့ ဒီကေန႔ အနည္းဆံုး တုိက္ပဲြ ၃ေနရာျဖစ္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ပါတယ္။ ဒီသတင္းကို ဗီြအုိေအျမန္မာပိုင္းရဲ႕ သတင္းေထာက္ ကိုမိုးေဇာ္က တင္ျပထားပါတယ္။

အစိုးရနဲ႔ ေျမာက္ပိုင္းမဟာမိတ္အဖဲြ႔ေတြအၾကားမွာ အပစ္ရပ္စာခ်ဳပ္ လက္မွတ္ေရးထိုးေရး ေဆြးေႏြးဖု႔ိ ညိွႏိႈင္းေနခ်ိန္မွာပဲ ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွာ တုိက္ပဲြေတြ ျပန္လည္ ျပင္းထန္လာေနတာျဖစ္ပါတယ္။

ဒီကေန႔ တုိက္ပဲြျဖစ္ပြားတဲ့ အေျခအေနကို TNLA ေခၚ တအာင္းပေလာင္ တပ္ဖဲြ႔ရဲ႕ ေျပာေရးဆိုခြင့္ရိွသူ ဗိုလ္မွဴး တာအိုက္ေက်ာ္က အခုလုိ ေျပာပါတယ္။

“ ဒီေန႔မွာေတာ့ ဒီမနက္ ၆နာရီခဲြေလာက္ကေတာ့ ေက်ာက္မဲနဲ႔ နမ့္ဆန္ အစပ္ၾကားမွာ တစ္ေနရာျဖစ္တယ္။ ကြတ္ခုိင္ ေဂါက္ကြင္းနားမွာ တစ္ေနရာျဖစ္တယ္။ ကြတ္ခုိင္လြိဳင္ဆမ္ဆစ္ေပါ့ေနာ္။ ဟုိေနာင္ရြာနားမွာ တစ္ေနရာျဖစ္တယ္။ ျဖစ္တာကေတာ့ အဲဒီနားတ၀ိုက္မွာကေတာ့ ကြတ္ခုိင္၊ ေက်ာက္မဲဘက္နားတ၀ိုက္မွာေတာ့ ၃- ၄ ေနရာျဖစ္တယ္။ တိုက္ပဲြကေတာ့ ဒီ ကြတ္ခိုင္နဲ႔ နမ့္ဖတ္ကာၾကားကေတာ့ တစ္လမ္းလံုးျဖစ္ေနတယ္။ အေသးစိတ္ေတာ့ မသိရေသးဘူး။ အခုထိလည္း ျဖစ္လုိက္နားလုိက္။ ျဖစ္လိုက္နားလုိက္ အဲလိုမ်ိဳးပံုစံပဲရိွတယ္။ တိုက္ပဲြက လံုး၀ ၿငိမ္သြားတာေတာ့ မရိွေသးဘူး။”

ကြတ္ခုိင္ေဒသခံ တဦးကေတာ့ ဒီကေန႔ မနက္ ၇ နာရီ၀န္းက်င္ေလာက္မွာ ကြတ္ခိုင္ၿမိဳ႔နယ္၊ လြိဳင္ဆမ္ဆစ္ ေတာင္ေျခအနီးမွာ အစိုးရ တပ္မေတာ္နဲ႔ TNLA ေခၚ တအာင္းပေလာင္ တပ္ဖဲြ႔အၾကား တိုက္ပဲြျပင္းျပင္း ထန္ထန္ ျဖစ္ပြားခဲ့ေၾကာင္း ေျပာပါတယ္။

“လြိဳင္ဆမ္ဆစ္ေတာင္ရဲ႕ ဒီဘက္မွာ အဲဒီမွာ ပေလာင္အဖဲ႔ြေတြ ကားေတြကို တားတယ္လုိ႔ ေျပာတာပဲ။ ကားေတြတားၿပီးမွ ဗမာစစ္သားေတြလည္း အကုန္ ေဘာ္ဒါေဆာင္အနားမွာ အကုန္ထြက္ၿပီးေတာ့မွ တိုက္ပဲြစျဖစ္တာ။ အေဆာင္ေရွ႕မွာ သူတို႔ အၿမဲတမ္းရိွေနတာဆုိေတာ့ေလ။ အဲဒီမွာ သူတို႔ စၿပီးေတာ့မွ လက္နက္ၾကီးေတြ ခ်တယ္။ ၇နာရီမွာ စတယ္။ တုိက္ပဲြကလည္း ေတာ္ေတာ္ေလး ျပင္းထန္တယ္ ၁နာရီေက်ာ္ေလာက္ၾကာတယ္။ ”

တအန္းပညာေရးေဘာ္ဒါေဆာင္အနီးမွာ ျဖစ္ပြားခဲ့တာေၾကာင့္လက္နက္ၾကီး က်ည္ေတြ အေဆာင္၀င္းထဲ က်ေရာက္ခဲ့ေၾကာင္းလည္း အေဆာင္မွာ ေက်ာင္းသားေတြနဲ႔ အတူရိွေနတဲ့ ဆရာမ ေလြးေရႊစုက ေျပာတယ္။

“ ကေလးေတြ ေက်ာင္းသြားခါနီးအခ်ိန္ေပါ့။ ၇နာရီ ၁၅မွာ စျဖစ္တာ။ ၉နာရီထိ ျပင္းျပင္းထန္ထန္ ျဖစ္တာေပါ့ေနာ္။ ဆက္တိုက္ ဆက္တိုက္ လက္နက္ၾကီးေရာ လက္နက္ငယ္ေရာ။ ဆက္တုိက္ျဖစ္ေတာ့ ကေလးေတြလည္း အကုန္လံုး ကုတင္ေအာက္မွာပဲ ေျပးပုန္းၾကတာေပါ့။ လက္နက္ၾကီးက မိန္းကေလးေဆာင္ေနာက္က ျခံစည္းရိုးနားမွာ တစ္ခု က်တာေပါ့။ အေဆာင္ရဲ႕ အလယ္တည့္တည့္ တစ္ခုက်တာေပါ့။ ၿပီးရင္ ေယာက္်ားေလး အေဆာင္ေနာက္က ၂ခုက်တာေပါ့။ စုစုေပါင္း လက္နက္ႀကီးက ၄ခု က်တာေပါ့။ ၿပီးေတာ့ လက္နက္ငယ္ က်ည္ဆံေတြက ေယာက္်ားေလးေဆာင္ရဲ႕ ေခါင္မုိးေတြ ထိေသးတယ္ေပါ့။ ေက်ာင္းသူ ေက်ာင္းသားေတြေတာ့ အထိအခိုက္ မရိွဘူးရွင့္။ အေဆာင္ပဲ ထိတာရွင့္။ ခဏၿငိမ္သြားတဲ့အခ်ိန္မွာ သူတုိ႔ကို ေလာေလာဆည္ ၿမိဳ႔ထဲက စစ္ေရွာင္စခန္းမွာ ခဏ ပို႔ထားတာေပါ့ေနာ္။ ကေလးဦးေရက ၇၁ေယာက္။ ဆရာ၊ ဆရာမေတြေရာ၊ စားဖိုမွဴးေတြေရာဆို ၈၀ရိွတာေပါ့။”

ေဘာ္ဒါေဆာင္က ကေလးေတြကို ကြတ္ခုိင္ၿမိဳ႕ က ပရဟိတ အသင္းက ကားေတြနဲ႔ လာေရာက္ေခၚေဆာင္ၿပီး ရတနာထြန္းအေဆာင္မွာ ေခတၱ ထားထားသလို အနီးအနားက ရြာသားအခ်ိဳ႔လည္း တိမ္းေရွာင္ေနၾကပါတယ္။

ဒီကေန႔ မနက္ ျဖစ္ပြားတဲ့ တုိက္ပဲြေတြေၾကာင့္ လားရိႈး- မူဆယ္ ျပည္ေထာင္စုလမ္းမၾကီးဟာ ယာယီ ရပ္ဆိုင္းခဲ့ၿပီး ေနာက္ပိုင္းမွာလည္း ကားေတြႀကိဳးၾကား ႀကိဳးၾကားသာ သြားလာတာရိွေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

ဒီရက္ပိုင္းအတြင္း ေက်ာက္မဲၿမိဳ႔ဘက္မွာလည္း လက္နက္ၾကီး ပစ္ခတ္တာေတြ ရိွေၾကာင္း ေက်ာက္မဲၿမိဳ႔နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းထြန္း၀င္းက ေျပာပါတယ္။

“ မေန႔ကေတာ့ တပ္မေတာ္ကေန လက္နက္ၾကီးေတြနဲ႔ တပ္မေတာ္က ပစ္တာေတာ့ က်ေနာ္တုိ႔ ၾကားတာေပါ့ေနာ္။ ဘယ္ဘက္ကိုပစ္တယ္ေတာ့ မသိဘူး။ က်ေနာ္တို႔ ၾကားေတာ့ ၾကားတယ္။ မိုင္းေငါ့ကလည္း ပစ္တယ္။ ေက်ာက္မဲကလည္း ပစ္တယ္ဗ်။”

TNLAရဲ့ ေျပာေရးဆုိခြင့္ရိွသူ ဗိုလ္မွဴး တာအိုက္ေက်ာ္က ဒီလ လဆန္းပိုင္းက စတင္ၿပီး နမ့္ဆန္၊ မန္တံု စတဲ့ ေဒသဘက္မွာ ထုိးစစ္ဆင္တာေတြ ရိွေနေၾကာင္း ေျပာပါတယ္။

“ အခုလဆန္းပိုင္းမွာေတာ့ ေတာက္ေလ်ာက္ က်ေနာ္တုိ႔ ရိွတဲ့ေနရာကို တပ္ဘက္က အျပင္းအထန္ ထိုးစစ္ဆင္လာတယ္။ အထူးသျဖင့္ ဒီ နမ့္ဆန္ၿမိဳ႔နယ္ဘက္ကတုိ႔၊ မန္တံုၿမိဳ႔နယ္ဘက္တုိ႔မွာ ထိုးစစ္ဆင္တာ ပိုမ်ားတယ္။ ဒီ ႏို၀င္ဘာ ၁၁ရက္၊ ၁၂ရက္ေန႔မွာဆုိရင္ေတာ့ ေက်ာက္မဲ တပ္စခန္းကေရာ၊ မုိင္းေင့ါ တပ္စခန္းကေရာ လက္နက္ၾကီးေတြနဲ႔ ဒီ ၁၀၅။ ၁၂၀ မမေတြနဲ႔ မိုင္းေငါ့ပတ္၀န္းက်င္ရိွ ေက်းရြာေတြေရာ၊ က်ေနာ္တုိ႔ေနတဲ့ ယာယီတပ္စခန္းေတြဘက္မွာေရာ၂ရက္အတြင္းကို လက္နက္ၾကီး အၾကိမ္ ၁၀၀ေက်ာ္ ပစ္ခတ္ေနတယ္။ ”

လက္ရိွ ျဖစ္ပြားတဲ့ တုိက္ပဲြသတင္းနဲ႔ပတ္သက္ၿပီး တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အဖဲြ႔ကို ေမးျမန္းႏိုင္ဖုိ႔ ဆက္သြယ္ခဲ့ေပမဲ့ ဆက္သြယ္လုိ႔ မရခဲ့ပါဘူး။

ဒီလအတြင္းမွာေတာ့ အစိုးရရဲ့ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးဗဟိုဌာ NRPC နဲ႔ TNLA အပါအ၀င္ ေျမာက္ပိုင္း မဟာမိတ္ ၄ဖဲြ႔တို႔ ေတြ႔ဆံုဖို႔ ႏွစ္ဘက္ညိွႏိႈင္းေနေပမဲ့ ဒီကေန႔ထိေတာ့ ေနရာနဲ႔ ရက္ကို သတ္မွတ္ႏိုင္တာ မရိွေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မှာ တိုက်ပွဲပြင်းထန်

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမပေါ်မှာ ဒီကနေ့ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် အနီးမှာရှိတဲ့ တအာင်းပညာရေးဘော်ဒါဆောင်ဘက်ကို လက်နက်ကြီး ကျည်တွေ ကျရောက်ခဲ့သလို အဆောင်နေ ကျောင်းသူ၊ ကျောင်းသား ၇၀ကျော်ကိုလည်း ကွတ်ခိုင်မြို့ကို ပြောင်းရွှေ့လိုက်ရပါတယ်။

TNLA ခေါ် တအာင်းပလောင် တပ်ဖွဲ့ကတော့ ဒီကနေ့ အနည်းဆုံး တိုက်ပွဲ ၃နေရာဖြစ်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအကြားမှာ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရေး ဆွေးနွေးဖု့ိ ညှိနှိုင်းနေချိန်မှာပဲ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာနေတာဖြစ်ပါတယ်။

ဒီကနေ့ တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေကို TNLA ခေါ် တအာင်းပလောင် တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တာအိုက်ကျော်က အခုလို ပြောပါတယ်။

“ ဒီနေ့မှာတော့ ဒီမနက် ၆နာရီခွဲလောက်ကတော့ ကျောက်မဲနဲ့ နမ့်ဆန် အစပ်ကြားမှာ တစ်နေရာဖြစ်တယ်။ ကွတ်ခိုင် ဂေါက်ကွင်းနားမှာ တစ်နေရာဖြစ်တယ်။ ကွတ်ခိုင်လွိုင်ဆမ်ဆစ်ပေါ့နော်။ ဟိုနောင်ရွာနားမှာ တစ်နေရာဖြစ်တယ်။ ဖြစ်တာကတော့ အဲဒီနားတဝိုက်မှာကတော့ ကွတ်ခိုင်၊ ကျောက်မဲဘက်နားတဝိုက်မှာတော့ ၃- ၄ နေရာဖြစ်တယ်။ တိုက်ပွဲကတော့ ဒီ ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြားကတော့ တစ်လမ်းလုံးဖြစ်နေတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ အခုထိလည်း ဖြစ်လိုက်နားလိုက်။ ဖြစ်လိုက်နားလိုက် အဲလိုမျိုးပုံစံပဲရှိတယ်။ တိုက်ပွဲက လုံး၀ ငြိမ်သွားတာတော့ မရှိသေးဘူး။”

ကွတ်ခိုင်ဒေသခံ တဦးကတော့ ဒီကနေ့ မနက် ၇ နာရီဝန်းကျင်လောက်မှာ ကွတ်ခိုင်မြို့နယ်၊ လွိုင်ဆမ်ဆစ် တောင်ခြေအနီးမှာ အစိုးရ တပ်မတော်နဲ့ TNLA ခေါ် တအာင်းပလောင် တပ်ဖွဲ့အကြား တိုက်ပွဲပြင်းပြင်း ထန်ထန် ဖြစ်ပွားခဲ့ကြောင်း ပြောပါတယ်။

“လွိုင်ဆမ်ဆစ်တောင်ရဲ့ ဒီဘက်မှာ အဲဒီမှာ ပလောင်အဖဲ့ွတွေ ကားတွေကို တားတယ်လို့ ပြောတာပဲ။ ကားတွေတားပြီးမှ ဗမာစစ်သားတွေလည်း အကုန် ဘော်ဒါဆောင်အနားမှာ အကုန်ထွက်ပြီးတော့မှ တိုက်ပွဲစဖြစ်တာ။ အဆောင်ရှေ့မှာ သူတို့ အမြဲတမ်းရှိနေတာဆိုတော့လေ။ အဲဒီမှာ သူတို့ စပြီးတော့မှ လက်နက်ကြီးတွေ ချတယ်။ ၇နာရီမှာ စတယ်။ တိုက်ပွဲကလည်း တော်တော်လေး ပြင်းထန်တယ် ၁နာရီကျော်လောက်ကြာတယ်။ ”

တအန်းပညာရေးဘော်ဒါဆောင်အနီးမှာ ဖြစ်ပွားခဲ့တာကြောင့်လက်နက်ကြီး ကျည်တွေ အဆောင်ဝင်းထဲ ကျရောက်ခဲ့ကြောင်းလည်း အဆောင်မှာ ကျောင်းသားတွေနဲ့ အတူရှိနေတဲ့ ဆရာမ လွေးရွှေစုက ပြောတယ်။

“ ကလေးတွေ ကျောင်းသွားခါနီးအချိန်ပေါ့။ ၇နာရီ ၁၅မှာ စဖြစ်တာ။ ၉နာရီထိ ပြင်းပြင်းထန်ထန် ဖြစ်တာပေါ့နော်။ ဆက်တိုက် ဆက်တိုက် လက်နက်ကြီးရော လက်နက်ငယ်ရော။ ဆက်တိုက်ဖြစ်တော့ ကလေးတွေလည်း အကုန်လုံး ကုတင်အောက်မှာပဲ ပြေးပုန်းကြတာပေါ့။ လက်နက်ကြီးက မိန်းကလေးဆောင်နောက်က ခြံစည်းရိုးနားမှာ တစ်ခု ကျတာပေါ့။ အဆောင်ရဲ့ အလယ်တည့်တည့် တစ်ခုကျတာပေါ့။ ပြီးရင် ယောက်ျားလေး အဆောင်နောက်က ၂ခုကျတာပေါ့။ စုစုပေါင်း လက်နက်ကြီးက ၄ခု ကျတာပေါ့။ ပြီးတော့ လက်နက်ငယ် ကျည်ဆံတွေက ယောက်ျားလေးဆောင်ရဲ့ ခေါင်မိုးတွေ ထိသေးတယ်ပေါ့။ ကျောင်းသူ ကျောင်းသားတွေတော့ အထိအခိုက် မရှိဘူးရှင့်။ အဆောင်ပဲ ထိတာရှင့်။ ခဏငြိမ်သွားတဲ့အချိန်မှာ သူတို့ကို လောလောဆည် မြို့ထဲက စစ်ရှောင်စခန်းမှာ ခဏ ပို့ထားတာပေါ့နော်။ ကလေးဦးရေက ၇၁ယောက်။ ဆရာ၊ ဆရာမတွေရော၊ စားဖိုမှူးတွေရောဆို ၈၀ရှိတာပေါ့။”

ဘော်ဒါဆောင်က ကလေးတွေကို ကွတ်ခိုင်မြို့ က ပရဟိတ အသင်းက ကားတွေနဲ့ လာရောက်ခေါ်ဆောင်ပြီး ရတနာထွန်းအဆောင်မှာ ခေတ္တ ထားထားသလို အနီးအနားက ရွာသားအချို့လည်း တိမ်းရှောင်နေကြပါတယ်။

ဒီကနေ့ မနက် ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးဟာ ယာယီ ရပ်ဆိုင်းခဲ့ပြီး နောက်ပိုင်းမှာလည်း ကားတွေကြိုးကြား ကြိုးကြားသာ သွားလာတာရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း ကျောက်မဲမြို့ဘက်မှာလည်း လက်နက်ကြီး ပစ်ခတ်တာတွေ ရှိကြောင်း ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းက ပြောပါတယ်။

“ မနေ့ကတော့ တပ်မတော်ကနေ လက်နက်ကြီးတွေနဲ့ တပ်မတော်က ပစ်တာတော့ ကျနော်တို့ ကြားတာပေါ့နော်။ ဘယ်ဘက်ကိုပစ်တယ်တော့ မသိဘူး။ ကျနော်တို့ ကြားတော့ ကြားတယ်။ မိုင်းငေါ့ကလည်း ပစ်တယ်။ ကျောက်မဲကလည်း ပစ်တယ်ဗျ။”

TNLAရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တာအိုက်ကျော်က ဒီလ လဆန်းပိုင်းက စတင်ပြီး နမ့်ဆန်၊ မန်တုံ စတဲ့ ဒေသဘက်မှာ ထိုးစစ်ဆင်တာတွေ ရှိနေကြောင်း ပြောပါတယ်။

“ အခုလဆန်းပိုင်းမှာတော့ တောက်လျောက် ကျနော်တို့ ရှိတဲ့နေရာကို တပ်ဘက်က အပြင်းအထန် ထိုးစစ်ဆင်လာတယ်။ အထူးသဖြင့် ဒီ နမ့်ဆန်မြို့နယ်ဘက်ကတို့၊ မန်တုံမြို့နယ်ဘက်တို့မှာ ထိုးစစ်ဆင်တာ ပိုများတယ်။ ဒီ နိုဝင်ဘာ ၁၁ရက်၊ ၁၂ရက်နေ့မှာဆိုရင်တော့ ကျောက်မဲ တပ်စခန်းကရော၊ မိုင်းငေ့ါ တပ်စခန်းကရော လက်နက်ကြီးတွေနဲ့ ဒီ ၁၀၅။ ၁၂၀ မမတွေနဲ့ မိုင်းငေါ့ပတ်ဝန်းကျင်ရှိ ကျေးရွာတွေရော၊ ကျနော်တို့နေတဲ့ ယာယီတပ်စခန်းတွေဘက်မှာရော၂ရက်အတွင်းကို လက်နက်ကြီး အကြိမ် ၁၀၀ကျော် ပစ်ခတ်နေတယ်။ ”

လက်ရှိ ဖြစ်ပွားတဲ့ တိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ကို မေးမြန်းနိုင်ဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီလအတွင်းမှာတော့ အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာ NRPC နဲ့ TNLA အပါအဝင် မြောက်ပိုင်း မဟာမိတ် ၄ဖွဲ့တို့ တွေ့ဆုံဖို့ နှစ်ဘက်ညှိနှိုင်းနေပေမဲ့ ဒီကနေ့ထိတော့ နေရာနဲ့ ရက်ကို သတ်မှတ်နိုင်တာ မရှိသေးပါဘူး။

XS
SM
MD
LG