(Zawgyi / Unicode)
ျမန္မာ ၿငိမ္းခ်မ္းေရး ကိုယ္စားလွယ္အဖြဲ႔နဲ႔ ေျမာက္ပိုင္းမဟာမိတ္ လက္နက္ကိုင္ ၄ ဖြဲ႔က ကိုယ္စားလွယ္ေတြ တ႐ုတ္ႏုိင္ငံ ယူနန္ျပည္နယ္၊ ကူမင္းမွာ ဒီဇင္ဘာလ ၁၅ ရက္ေန႔ တနဂၤေႏြေန႔က အလြတ္သေဘာ ေဆြးေႏြးၾကမယ္လို႔ ကခ်င္လက္နက္ကိုင္တပ္ ေျပာခြင့္ရတဦးကို ကိုးကားၿပီး သတင္းေတြမွာ ေဖာ္ျပၾကပါတယ္။
အစိုးရ ၿငိမ္းခ်မ္းေရး ကိုယ္စားလွယ္အဖြဲ႔နဲ႔ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔ ၄ ဖြဲ႔ၾကား တ႐ုတ္ႏုိင္ငံထဲ အလြတ္သေဘာ ေတြ႔ဆံံုဖို႔ သြားေရာက္ေနပါတယ္လို႔ ျမန္မာအစိုးရ ၿငိမ္းခ်မ္းေရး အက်ိဳးေဆာင္တဦးက ဗီြအိုေအကို ေျပာပါတယ္။
ကခ်င္လြတ္ေျမာက္ေရးအဖြဲ႔ (KIO/KIA)၊ ရကၡိဳင့္တပ္ေတာ္ (ULA/AA)၊ ကိုးကန္႔တပ္ျဖစ္တဲ့ ျမန္မာအမ်ိဳးသားမ်ား ဒီမိုကရက္တစ္ တပ္ေပါင္းစု (MNDAA) နဲ႔ တအာင္းပေလာင္တပ္ (PSLF/TNLA) တို႔နဲ႔ ေတြ႔ဆံု ေဆြးေႏြးၾကမွာပါ။
ရခုိင္ျပည္နယ္တြင္းမွာ တိုက္ပြဲေတြ ျပင္းထန္ေနဆဲျဖစ္သလို ရွမ္းျပည္ေျမာက္ပိုင္းမွာလည္း စစ္ေရးတင္းမာမႈက မၿပီးျပတ္ေသးခ်ိန္မွာ အခုလို ေဆြးေႏြးမႈ ထြက္လာတာပါ။
ႏွစ္ဖက္ ေဆြးေႏြးပြဲနဲ႔ ပတ္သက္လို႔ေတာ့ အတိအက် သတင္းမထုတ္ျပန္ပါဘူး။
---------------------------------------
(Unicode)
အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နဲ့ မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ တရုတ်မှာတွေ့
မြန်မာ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် ၄ ဖွဲ့က ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမှာ ဒီဇင်ဘာလ ၁၅ ရက်နေ့ တနင်္ဂနွေနေ့က အလွတ်သဘော ဆွေးနွေးကြမယ်လို့ ကချင်လက်နက်ကိုင်တပ် ပြောခွင့်ရတဦးကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြကြပါတယ်။
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့ကြား တရုတ်နိုင်ငံထဲ အလွတ်သဘော တွေ့ဆံုံဖို့ သွားရောက်နေပါတယ်လို့ မြန်မာအစိုးရ ငြိမ်းချမ်းရေး အကျိုးဆောင်တဦးက ဗွီအိုအေကို ပြောပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA)၊ ရက္ခိုင့်တပ်တော် (ULA/AA)၊ ကိုးကန့်တပ်ဖြစ်တဲ့ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် တပ်ပေါင်းစု (MNDAA) နဲ့ တအာင်းပလောင်တပ် (PSLF/TNLA) တို့နဲ့ တွေ့ဆုံ ဆွေးနွေးကြမှာပါ။
ရခိုင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်သလို ရှမ်းပြည်မြောက်ပိုင်းမှာလည်း စစ်ရေးတင်းမာမှုက မပြီးပြတ်သေးချိန်မှာ အခုလို ဆွေးနွေးမှု ထွက်လာတာပါ။
နှစ်ဖက် ဆွေးနွေးပွဲနဲ့ ပတ်သက်လို့တော့ အတိအကျ သတင်းမထုတ်ပြန်ပါဘူး။